Monday, May 28, 2018

အကျည်းတန်​​သော အလှပဆုံးမြင်​ကွင်း ❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆ မုန်​တိုင်းကျ​သော်​ ည အရုပ်​ဆိုး အိပ်​လန့်​နိုးခဲ့ တိုး​ဝှေ့​လေပြင်း ရဲတင်းတစ်​​ထောင်​ ခုတ်​​လေ​ယောင်​သို့ ​ညောင်​အိုပင်​ကြီး ခိုင်​ဖြီးကျစ်​လျစ်​ ​ရေ​သောက်​မြစ်​တို့ အ​ဆစ်​လိုက်​ပြုတ်​ အငုတ်​သာကျန်​ ဖွာဖွာလန်​အက်​ တွဲလျက်​​ညောင့်​ရှင်​ နတ်​စင်​လည်းပြို ​ကျေးငှက်​ငိုကြ ဤမိုးညတွင်​.... ​သောကဇာတ်​အိမ်​ ဖွဲ့ကြပြီ။ ​ညောင်​ပင်​ပိ၍ ​သေသည့်​သရုပ်​ နွားသားအုပ်​မ လဲကျညိုမဲ(မည်း) ဇီးတွဲလွဲဖြင့်​ ​သေပွဲဝင်​ရ တဒင်္ဂတွင်​ ဘဝဟူသည်​ မတည်​ပိုင်​စိုး မမြဲမျိုးတည်​ ကံဆိုးကြမ္မာ သူ့လက်​ရာကို.... ဘယ်​မှာကြိုတင်​ သိအံ့နည်း။ မုန်​တိုင်းလွန်​​မြောက်​ တစ်​မိုး​သောက်​​သော်​ ခုန်​​ပေါက်​နွားငယ်​ သားသူငယ်​သည်​ ​နေခြည်​ရွှန်းပ စိမ်းမြမြက်​ခင်း အိပ်​စက်​ခြင်းမှ လွန့်​ရင်းလူးလာ ခွာကို​မြှောက်​လျက်​ ပက်​လက်​​ကော့ကန်​ ​နောက်​ပြန်​​ရှေ့တိုး ကကြိုးကပီ နရီစည်းကိုက်​ အကြည်​ဆိုက်​ရာ ဤဆည်းဆာကို ဘယ်​မှာသို့လျှင်​ ပြစ်​တင်​ရှုတ်​ချ ကျည်းတန်​စွဟု ​ဒေါသလင်္ကာ သင့်​အံ့နည်း။ မိခင်​ခ​မျာ ခန္ဓာချုပ်​ငြိမ်း ဇာတ်​သိမ်းခဲ့ဘိ တစိုးစိမျှ မသိခဲ့ငြား သားငယ်​နွားလျှင်​... ​သေသည်​ ရှင်​သည်​ ဖြစ်​တည်​ ချုပ်​ပျက်​ သူ့အတွက်​ကား တရားမမြင်​ ​ပျော်​ရွှင်​​နေရ ရွှန်းပ​နေ​ရောင်​ လူ့​ဘောင်​သာယာ ဤဆည်းဆာသည်​ သစ္စာအလင်း ​ဖောက်​ထွင်းကြည်​လင်​ ပီပြင်​လွန်းစွ ပြယုဂ်​မျှသာ သတ္တဝါတစ်​ခု ကမ္မပြုသည့်​ အနုသယ လူ့ဘဝတွက်​ အလှပဆုံးမြင်​ကွင်း တစ်​ရပ်​သာတည်း။ ။ ​ဒေါင်းနွယ်​​ဆွေ ​ဆေးရုံ​ပေါ်တွင်​ ​ရေးသားခဲ့​သော​နောက်​ဆုံးက​ဗျာစုမှ တစ်​ပုဒ်​ဖြစ်​သည်​။ ရှုမဝရုပ်​စုံမဂ္ဂဇင်း ဇူလိုင်​ ၁၉၈၅
ပန်းပွင့်​သာ​ကြွေ စာဆိုမ​သေ ❆❆❆❆❆❆❆❆❆❆❆❆ ၁ ပန်းတစ်​ပွင့်​သာ ​ကြွေခဲ့ပါသည်​ က​ဗျာစာဆို မ​သေတကား။ ၂ စာဆို​သေလည်း မ​သေစာဆို တင်​စားလိုသည်​ ​မြေကိုသက်​​သေပြု၍တကား။ ၃ သည်​​မြေမှာဖွား သည်​​မြေလားသည့်​ တရားဓမ္မ သံ​ဝေဂလျှင်​ ဘဝပင်​မြင့်​ ​လျောင်း​ကြွေလင့်​​သော တစ်​ပွင့်​မာလာ အိပ်​စက်​ရာသည်​ က​ဗျာတစ်​ပုဒ်​သာပင်​တည်း။ ၄ နိယာမလျှင်​.... ဘဝဖြစ်​ခြင်း ဆုံးပျက်​ယွင်းသည့်​ ``​သေမင်းတံတား´´ လူတိုင်းသွားရာ လမ်းပမာတည့်​ ကြမ္မာ​ခေါ်သံ နာခံ​လျောင်းစက်​ သည်​တစ်​သက်​တွင်​ ကြွင်းပျက်​ပြာကျ မြူမှုန်​စနှင့်​ ``ဘဝမာလာ´´ မနှိုင်းသာပြီ မဟာ​အောင်​ပွဲသာပင်​တည်း။ ၅ ဘဝလင်္ကာ စာလွှာပန်းခိုင်​ ``မာလာမြိုင်​´´ကား ​ဖွေနိုင်​ကြံသိ အဘိဓမ္မာ လင်္ကာငြိမ့်​​လေး အမြိုက်​​တေးတည့်​ ​သွေးသားအုပ်​ချုပ်​ စက်​ရုပ်​ခန္ဓာ မမြဲသာ​သော သ​ဘောအနက်​ ဖွင့်​ဆိုချက်​မျှ ဥပ္ပဇ္ဇတိ ဖြစ်​ဘိပျက်​ပြန်​ အဖန်​ဖန်​လျှင်​ သဏ္ဌာန်​ရုပ်​ဒြပ်​ ပန်းချပ်​ပန်းဝါ ​ကြွေကာ....​ကြွေကာ....တသည်းသည်း ​လေမှာ....​လေမှာ....တဝဲဝဲ ​မြေလွှာ....​မြေလွှာ....တဖွဲဖွဲ ရှိုက်​မစဲလျှင်​ ​ကြေကွဲသူတိုင်း မျက်​ရည်​မှိုင်းမြ လွမ်းဆွတ်​ကြသည်​ တသဝမ်းနည်း မဆုံးတည်း။ ၆ စာဆိုအတွက်​ ​ဆွေးရတက်​​ကြောင့်​ ​ကျေးငှက်​လည်းဆိတ်​ ​တောလည်းတိတ်​ခဲ့။ ၇ စာဆို့အတွက်​ ကျွမ်းရတက်​​ကြောင့်​ သစ်​ရွက်​လည်းနွမ်း စမ်း​ရေခန်းခဲ့။ ၈ စာဆို့အတွက်​ ကျွမ်းရတက်​​ကြောင့်​ မိုးထက်​​ကောင်းကင်​ ကြယ်​လည်းစင်​ခဲ့။ ၉ တကယ်​ဆိုလျှင်​ စာဆိုသင်​၏ ပန်းပင်​မျိုး​စေ့ ​လေ​ဝေ့ရာပျံ ပန်းဝတ်​ဆံနှင့်​ ညှာတံကူးလူး ပန်းဖူးဖူးကို ဆွတ်​ခူး​ဖွေရှာ ပန်းလိပ်​ပြာတို့ ​နေရာအနှံ့ ဆွတ်​ပျံ့လင်္ကာ ဝတ်​မှုန်​လွှာခင်း ကြိုင်​လွှံ့သင်း​အောင်​ စွမ်း​ဆောင်​​ရှေ့​ပြေး သင့်​​တေးလင်္ကာ ထိုပဏ္ဏာသည်​..... ​မေတ္တာစမ်းအိုင်​ဖြစ်​ခဲ့သည်​။ ၁၀ အနုပညာ သင့်​လက်​ရာကို `ဇရာ´ မနိုင်​ သူလာပြိုင်​လည်း နိုင်​ခဲ့လင်္ကာ မရှုံးပါတည့်​ ​ကောဇာသက္ကရာဇ်​ လနှစ်​​ရွှေ့​ပြောင်း စာရွက်​​ဟောင်းမှ စာ​ကြောင်းစာလုံး ပုလဲကုံးတို့ ​ရှေးတုန်းကလို နဂိုပကတိ ရှိမြဲရှိ၍ သင့်​ဝိညာဉ်​များ ယင်းကိုယ်​စားလျှင်​ ကျန်​ထားကြွင်းရစ်​ သစ်​မြဲသစ်​သည်​ ပုရစ်​ဖူးမြ ​ဝေ​ဝေတည်း။ ၁၁ သင်​ထားခဲ့ရာ ``ရတနာ´´ကား သန္တာမြရွဲ ဝတ်​လဲတန်​ဆာ မဟုတ်​ပါတည့်​ လူ့ရွာ​နေအိမ်​ ရိပ်​ငြိမ်​ဟန်​​ဆောင်​ ​လောက​ဘောင်​၏ နက်​​ယောင်​နှင့်​တိမ်​ ခြူးလိမ်​နွယ်​ခက်​ လျှပ်​တစ်​ပြက်​နှင့်​ တစ်​စက္ကန့်​တွင်း ဖြစ်​ခြင်းပျက်​ပုံ စိတ်​​ကြေးမုံ၏ ​တွေ့ကြုံခံစား တရားနှင့်​ယှဉ်​ ဝိညာဉ်​အမြု​တေ သင့်​အ​မွေသည်​ မိုး​မြေဆုံးတိုင်​ မ​ပျောက်​နိုင်​ပြီ ​ကျောက်​တိုင်​ထည်​ထည်​ ထီးထီးတည်း။ ၁၂ ​သေခြင်းတရား တံခါး...ဖွင့်​ ပိတ်​ ရင်​ထိတ်​စရာ မဟုတ်​ပါတည့်​။ ညမှာကြယ်​​ပျောက်​ ​နေ့ပန်း​ကောက်​၍ မိုး​သောက်​​သော်​မှ နိုးမထသို့ ဘဝဟူသည်​ မြချည်​လဲဝါ ပွင့်​ဝတ်​လွှာကား ​ဝေ့ရာမုန်​တိုင်း ​လေပြင်းစိုင်းရာ လွင့်​လွင့်​ပါလည်း ``စာဆို့​ခြေရင်း ​မြေတလင်းဝယ်​ ​သေမင်းအိပ်​စက်​ခြင်းသာတည်း´´။ ၁၃ သင်​မ​သေမီ ​ကေသီဆံမြင့်​ `ပန်​ပါလင့်​´ဟု တစ်​ပွင့်​ပန်းမျှ မဆက်​သမိ ခုမှသင်​​သေ ကျမျက်​ရည်​ဖြင့်​ ပန်း​ခွေချရင်း ငါ့ရင်​တွင်းဝယ်​ ခံပြင်းစိတ်​မှ လှိုက်​လှိုက်​ကြွ၍ ​နောင်​တမုန်​တိုင်း ​သောကလှိုင်းသည်​ ပြိုင်းပြိုင်းတိုက်​ခိုက်​ ပါ​လေသတည်း။ ၁၄ ငိုသံရှိုက်​သံ ဆူညံ​သောင်း​သောင်း သင့်​အ​လောင်း၏ ​ငွေ​ခေါင်းနံ​ဘေး လူ​ဖွေး​ဖွေးပြည့်​ ပို့သည့်​ဈာပန စည်​ကားစွလည်း ``ဘဝရတနာ´´ သင့်​လင်္ကာတို့ သန္တာပုလဲ ရွှန်းရွှန်းကဲသည့်​ မြရွဲစိန်​စစ်​ ​ကျောက်​ဆစ်​နီလာ သင့်​ကဗျာကို ဘယ်​ခါဖတ်​ရ ပါ့မည်​နည်း။ ၁၅ သင့်​​ကျေးဇူးကား ပျံ့ကျူးဒီပါ အလင်္ကာတည့်​ ပမာပင်​လယ်​ ဝှမ်းကျယ်​တနှိုင်း ပန်းတိုင်းပွင့်​ရာ ​မြေသြဇာသည်​ လင်္ကာ​ရေ​သောက်​ မြစ်​နယ်​တည်း။ ၁၆ ရုပ်​ကလာပ်​သာ ​လောင်​ပြာအဖြစ်​ ကြွင်းကျန်​ရစ်​လည်း သစ်​ခဲ့လင်္ကာ သင့်​က​ဗျာမူ စိုကိထူ​မော်​ကွန်း ခိုင်​ခိုင်​တည်း။ ၁၇ စာဆို​သေလည်း မ​သေစာဆို တင်​စားလိုသည်​ ​မြေကိုသက်​​သေပြု၍တကား။ ဪ..... ပန်းတစ်​ပွင့်​သာ ​ကြွေခဲ့ပါသည်​ က​ဗျာစာဆို မ​သေတကား။ ။ ​ဒေါင်းနွယ်​​ဆွေ က​ဗျာ့ပုလဲကုံး ၊ ရှုမဝ(၁၉၅၉)

Saturday, May 19, 2018

နိုးလျက်​နှင့်​ အိပ်​​မောကျ၍​နေသူ ❆❆❆❆❆❆❆❆❆❆❆❆❆❆ ချစ်​သူ့အိပ်​မက်​ အဆိပ်​ခွက်​သည်​ ​နေထွက်​​သောခါ နံ့သာ,​ရေ​မွှေး ဖြစ်​နိုင်​​သေးလည်း ငါ့​တေးလင်္ကာ က​ဗျာ​စောင်းကြိုး နှိုင်းတိုင်းမရ အိပ်​​မောကျ၍ ​လောကကျိန်​စာဖြစ်​ခဲ့၏။ ကျိန်​စာပြယ်​​အောင်​ ဟန်​​ဆောင်​စိုးမိုး ​ဒေါသငြိုးဖြင့်​ တန်​ခိုးအာဏာ ဘယ်​အရာမျှ ချိုမြသံသာ ငါ့လင်္ကာကို ​မေတ္တာဝိညာဉ်​မသွင်းနိုင်​။ ငါ့လက်​​ချောင်းအား နီ​မောင်း​သော​သွေး ပူ​နွေး​သောအသည်း စမ်း​ရေထဲမှာ ​ဆေး​ကြောပါလည်း လွန့်​လှာမလှုပ်​ ဇာတ်​​ကြောင်းမြှုပ်​၍ ​ကျောက်​ရုပ်​အသွင်​ ငြိမ်​သက်​ချင်​၏။ အ​ပေါ်ယံမှ ဘဝဇာတ်​စင်​ အလှပြင်​လည်း အမြင်​​မှောက်​မှား ​ချောက်​ကမ်းပါးဝယ်​ တရားနက်​နဲ အသိလွဲကြ ​လောကငိုသံ ဆူဆူညံကို ရယ်​သံအဖြစ်​ ဇွတ်​နှစ်​​ပြောင်းလွဲ ဇာတ်​​ခေါင်းကွဲလျက်​.... ငရဲကိုပင်​ နိ​ဗ္ဗာန်​ထင်​​သော်​ ငါလျှင်​မထ အိပ်​​မောကျ၍ ​ဒေါသကျိန်​စာ ငါ့က​ဗျာကို ရင်​မှာသိုသိပ်​ အိပ်​​စေတကား။ ။ ​ဒေါင်းနွယ်​​ဆွေ ရှုမဝရုပ်​စုံမဂ္ဂဇင်း/နိုဝင်​ဘာ ၁၉၆၃

Friday, April 13, 2018

ပိ​တောက်​နှင့်​ပတ်သက်​​သော ဆရာ​ဒေါင်းနွယ်​​ဆွေ၏ ကဗျာနှစ်​ပုဒ်​ ပိတောက်ပွင့်တူ မယ့်ချ စ်သူ ~~~~~~~~~~~~~~~~~~~ * ဆောင်းလည်းနှောင်း၍ ညို မောင်းချ ပ်ဆင် မိန်အဝင်ဝယ် သဇင်လည်းသိမ်း မြူ ရိပ်ငြိမ်း၍ မြစိမ်း ဝတ်လွှာ ဤကမ္ဘာကို သန္တာ တစ်ခြမ်း နွေရိပ် လွှမ်းသော် စိမ့်စမ်း ကွေ့ကောက် လမ်းတစ်လျှောက်ဝယ် ခန်းခြောက်ရေအိုင် သေလာမြို င်က လွမ်းနိုင် သသူ မ ရှိ မူ လည်း တေးကြူ သာနှော နွေဥသြသာ လွမ်း လ င်္ကာ ကို သီ ကာ ဖွဲ့ ဖွဲ့ နွေ နွေ ကျူး ။ နွေဥသြ ဆင့် မကြာလင့်မီ ပွင့်ခဲ့ ပိတောက် သုံးကြိမ်မြောက်ခဲ့ ဆံတောက် ဆံကေ ရွှေ ……… ရွှေ ပိတောက် ဝေဝေလှောက်၍ ချွေ ကောက် အ ပြို င် မော ပါ နိုင် ခဲ့ တစ်ခိုင်ဆိုလျ က် တစ်ခက် ထပ်ခူး ငုံ ဖူး ဝါဝါ လှပါသလေး မလှသေးနှင့် ချ ယ်ရွေး မဆုံး လှ အ ပြုံးဖြင့် တစ်ကုံး ဆို လျှ င် မတန်ချ င်ပြီ တစ်ပင်လုံးဆွတ် …………… ခြွေခြွေခူး ။ သူ့ထက် ငါဦး လက်ချ င်းလူး၍ ခူး ပိတောက် ခိုင် ပွေ့ မနိုင်စွ ယင်းကာလတွင် ရေစင် ဇလား သွန်းဆွတ် ငြားသော် ကျောများဒိုးယို စိမ့်စိမ့် စို ကာ ရေချို တစ်စက် ဘယ်သူ ပက် ၍ သျှ င့် မျ က် နှာ ဝယ် ရှက်သွေး ခြယ်ရ လက်ဝယ်ပွေ့ကိုင် ပိတောက်ခိုင်ကို မနိုင် ပစ် ချ ရှက် ဒေါ သ နှင့် လှည့်ကြည့်လင့်သော် သ ခင့် မျ က် နှာ ဝင်းဝင်း ဝါ ကြောင့် ရင်မှာ သိမ့် သိမ့် ……………… ဝေဝေမူး ။ ။ …………………………………………………………… ဒေါင်းနွယ်ဆွေ မိုးသောက်လင်္ကာပန်းကဗျာများမှ ________________________________________ အရှက်ပြေ ပိတောက်ပန်း ~~~~~~~~~~~~~~~~~ * တစ်ခိုင်ခူးမယ်လို့ မြို င်ဦးသာယာဖွေခဲ့ ညှာညှာပြေ ဝါဝါရွှေ သင်းဝေလှောက်ပါတဲ့ ပိတောက်ပင် မရောက်ခင် စစဦးမှာ ဖူးလွလွ ခူးရရ ချို င်မယ်ကြံ ။ ပင်ယံမှာ သူတို့ဝိုင်းနှင့်ကြ မြကိုင်းကုန်ကုန်ကြွေ၍ သုန်သုန်လေ မွှေမနှောက်သော်လဲ လုံလုံမေ ချွေ မလောက်ပြီဘု တစ်ယောက် တစ်ခိုင် ပိတောက်မြို င် ကုန်လောက်ပြီပ ပိတောက်တစ်ခိုင် နှစ်ယောက်ဆိုင်ဆုံလုမောပြီမှ ပြေးခဲ့ရ ဝေးပြပြ လေးနှမ သူ့အထံ ။ သောင်းသောင်းညံ သောသောလှုပ် ခြေဆစ်မြှု ပ် ရေစင်အိုင်နှင့် ဒိုးပတ်ယိုင် ကိုးရပ်ပြို င် တိုးကြပ်လူလှိုင်လှိုင်ပ ကွမ်းတောင်ကိုင် မရွှေဒွေး ဝိုင်းပါကြလေး ဆိုတေးညီညီ တိုင်ကြ ခေါင်းမနိုင် ဆံတောက်ဦးမှာလဲ ပိတောက်ဖူး ဝါဝါ မြင်မိ ဘယ်သူဆင် ဘယ်သူပေးပါလိမ့် ဆွေးသိမ့်သိမ့် မျ က်ရည်လျှံ ခက်ပွေပြန်ပါဘိ မိတစ်ပါး ။ မျ က်ထားသိုသို ရွှေစိတ် မှောင်မှောင်ညို မှ လှောင်လှောင်ချို ရယ်သံစရယ်နှင့် လေးနှမ ပြေးအက ယိုင်ယိုင်လာ၍ ငိုင်ငိုင်ကာ မက်မက်မပြုံးသာတဲ့ ရှက်ရှက်တုံး ကိုလူညို သို့ ကျောဒိုးယို ရေစင်ပေါက်အောင် ကျောက်စက်ရေ မြမြမွှန်း သွန်းစိမ့်စိမ့် သည်လိုဖြေမှ အရှက်ပြေ ဖြေစတမ်းရယ်လို့ ကျ မျ က်ရေ ကြွေတစမ်းရယ်နှင့် လှမ်းအပေါက် ပန်းပိတောက် ထိလေမလား ။ ။ …………………………………………………………………… ဒေါင်းနွယ်ဆွေ ရှုမဝမဂ္ဂဇင်း ဧပြီလ ၁၉၅၆ ဒေါင်းနွယ်ဆွေ ကဗျာပေါင်းချု ပ် _________________________________

Sunday, March 25, 2018

ြ်​မပုဝါနှင့်​ ယက္ကန်းသမား ❆❆❆❆❆❆❆❆❆❆❆ ပိုးဇာ​ပေါက်​ပန်းလွန်းအိမ်​ ရှုပ်​လိမ်​လို့​ထွေး။ ။ ​ရွှေမြှင်​ကို,​ငွေမြှင်​ယှက်​တယ်​ လွန်းယက်​​ဖောက်​​ပြေး။ ။ သက်​တန့်​ကြိုး သီ​ရွေးသယ်​ ချည်​ရှယ်​ဖွဲ့ယက္ကန်း။ ။ တလွှာကို,နှစ်​လွှာထပ်​တယ်​ ပိုးစပ်​ကွက်​ဆန်း ။ ။ ​ရွှေလက်​ခပ်​ ယဉ်​သွားတိုင်​ လှုပ်​ယိုင်​လို့ယိမ်း။ ။ ယက္ကန်းရှင်​ ခါးကိုနွဲ့ရင်​ ညွှတ်​သွဲ့သွဲ့တိမ်း။ ။ ​ရွှေခလုတ်​ ​မောင်းလွန်းပြန်​ လက်​တန်​က​သေး။ ။ ချည်​ဖန်​ကာ ဝါမဖတ်​တယ်​ ကြိုးပြတ်​မယ်​​လေး။.။ နဂါးရစ်​ လွန်းတရာ ပိုးလွှာ​ကြော့ကြစ်​ကြိုး။ ။ ပြပုဝါ အရှည်​ဆန့်​ရင်​ ပြန့်​ပြန့်​ထိမိုး။ ။ ချစ်​သူရဲ့ လွမ်းလက်​​ဆောင်​ တိမ်​​တောင်​ရဲ့အ​သွေး။ ။ ​ကြော့လည်​တိုင်​ ခိုင်​ခိုင်​ညှစ်​ကာ စည်းရစ်​မယ်​​လေး။ ။ ဘယ်​​တော့မှ ​မောင့်​ပုဝါ ပြီးပါစ​မေး။ ။ နှစ်​များစွာ ကြာမှပြီးမယ်​ ခရီးက​ဝေး။ ။ ယက္ကန်းသမား ပညာရှင်​ အို.....အသင်​,ဘယ်​သူနည်း။ ။ ပင့်​ကူ​မောင်​ ထိုခါမှ ချည်​စကိုအသာမြှင်​၍ မနားချင်​နားချင်​လှရယ်​ဖြင့်​ မကြွားချင်​ ကြွားချင်​သပရယ်​နှင့်​ ပြုံးပြ​လေသတည်း။ ။ ဆရာ​ဒေါင်းနွယ်​​ဆွေ
ဆရာကြီး​ဒေါင်းနွယ်​​ဆွေ၏ ​စောင်းညှို့သံကာချင်းကို အတု​ယူ​ရေးမိတဲ့ ဒုတိယအပုဒ်​​လေးပါ ပန်းလိပ်​ပြာသို့ ❀❀❀❀❀❀ အိုဘယ့်​ လိပ်​ပြာ ပန်းမာလာ၏ သင်းဖြာဝတ်​ရည်​ ချိုမြကြည်​ကို သင်​သည်​​သောက်​သုံး ​သင်​စားသုံး၍ ​ရှောင်​ပုန်းမည်​​လော ပုန်းမည်​​လော။ ပုန်း​လေ​လော့ ပုန်း​လေ​လော့။ အိုဘယ့်​,လိပ်​ပြာ ပန်းမာလာ၏ ပွင့်​လွှာပန်းခက်​ အလှပျက်​​အောင်​ သင်​ဖျက်​ဆီးကာ ​ဝေးကမ္ဘာသို့ ​ရှောင်​ခွာမည်​​လော ​ရှောင်​မည်​​လော။ ​ရှောင်​​လေ​လော့ ​ရှောင်​​လေ​လော့။ အိုဘယ့်​,လိပ်​ပြာ ပန်းမာလာ၏ ပွင့်​လွှာတင့်​ဆန်း လွင့်​​ကြွေနွမ်း​အောင်​ အနမ်းအ​တွေ့ အဆိပ်​​ငွေ့နှင့်​ ​ထွေး​ပွေ့မည်​​လော ​ပွေ့မည်​​လော။ ​ပွေ့​လေ​လော့ ​ပွေ့​လေ​လော့။ အို...လိပ်​ပြာငယ်​ လှမျိုးကြွယ်​​၍ ဝင့်​ထည်​​စေ​သော ပန်းရုံ​တောကို သ​ဘောစိတ်​ကြိုက်​ ​စိတ်​ရိုင်းမိုက်​နှင့်​ သိမ်းပိုက်​မည်​​လော သိမ်းမည်​​လော။ သိမ်း​လေ​လော့ သိမ်း​လေ​လော့။ သဘာဝနှင့်​ အလှဆင့်​၍ တင့်​တယ်​ပန်းရုံ အလှစုံကို ဘယ်​ပုံဘယ်​နည်း သင်​ဖျက်​ဆီး၍ ပျက်​ဆီးမည်​​လော ပျက်​မည်​​လော။ ပျက်​မည်​​လော့ ပျက်​မည်​​လော့။ အိုဘယ့်​,လိပ်​ပြာ အဆိပ်​ပါ​သော မာယာနှုတ်​ခမ်း သင့်​အနမ်း​ကြောင့်​ ​ကြွေနွမ်း​စေမည့်​ ပန်းမရှိကို သင်​သိမည်​​လော သိမည်​​လော။ သိမည်​​လော့ သိမည်​​လော့။ ​အောင်​​ဆွေ ၁၇.၃.၂၀၁၈

Friday, March 9, 2018

စောင်းသံ​ပျောက်​​သော တမိုး​အောက်
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆


စောင်းကိုငင်​၍
သခင်​သည်​မှာ....အိပ်​စက်​ပါ​လော့။

သခင်​လာလျှင်
မယ့်​ဆံပင်​ကို
မြေတွင်​ပြန့်​ပြန့်​..ခင်းပါမည်​။

သခင့်​​ခြေကို
မျက်​ရည်​နှင့်​​ဆေး  မယ်​မယ်​​ထွေးလို့
နွေး​စေပါမည်​....သခင်​။

သခင့်​အတွက်
ရေတခွက်​ကို   ​ရွှေလက်​နှင့်​ကိုင်
ညလုံးထိုင်​၍....​စောင့်​ပါမည်​။

မီးအိမ်​ထွန်းကာ
စောင်းသံသာကို    ပိုးဝါကြိုးဆင်
မြမြလွင်​​အောင်​    သခင်​တီးခတ်
စောင်းကြိုးပြတ်​လျှင်​   မငြိုငြင်​ပါ
တပင်​ပြန်​ဆက်​    သခင့်​လက်​ကို
နမ်းလျက်​​ဖြေသိမ့်​....​ပေးပါမည်​။

အို...တညတာလုံး    ​မောင့်​လက်​ရုံးမှာ
မှီအုံးအိပ်​စက်​   နိုးတဝက်​ဖြင့်
သခင့်​​စောင်းသံ     ခြူးခြူးညံကို
နာခံ​တော်​သွင်း    တမိုးလင်းမှ
ရင်​တွင်းလှုပ်​ရှားမိပါသတည်း။

ညကသခင်​    အို​စောင်းရှင်​ရယ်​....
အသျှင်​ဘယ်​​ရောက်​   ​စောင်းသံ​ပျောက်​၍
သောက်​​ရေခွက်​ခမ်း    ကိုယ်​လည်းနွမ်းလျက်
မီးခွက်​လည်းငြိမ်း     ခန်းဆီးယိမ်းကာ
ရှောင်​တိမ်းဘယ်​ဆီ   သွား​လေပြီနည်း။

နေနီဝန်းစက်​     ​ရှေ့မှထွက်​ခဲ့
တရက်​လာနိုး    ငံ့လည်​ကျိုးဖြင့်
မိုးချုပ်​တိုင်​ထိ    လွမ်းတမိမှာ
နွမ်းယိ​ကြွေသဲ.....လှပ်​လှပ်​တည်း။

စောင်းကိုငင်​၍
သခင်​ဘယ်​မှာ....​ပျောက်​ကွယ်​ပါလိမ့်​။ ။

ဒေါင်းနွယ်​​ဆွေ
____________________

ဒေါင်းနွယ်ဆွေ
**************
မီးပုံးပြာပြာ  မောင်မလာ
***********************

စီကာရီကာ   ဝရန်တာမှ
မီးပြာကြယ်အိမ်   လေမငြိမ်သော်
စိုးရိမ်ခင့်လက်   ဖယောင်းစက်ထိ
ပူလောင်ဘိလည်း   ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ၊

ဟို … တစ်နှစ်က
ပျိုချစ်တဲ့မောင်
သန်းခေါင်ချိန်းချက်   ညဥ့်နက်နက်မှာ
သူလာလေမလား   စကားယုံကြည်
မတည်ကတိ   ယွင်းလေဘိ၍
ထွန်းညှိမီးပုံး   တစ်ညလုံးလျှင်
ခွေနုံးနွမ်းကာ   ဝရန်တာတွင်
ရှိုက်ကာ ငိုခဲ့ရသရှင့် ၊

ဪ …
မနေ့တုန်းက   ဖိတ်စာရခဲ့
သည်ညဆိုလျှင်   တစ်နှစ်ပင်တည့်
စေ့စေ့ပြည့်၍   ချစ်သည့်မေ့မောင်
ဤသန်းခေါင်မှာ   မင်္ဂလာည
လှပနှုတ်ခမ်း   ငွေလခြမ်းတွင်
အနမ်းမုန်တိုင်း ဆင်ရော့မည် ၊

အို …
မီးပုံးပြာပြာ   ယိမ်းနွဲ့ကာလျှင်
လေမှာမငြိမ်   လင်းချည်မှိန်သော်
စိုးရိမ်ခင့်လက်   ဖယောင်းစက်ထိ
ပူလောင်ဘိလည်း   ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ။   ။

(ဒေါင်းနွယ်ဆွေ)

#######


________________

ဒေါင်းနွယ်ဆွေ
**************
မျဉ်းနှစ်ကြောင်း ဖီလာဝေး
*************************

တိမ်ကို တိမ်နှင့်
စေသဖြင့်လည်း
သခင့်စကား … မကြားရပြီ ၊

လေကို လေနှင့်
စေသဖြင့်လည်း
သဇင့်စကား … မကြားရပြီ ၊

တိမ်ကို လေနှင့်
စေသဖြင့်လည်း
တစ်ဆင့်စကား … မကြားရပြီ ၊

ဪ …
တိမ်ကတစ်လမ်း   လေတစ်လမ်းတည့်
ကြမ်းတမ်းကောင်းကင်   ကျောကုံးပြင်ဝယ်
ဖိတင်လေးလံ   ရှိုက်သံမျှင်ချည်
ရိပ်ခြည်နွယ်ပြက်   ကြားနိုးခက်ခဲ
တိမ်ယက်ဇာတန်း   လေမျက်ကန်းဝယ်
စခန်းမတွေ့   လွမ်းသရွေ့ဖြင့်
ကျွမ်းကြွေလွင့်ပါး   ခရီးလျားခဲ့
အသွားအပြန်   စုန်ဆန်တက်ဆင်း
အလင်းလက်လက်   မှောင်နက်နက်လျှင်
ကြင်ခက်ဖွေရာ   မိုးလဟာဝယ်
လိပ်ပြာမောနွမ်း   ရှာတိုင်းပန်းသည်
နှစ်လမ်းမျဉ်းကြောင်း  ဖီလာဝေးဝေးတကား ။   ။

(ဒေါင်းနွယ်ဆွေ)

#######
_____________

နန်းထိုက်တော်သဇင်

သင်းသဇင်
မင်းဘုရင် စံဝင်ထိုက်လေတဲ့
နန်းကြိုက်တော်သုံး။

ပွတ်လုံး ရွှေပလ္လင်နှင့်
နွေသဘင် အချိန်နှောင်းလေမှ
ဆောင်းအဝင် နတ်တော်ဆန်းလေပေါ့
နန်းတမော့ ရုံးစုညီ
စာဆိုသီသည့် လင်္ကာကုံး။

နှလုံးမင်ရည်ဖျော်၍
သိင်္ဂီလှော်ရွှေကညစ်ရယ်နှင့်
လမ်းသစ်ကြို နန်းဗဟိုနာရီစောင်းသော်လည်း
အဟောင်းကို မေ့နိုင်စွမ်းပြီဘု
နွမ်းသယောင်
လွမ်းကလောင် မျက်ရည်ဆင်းရတယ်
နှင်းရည်ခ မင်းပြည်မ ရှေးအစဉ်အလာထုံး။ ။

ဒေါင်းနွယ်ဆွေ
(မိုးသောက်လင်္ကာ ပန်းကဗျာများ မှ)
_____________________________

ဒေါင်းနွယ်ဆွေ
**************
စာဆိုဟူသည်ကား
*****************

ကညစ်တစ်လက်
ပေတစ်ရွက်ဖြင့်
အသက်  စတေးခဲ့ကြသည် ။

သမိုင်းပေးတာဝန်
မြတ်ကျေပွန်သည်
လူချွန်  စာဆိုတော်ပေတကား ။

ကလောင်တစ်လက်
မင်တစ်စက်ဖြင့်
စာဖျက် ပေဖျက်   အဆိပ်တက်၏ ။

သမိုင်းပေးတာဝန်
မကျေပွန်က
လူလွန်လူညံ့  သာတကား ။   ။

"ဒေါင်းနွယ်ဆွေ”

(၁၉၆၈ ခု ၊ စာဆိုတော်နေ့သို့)

#######

Sunday, March 4, 2018

ဆရာ​ဒေါင်းနွယ်​​ဆွေ၏ ​ဆေးရုံ​ပေါ်မှာ​ရေး​သော ​ခေါင်းစဉ်​မဲ့ကဗျာသုံးပုဒ်​ကို စုစည်းတင်​ပြ​ပေးလိုက်​ရပါသည်​။


ကညစ်​တစ်​လက်
ပေတစ်​ရွက်​ဖြင့်
အသက်​စ​တေး ​သွေးအလင်္ကာ။

သမိုင်း​ပေးတာဝန်
မြတ်​​ကျေပွန်​မှ
အမွန်​စာဆို
ကြည်​ညိုဦးခိုက်​   ကန်​​တော့ထိုက်​၏။

က​လောင်​တစ်​လက်
မင်​တစ်​စက်​ဖြင့်
စာဖျက်​​ပေပျက်​    အဆိပ်​တက်​၍
အိပ်​မက်​​ဝေစား   ပြည်​သူကြားတွင်
ဝိုးဝါးစမ်း​လျှောက်​    လမ်း​ပျောက်​​သောသူ
စာ​ဆိုဟူက  ရှက်​ဖွယ်​​ပေါ့။   ။

ဆရာ​ဒေါင်းနွယ်​​ဆွေ
ဆေးရုံ​ပေါ်တွင်​​ရေးသားခဲ့​သော​နောက်​ဆုံးကဗျာစုမှ တစ်​ပုဒ်​။
ခေါင်းစဉ်​​ရေးသားထားခြင်းမရှိ။ ရှုမဝရုပ်​စုံမဂ္ဂဇင်း/ ၁၉၈၆ ​မေလ
___________________________________________

ပန်းငုံဖူးတို့
ထုံကြူးရနံ့  မြဲပါ့မလား။

အမြင့်​ပန်းတို့
စွင့်​လန်းထာဝရ တည်​ပါ့မလား။

မ​ကြွေရွက်​သို့
မြေမသက်​ဘဲ   ရှိပါ့မလား။

ပန်းသဘာဝ   နိယာမဖြင့်
လောကဖြစ်​ပျက်​     ​ကြောင်းဆက်​တရား
ကျိုးဆက်​များကို.....
ကိုးကားဆင်​ခြင်​   သုံးသပ်​​သော်​။

နိယာမလျှင်
အလှသစ္စာ    ဇာတ်​ဆရာတည့်
ပွင့်​သာပွင့်​​လေ   မ​ကြွေ​စေရ
ဗီဇနတ္ထိ    မရှိခဲ့​လေ
ပွင့်​စမ်း​ကြွေလိုက်​    ထိုစရိုက်​ဖြင့်
ပြန်​ပွင့်​ပြန်​​ကြွေ     ​ရေ​မြေမဆုံး
စက်​ဝိုင်းကုံးလျှင်​     လင်္ကာတစ်​ပုဒ်
ပန်းဇာတ်​ထုပ်​တည်း။ ။

ဆရာ​ဒေါင်းနွယ်​​ဆွေ
ဆေးရုံ​ပေါ်တွင်​​ရေးသားခဲ့​သော​နောက်​ဆုံးကဗျာစုမှ တစ်​ပုဒ်​။
ခေါင်းစဉ်​​ရေးသားထားခြင်းမရှိ။ ရှုမဝရုပ်​စုံမဂ္ဂဇင်း/ ​အောက်​တိုဘာ ၁၉၈၅
___________________________________________

ကဗျာအစ    စာလုံးလှလည်း
ရသမပါ      ရင်​မှာဟင်းလင်း
အကြွင်းသုည     လပြည့်​ညမှာ
မိုးကြီးရွာသို့      တိမ်​လွှာမည်း​မှောင်
လ​ရောင်​မှုန်​ပျ    လျှပ်​စ,အလင်း
ဝင်းခနဲပြက်​     မြင်​ရခက်​ဘိ
မရှိမ​တွေး      တိမ်​​ပြေး​နောက်​မှာ
မိုးမပါ​ချေ
ရွာပါ​သော်​လည်း   ​လေသည်းသည်း။

ကဗျာအလယ်
နေစွယ်​ပိတ်​​သော    မြိုင်​နက်​​တောသို့
ပျောက်​​သောလမ်းစ    ​ရှေ့မှပိတ်​ဆီး
တောင်​ကြီးဖီလာ     ကာရန်​နွယ်​ကြိုး
တိမ်​ခိုးလွင့်​ပျံ     အသံမဲ့သီချင်း
အလင်းမဲ့အရိပ်​     အဆိပ်​မဲ့​မြွေ
ခွေကာခြိမ်း​ခြောက်​      ​ပေါက်​​သော်​မထိ
မရှိရင်​ထဲ      ကာရန်​မွဲစွ
ကဲ..... ဒါကဗျာဆိုရင်​  ခက်​ပါ​ရော။

ကဗျာပြီးဆုံး
စာလုံး​တွေသာ     ခုန်​​ပေါက်​ကာနှင့်
ဘာမျှမကျန်​     ရင်​ခုန်​ရန်​ပင်
တွေးမျှင်​ကြိုးစ   ဆက်​မရပြီ
လက်​မှလွတ်​ကျ    ဖန်​ကွဲစ,လို
ကြွေမွလွင့်​စင်​  ပြန့်​ကျဲ​နေ။

ကဗျာမဟုတ်
စက္ကူစုတ်​ကို     ​ဆေးသုတ်​​ရောင်​ခြယ်
လွင့်​ပြယ်​စာလုံး     ဆက်​ထုံးအ​တွေး
အ​ရေးမပီ       ​တေးမသီတတ်
အမြီးပြတ်​မြင်း     ခုန်​​ပေါက်​ခြင်းသို့
မြင်​ကွင်းမလှ     ​သေးသိမ်​စွတည့်
လောကရှက်​ခြင်း    ကုန်​​လေပြီ။ ။


ဆရာ​ဒေါင်းနွယ်​​ဆွေ
[ ​ခေါင်းစဉ်​​ရေးသားထားခဲ့ခြင်း မရှိပါ ။]
ရှုမဝရုပ်​စုံမဂ္ဂဇင်း နိုဝင်​ဘာ  ၁၉၈၅

မည်​သူမဆို copy/ save/ share လုပ်​နိုင်​ပါသည်​။

ဆရာ​ဒေါင်းနွယ်​​ဆွေ၏ ကဗျာ​ပေါင်းချုပ်​စာအုပ်​မှ ကူးယူတင်​ပြအပ်​ပါသည်​။

ရင်​ခွင်​သစ္စာ (ကျိုက်​လတ်​)
ကျိန်​စာသင့်​​သော လက်​များ
[ကဗျာခိုး​သော သီချင်း​ရေးသူ..သို့]
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆


ကဗျာကို​တေး   သီချင်း​ရေးသည်
က​လေးရယ်​သံများနှယ်​တည်း။

နတ်​သျှင်​​နောင့်​​တေး   နဝ​ဒေးပျို့
စာဆို့လက်​ရာ    ပန်းကဗျာကို
လင်္ကာသူခိုး    သူမိုက်​မျိုးတို့
စောင်းကြိုးပဲ့တင်​   သီချင်းပြင်​၍
ထင်​​ပေါ်​ကျော်​ကြား   ``ငါတကား´´ဟု
သူများဦး​နှောက်​    ထုတ်​ယူ​ဖောက်​ကာ
ကောက်​ကျစ်​စဉ်းလဲ     အသံမွဲဖြင့်
လေထဲမှာ​အော်​     တ​ကြော်​​ကြော်​လျှင်
ဝင့်​​ပျော်​ပလွှား     ​မော်​​မော်​ကြွားလည်း
ငါကားစိတ်​ပျက်​    ရှက်​ကြီးရှက်​စွာ
လက်​ကိုတုံးဆင့်​     ကျိန်​စာသင့်​​အောင်
ဓားနှင့်​ပိုင်းပိုင်းဖြတ်​ချင်​တကား။ ။

ဆရာ​ဒေါင်းနွယ်​​ဆွေ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;::::::::";;;;;;;:::::::::::;;;;;;;;;;;;;;::;;:;;:;;:;:;:;;

ပိုးဟပ်​ဖြူနှင့်​  ပင့်​ကူနီ
❆❆❆❆❆❆❆❆❆❆

ပိုးဟပ်​ဖြူလျှင်
စာအုပ်​စင်​ကြား     တိုးဝင်​သွားလျက်
သူ့တွက်​ဘာမျှ     သုံးမကျ​သော
လောက​ရေးရာ     စာမျက်​နှာနှင့်
ကဗျာကျမ်းကြီး      ရွံမုန်းတီးစွာ
ဖျက်​ဆီး​ချေမွ        အားမရ​သေး
ကပ်​တွယ်​​မှေးကာ    လွန်​ကဲစွာလျှင်
တိုင်​တွင်​ချိတ်​ထား     အင်္ကျီများနှင့်
ပိုးသားပုဝါ        ကတ္တီပါမျှ
မကျန်​ရ​အောင်​     ညအ​မှောင်​ထဲ
မိုက်​ရူးရဲဖြင့်​      ကိုက်ြ​ဖဲဆုတ်​ဖြတ်​  တတ်​​လေသည်​။

ပင့်​ကူနီကား
ခန့်​ညားတည်​ငြိမ်​      ပိုးကြိုးအိမ်​သွယ်
ပရိယာယ်​ဖြင့်​       အသင့်​​စောင့်​စား
ပိုးဟပ်​များ၏       ယွင်းမှားလိမ်​​ကောက်
သွေးနည်း​ကြောက်​​သော     ဦး​နှောက်​တို့အား
ကိုက်​​ဖောက်​စားကာ       သူသာအမြဲ
အောင်​ပွဲကြိမ်​ကြမ်​ ခံသတည်း။

အို...ပင်​ကူနီ
အတီ​ရှေးက    ဓမ္မစဉ်​လာ
ဆုံးဖြတ်​ပါမူ     ပိုးဟပ်​ဖြူကား
သနားစရာ      သတ္တဝါတည့်
သင်​သာ ငမိုက်​     တိုက်​ခိုက်​ဆိုးဝါး
တစ်​ပါးသူ့သက်​    ရက်​စက်​လှစွာ
သတ်​ဖြတ်​ပါလည်း      ငါတစ်​မူကား
သင်​အား ချီးကျူး      ဂုဏ်​ဘွဲ့ထူးပင်
နှင်းဆက်​ချင်​၏     အိမ်​တွင်​​နေလျက်
အိမ်​ကိုဖျက်​၍      အိမ့်​ကျက်​သ​ရေ
ဆုတ်​ယုတ်​​စေကာ     ​တွေ့ရာဖျက်​ဆီး
မိုပ်​လုံးကြီးသူ       ပိုးဟပ်​ဖြူအား
စား​လေ ​သောက်​​လေ     တိုက်​ခိုက်​​လေ​တော့
မြေနှင့်​​ကောင်းကင်​     တရားခွင်​ဝယ်
အသင်​သည်​သာ     မဟာသူရဲ​ကောင်း
ဖြစ်​ခဲ့​ကြောင်းကို        နှစ်​​ထောင်းသြဘာ
ထောက်​ခံပါသည်​.......
သစ္စာ​သွေး​ရောင်​  လွှမ်းသတည်း။ ။

မိုး​သောက်​လင်္ကာပန်းကဗျာများ မှ
ဆရာ​ဒေါင်းနွယ်​​ဆွေရဲ့ ကဗျာ​ပေါင်းချုပ်​မှကူးယူတင်​ပြပါသည်​။ ။
::::;;;;;;;;;;;;;:::::::::;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
အစ်​မ May Ooထံမှကူးယူ​သော ကဗျာပါ

မည်သူမဆို မျှဝေ share ယူနိုင်ပါသည်

အိပ်မက်မပြယ်မီ
💫🌟💫🌟💫🌟💫
[ တည်ထွင်မှုနှင့် အစဉ်အလာ]

{ ၁ }
ရှာကြသည်တည့် ၊
ဖွေလှည့်အိပ်မက် ၊ တမှေးစက်မျှ
ပင့်သက်လေးလံ ၊ သန်းယံသနွဲ
မဝေခွဲတတ် ၊ ကြေကွဲမြစ်ကမ်း
မျက်ရည်လျှမ်းဖြင့် ၊ ' နာမ် ' ရွက်ဖွင့်၍
လွင့်ခဲ့မျောမျော ၊ ငိုရင်းမောမှ
" သောက " သောင်ဦးတွေ့ရသည် ။  ။

{ ၂ }
မရောက်မီက ၊ ဇောလျလျလည်း
" သောက " သောင်ဦး ၊ မဆန်းထူးပြီ
အရူးစိတ်တူ ၊ ကဲ့ရဲ့သူတို့
ရယ်မူရယ်ကြ ၊ တဒင်္ဂဝယ်
ငိုကြငိုမိ ၊ နောက်ကျိကျိ ရှင့်
လာဘိခရီး ၊ တဝက်နီးမှ
ပြန်ပြီးလှည့်ကွေ့ ၊ ဖွေမတွေ့နိုး
ဇနောင့်စိုးဖြင့် ၊ ကိုးရာမဲ့ဆည်
ယုံကြည်ချက်ကင်း ၊ ဆန့်ကျင်ခြင်းတွက်
ငိုရင်းရယ်ရမိသေးသည် ။  ။

{ ၃ }
သြော်.. အပြင်ရံကား ၊ သဏ္ဍန်မာကျော
သဘောဝေဖန် ၊ ခက်ခဲရန်တည့်
ပြန်တပြောင်းပြောင်း ၊ အောင်းတမြေ့မြေ့
ရှာရင်းဝေ့လည် ၊ ရှည်ခဲ့ဇာတ်ကြော
မျောခဲ့ဇာတ်အိမ် ၊ ကြိမ်ခဲ့ဇာတ်ကြမ်း
နွမ်းရင်းလည်းနွမ်း ၊ ပမ်းရင်းပမ်း၍
လှမ်းလည်းလှမ်းခဲ့ ၊ တလမ်းငဲ့ကွေ့
တလမ်းတွေ့ပြန် ၊ မဟန်ချေဘူး
တဖန်ကူးမိ ၊ ဖွေမရှိမှ
လေသည့်ဝိညာဉ် ဝမ်းနည်းသည် ။  ။

{ ၄ }
မှားခဲ့သည်ကို
ဒိုးယိုစီးကျ ၊ မျက်ရည်စဖြင့်
လောင်းချဆေးကြော ၊ ရအံ့လောဟု
တွေးမောကြေကွဲ ၊ တဖြစ်လဲခဲ့ ။
ရှာဆဲနိဂုံး ၊ မဆုံးနိဒါန်း
ကြောင်တောင်ကန်းသို့ ၊ သဲပန်းမေတ္တာ
ပွင့်ကဗျာကို ၊ သစ္စာချိန်ခွင်
ရွေး, စက်တင်ရန် ၊ ငြင်းဆန်သူနှင့်
ရယ်သူနှင့်တည့် ၊ ကြာမြင့်ခဲ့ပြီ
ချဉ်ဆီရိုးတွင်း ၊ သည်းခံခြင်းကား
ပတ်ကြားမြေအက် ၊ ပူလောင်ခက်သို့
သိရက်နှင့်ဝေး ၊ တွေးရက်နှင့်ခေါင်
နှောင်ရက်နှင့်လွတ် ၊ ရင်ပြင်းမွတ်မျှ
ကျင်ဆွတ်နှလုံး နာကျည်းသည် ။  ။

{ ၅ }
ပင့်ကူအိမ်မြှေး ၊.မဆုံးသေးမို့
ဝေးသီခေါင်ကြူး ၊ လျှောက်ရဦးမည်
ကြာရှည်ထီးထီး ၊ ခရီးကြမ်းကြမ်း
ဝိညာဉ်လမ်းမ ၊ ရုပ်ဗီဇ၏
ညွှန်ပြတည်ထွင် ၊.မိုးသောက်တွင်မှ
နားချေရအံ့ ၊ ရှေ့မှဟန့်တား
မှောင်ရိပ်များနှင့် ၊ ကျော်ကြားဟန်ဆောင်
ရေရောင်ပြက်ပြက် ၊.တံလျှပ်ပွက်သည့်
ဂယက်သရော် ၊.သင်းတို့သော်မူ.
" တွဲခေါ်မရ ၊ နေရစ်ကြလော့."
လမ်းမဖြူးဖြူး ၊.ကြံ့ ကြံ့ ကူး၍
ခြေဦးမဖဲ့ ၊ ရှေ့တဲ့တဲ့ သို့
မငဲ့ဆက်ဆက် ၊ လှမ်းချင်းတက်မှ
အိမ်မက်ပြေးပျောက် ပြယ်ပေမည် ။  ။

ဒေါင်းနွယ်ဆွေ


မည်​သူမဆိုလွတ်​လပ်​စွာ ဖြန့်​​ဝေနိုင်​ကြပါ​စေသတည်း


ရင်​ခွင်​သစ္စာ

Tuesday, February 20, 2018

သေခြင်းရသ  ဓမ္မအလင်္ကာ
❆❆❆❆❆❆❆❆❆❆❆❆❆


သူဆွဲ​ခေါ်ရာ
ငါလိုက်​ပါခဲ့။

ခန္ဓာရထား
လှည်းဘီးများပင်
ပွန်းပါးပဲ့ပြုတ်​  ကုန်​​လေပြီ။

ရထား​ပေါ်မှာ    ​ပျော်​ရွှင်​စွာတည့်
ကဗျာတမ်းချင်း    လွမ်းသီချင်းဖြင့်
ထမင်းရိက္ခာ     ခင်းအိပ်​ရာမှ
သဉ္ဇာည၏     ​မွှေးမြသင်းထုံ
ချစ်​သူ့ဘုံဝယ်​     ဝိညာဉ်​တွယ်​မိ
မြွေနှယ်​ရစ်​ပတ်​    မပြတ်​​နှောင်​​သော
သံ​ယောဇဉ်​ကြိုး     ခိုင်​ချည်​တိုးလျက်
မိုးနှင့်​​မြေကြီး      ထုပ်​ပိုးပြီးသို့
ခရီးကြာရှည်​လွန်းလှပြီ။

သောကတံတား     ရှည်​လျားလှစွာ
ဖြတ်​​ကျော်​ရာတွင်​     ငိုချင်​သည်းခိုက်
အူလှိုက်​ရယ်​​မော     ရှိုက်​​မောဆူညံ
လွမ်း​စောင်းသံတို့.    ​တောင်​ယံပဲ့တင်
သမင်​​ပြေးလွှား     ​ရေ​သောက်​မှားသို့
ပါးတွင်းစီးကျ      မျက်​ရည်​စကို
သုတ်​ရမှန်းပင်​     မသိခင်​ဝယ်
ငါလျှင်​ ခရီးဆက်​ခဲ့ရပြန်​​လေသည်​။

လိုက်​လာလှည့်​​လေ    အို... အ​ဆွေတို့
သေခြင်းရသ    ​မွှေးထုံမြသည့်
ဓမ္မအလင်္ကာ      ထိုအရသာတို့
ချိုမြမြိန်​စွာ       ခွဲ​ဝေခံစားကြပါစို့။

ဟော... ရထားရပ်​ပြီ     ဘယ်​ဆီမှာလဲ
မသဲကွဲစွ       ငါမြင်​ရသည်
နောက်​မှရထား     များပြားလှစွာ
လိုက်​ပါ​ဝေးသီ    တန်းစီ​ကောက်​​ကွေ့
တ​ရွေ့​ရွေ့တည့်​     အလှည့်​ကြုံလျှင်
သင်​လည်းငါ့ထံ    ရှိုက်​သံ ငိုသံ
ကြေးစည်​သံဖြင့်​    ထပ်​မံမ​သွေ
ရောက်​လာ​လေမည်​    ငါသိသည်​တည့်
နေခြည်​ရထား    ညတံခါးကို
ကိုယ်​စားဖွင့်​ကာ     ​စောင့်​ကြိုပါမည်
လိုက်​လာလှည့်​ကြပါကုန်​​လော့။   ။

ဒေါင်းနွယ်​​ဆွေ

[ ​ဆေးရုံ​ပေါ်တွင်​ ​ရေးသာခဲ့​သော​နောက်​ဆုံးကဗျာစုမှ တစ်​ပုဒ်​ဖြစ်​သည်​။]
ရှုမဝရုပ်​စုံမဂ္ဂဇင်း( ​မေ ၁၉၅၈)

Thursday, February 15, 2018

ဆရာ​ဒေါင်းနွယ်​​ဆွေ၏ ကဗျာသုံးပုဒ်​ပါ
မည်​သူမဆို copy shareလုပ်​ယူနိုင်​ပါသည်

ကျိန်​စာသင့်​​သော လက်​များ
[ကဗျာခိုး​သော သီချင်း​ရေးသူ..သို့]
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆

ကဗျာကို​တေး   သီချင်း​ရေးသည်
က​လေးရယ်​သံများနှယ်​တည်း။

နတ်​သျှင်​​နောင့်​​တေး   နဝ​ဒေးပျို့
စာဆို့လက်​ရာ    ပန်းကဗျာကို
လင်္ကာသူခိုး    သူမိုက်​မျိုးတို့
စောင်းကြိုးပဲ့တင်​   သီချင်းပြင်​၍
ထင်​​ပေါ်​ကျော်​ကြား   ``ငါတကား´´ဟု
သူများဦး​နှောက်​    ထုတ်​ယူ​ဖောက်​ကာ
ကောက်​ကျစ်​စဉ်းလဲ     အသံမွဲဖြင့်
လေထဲမှာ​အော်​     တ​ကြော်​​ကြော်​လျှင်
ဝင့်​​ပျော်​ပလွှား     ​မော်​​မော်​ကြွားလည်း
ငါကားစိတ်​ပျက်​    ရှက်​ကြီးရှက်​စွာ
လက်​ကိုတုံးဆင့်​     ကျိန်​စာသင့်​​အောင်
ဓားနှင့်​ပိုင်းပိုင်းဖြတ်​ချင်​တကား။ ။

ဆရာ​ဒေါင်းနွယ်​​ဆွေ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;::::::::";;;;;;;:::::::::::;;;;;;;;;;;;;;::;;:;;:;;:;:;:;;

ပိုးဟပ်​ဖြူနှင့်​  ပင့်​ကူနီ
❆❆❆❆❆❆❆❆❆❆

ပိုးဟပ်​ဖြူလျှင်
စာအုပ်​စင်​ကြား     တိုးဝင်​သွားလျက်
သူ့တွက်​ဘာမျှ     သုံးမကျ​သော
လောက​ရေးရာ     စာမျက်​နှာနှင့်
ကဗျာကျမ်းကြီး      ရွံမုန်းတီးစွာ
ဖျက်​ဆီး​ချေမွ        အားမရ​သေး
ကပ်​တွယ်​​မှေးကာ    လွန်​ကဲစွာလျှင်
တိုင်​တွင်​ချိတ်​ထား     အင်္ကျီများနှင့်
ပိုးသားပုဝါ        ကတ္တီပါမျှ
မကျန်​ရ​အောင်​     ညအ​မှောင်​ထဲ
မိုက်​ရူးရဲဖြင့်​      ကိုက်ြ​ဖဲဆုတ်​ဖြတ်​  တတ်​​လေသည်​။

ပင့်​ကူနီကား
ခန့်​ညားတည်​ငြိမ်​      ပိုးကြိုးအိမ်​သွယ်
ပရိယာယ်​ဖြင့်​       အသင့်​​စောင့်​စား
ပိုးဟပ်​များ၏       ယွင်းမှားလိမ်​​ကောက်
သွေးနည်း​ကြောက်​​သော     ဦး​နှောက်​တို့အား
ကိုက်​​ဖောက်​စားကာ       သူသာအမြဲ
အောင်​ပွဲကြိမ်​ကြမ်​ ခံသတည်း။

အို...ပင်​ကူနီ
အတီ​ရှေးက    ဓမ္မစဉ်​လာ
ဆုံးဖြတ်​ပါမူ     ပိုးဟပ်​ဖြူကား
သနားစရာ      သတ္တဝါတည့်
သင်​သာ ငမိုက်​     တိုက်​ခိုက်​ဆိုးဝါး
တစ်​ပါးသူ့သက်​    ရက်​စက်​လှစွာ
သတ်​ဖြတ်​ပါလည်း      ငါတစ်​မူကား
သင်​အား ချီးကျူး      ဂုဏ်​ဘွဲ့ထူးပင်
နှင်းဆက်​ချင်​၏     အိမ်​တွင်​​နေလျက်
အိမ်​ကိုဖျက်​၍      အိမ့်​ကျက်​သ​ရေ
ဆုတ်​ယုတ်​​စေကာ     ​တွေ့ရာဖျက်​ဆီး
မိုပ်​လုံးကြီးသူ       ပိုးဟပ်​ဖြူအား
စား​လေ ​သောက်​​လေ     တိုက်​ခိုက်​​လေ​တော့
မြေနှင့်​​ကောင်းကင်​     တရားခွင်​ဝယ်
အသင်​သည်​သာ     မဟာသူရဲ​ကောင်း
ဖြစ်​ခဲ့​ကြောင်းကို        နှစ်​​ထောင်းသြဘာ
ထောက်​ခံပါသည်​.......
သစ္စာ​သွေး​ရောင်​  လွှမ်းသတည်း။ ။

မိုး​သောက်​လင်္ကာပန်းကဗျာများ မှ
ဆရာ​ဒေါင်းနွယ်​​ဆွေရဲ့ ကဗျာ​ပေါင်းချုပ်​မှကူးယူတင်​ပြပါသည်​။ ။
::::;;;;;;;;;;;;;:::::::::;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
အစ်​မ May Ooထံမှကူးယူ​သော ကဗျာပါ

မည်သူမဆို မျှဝေ share ယူနိုင်ပါသည်

အိပ်မက်မပြယ်မီ
💫🌟💫🌟💫🌟💫
[ တည်ထွင်မှုနှင့် အစဉ်အလာ]

{ ၁ }
ရှာကြသည်တည့် ၊
ဖွေလှည့်အိပ်မက် ၊ တမှေးစက်မျှ
ပင့်သက်လေးလံ ၊ သန်းယံသနွဲ
မဝေခွဲတတ် ၊ ကြေကွဲမြစ်ကမ်း
မျက်ရည်လျှမ်းဖြင့် ၊ ' နာမ် ' ရွက်ဖွင့်၍
လွင့်ခဲ့မျောမျော ၊ ငိုရင်းမောမှ
" သောက " သောင်ဦးတွေ့ရသည် ။  ။

{ ၂ }
မရောက်မီက ၊ ဇောလျလျလည်း
" သောက " သောင်ဦး ၊ မဆန်းထူးပြီ
အရူးစိတ်တူ ၊ ကဲ့ရဲ့သူတို့
ရယ်မူရယ်ကြ ၊ တဒင်္ဂဝယ်
ငိုကြငိုမိ ၊ နောက်ကျိကျိ ရှင့်
လာဘိခရီး ၊ တဝက်နီးမှ
ပြန်ပြီးလှည့်ကွေ့ ၊ ဖွေမတွေ့နိုး
ဇနောင့်စိုးဖြင့် ၊ ကိုးရာမဲ့ဆည်
ယုံကြည်ချက်ကင်း ၊ ဆန့်ကျင်ခြင်းတွက်
ငိုရင်းရယ်ရမိသေးသည် ။  ။

{ ၃ }
သြော်.. အပြင်ရံကား ၊ သဏ္ဍန်မာကျော
သဘောဝေဖန် ၊ ခက်ခဲရန်တည့်
ပြန်တပြောင်းပြောင်း ၊ အောင်းတမြေ့မြေ့
ရှာရင်းဝေ့လည် ၊ ရှည်ခဲ့ဇာတ်ကြော
မျောခဲ့ဇာတ်အိမ် ၊ ကြိမ်ခဲ့ဇာတ်ကြမ်း
နွမ်းရင်းလည်းနွမ်း ၊ ပမ်းရင်းပမ်း၍
လှမ်းလည်းလှမ်းခဲ့ ၊ တလမ်းငဲ့ကွေ့
တလမ်းတွေ့ပြန် ၊ မဟန်ချေဘူး
တဖန်ကူးမိ ၊ ဖွေမရှိမှ
လေသည့်ဝိညာဉ် ဝမ်းနည်းသည် ။  ။

{ ၄ }
မှားခဲ့သည်ကို
ဒိုးယိုစီးကျ ၊ မျက်ရည်စဖြင့်
လောင်းချဆေးကြော ၊ ရအံ့လောဟု
တွေးမောကြေကွဲ ၊ တဖြစ်လဲခဲ့ ။
ရှာဆဲနိဂုံး ၊ မဆုံးနိဒါန်း
ကြောင်တောင်ကန်းသို့ ၊ သဲပန်းမေတ္တာ
ပွင့်ကဗျာကို ၊ သစ္စာချိန်ခွင်
ရွေး, စက်တင်ရန် ၊ ငြင်းဆန်သူနှင့်
ရယ်သူနှင့်တည့် ၊ ကြာမြင့်ခဲ့ပြီ
ချဉ်ဆီရိုးတွင်း ၊ သည်းခံခြင်းကား
ပတ်ကြားမြေအက် ၊ ပူလောင်ခက်သို့
သိရက်နှင့်ဝေး ၊ တွေးရက်နှင့်ခေါင်
နှောင်ရက်နှင့်လွတ် ၊ ရင်ပြင်းမွတ်မျှ
ကျင်ဆွတ်နှလုံး နာကျည်းသည် ။  ။

{ ၅ }
ပင့်ကူအိမ်မြှေး ၊.မဆုံးသေးမို့
ဝေးသီခေါင်ကြူး ၊ လျှောက်ရဦးမည်
ကြာရှည်ထီးထီး ၊ ခရီးကြမ်းကြမ်း
ဝိညာဉ်လမ်းမ ၊ ရုပ်ဗီဇ၏
ညွှန်ပြတည်ထွင် ၊.မိုးသောက်တွင်မှ
နားချေရအံ့ ၊ ရှေ့မှဟန့်တား
မှောင်ရိပ်များနှင့် ၊ ကျော်ကြားဟန်ဆောင်
ရေရောင်ပြက်ပြက် ၊.တံလျှပ်ပွက်သည့်
ဂယက်သရော် ၊.သင်းတို့သော်မူ.
" တွဲခေါ်မရ ၊ နေရစ်ကြလော့."
လမ်းမဖြူးဖြူး ၊.ကြံ့ ကြံ့ ကူး၍
ခြေဦးမဖဲ့ ၊ ရှေ့တဲ့တဲ့ သို့
မငဲ့ဆက်ဆက် ၊ လှမ်းချင်းတက်မှ
အိမ်မက်ပြေးပျောက် ပြယ်ပေမည် ။  ။

ဒေါင်းနွယ်ဆွေ

မည်​သူမဆိုလွတ်​လပ်​စွာ ဖြန့်​​ဝေနိုင်​ကြပါ​စေသတည်း

ရင်​ခွင်​သစ္စာ

Sunday, February 11, 2018

မည်သူမဆို မျှဝေ ယူနိုင်ပါသည်

ယမမင်း နှင့် လင်္ကာဆရာ
💢💢💢💢💢💢💢💢💢💢

{ ၁ }
ငါ့အသက်လည်း
တရက်,တနေ့ ၊ တရွေ့ရွေ့ဖြင့်
လင့်ခဲ့ဇရာ ၊ ရော်ရင့်လာခဲ့ ။  ။

{ ၂ }
ငါ့ဆံပင်လည်း
ငွေမြှင်သေးသေး ၊ ဖြူ ဖြူ ဖွေး၍
ငယ်သွေးမစို ၊ ပျက်ယွင်းယိုခဲ့ ။  ။

{ ၃ }
ငါ့မျက်လုံးလည်း
ဖုံးခဲ့မွေးရှည် ၊ မျက်ရည်ချောက်ခမ်း
လွှမ်းခဲ့မျက်တောင် ၊ မှေးမှေးမှောင်ခဲ့ ။  ။

{ ၄ }
ငါ့၏နားလည်း
မကြားဆွံ့ထိုင်း ၊ မုန်တိုင်းဆူညံ
အသံသဲ့သဲ့ ၊ ဝေးးးးးး ဝေးးးးးးခဲ့၏ ။  ။

{ ၅ }
ငါ့နှာခေါင်းလည်း
ပန်းပေါင်းနံ့သာ ၊ သင်းသင်းဖြာကို
ရှိုက်ပါရှုငြား ၊ ခါးကြီးခါးခဲ့ ။  ။

{ ၆ }
ငါ့နုတ်ခမ်းလည်း
စိမ့်စမ်းသီတာ ၊ ချို သကာလူး
ပန်ဖူးငုံဆင့် ၊ မလန်းပွင့်တော့ ။  ။

{ ၇ }
ငါ့အသားလည်း
ပတ်ကြားအက်နေ ၊ ပါးရေတွန့်တွန့်
လှိုင်း လွန့်လွန့်ထ ၊ အိုမင်းလှပြီ ။   ။

{ ၈ }
ငါ့အသွေးလည်း
ခြင်ကျွေး, ,သန်းကိုက် ၊ သိုက်သိုက် ရုံးရုံး
" စာမြိန်တုံး " သာ ၊ ဖြစ်ခဲ့ပါ၏ ။  ။

{ ၉ }
ငါ့၏ခြေလည်း
မိုးမြေအဆုံး ၊.စက်ဝိုင်းကုံးရောက်
မလျှောက်တော့နိုင် ၊ နွမ်းနွမ်းယိုင်ခဲ့ ။  ။

{ ၁၀ }
ငါ့၏လက်လည်း
မသွက်တော့ပြီ ၊.ကြုံ လှီဖျော့ညှိုး
အရိုးပေါ်တွင် ၊ အရေတင်ခဲ့ ။  ။

{ ၁၁ }
ငါ့၏စိတ်လည်း
အတိတ်တွင်ကျန် ၊ မုန်တိုင်းထန်ည
လွန်ခဲ့ရသို့ ၊.မှိုင်းမှိုင်းညို့ ခဲ့ ။  ။

{ ၁၂ }
ငါ့အတွေးလည်း
ရှုပ်ထွေးနောက်ကျိ ၊ အဆိပ်ထိပန်း
ပြန်မလန်းသို့ ၊ မည်းမည်းညို့ တည့် ။  ။

{ ၁၃ }
ငါ့ဦးနှောက်လည်း
ကျောက်ဆောင်အိုကြီး ၊ အထီးထီးသို့
ငြီးငွေ့လောက ၊ ရွံမုန်းစွတည့် ။  ။

{ ၁၄ }
ငါ့အသဲလည်း
အက်ကွဲကြေမွ ၊ အပိုင်းစနှင့်
ရှေးကတုန်းလို ၊ ရင်မဖိုတော့ ။  ။

{ ၁၅ }
ငါ့ကလောင်လည်း
မှင်ကြောင်စပြု  ၊ ချေးညို စု၍
စာနုရေးတိုင်း ၊.တုံ့နှေးဆိုင်းခဲ့ ။  ။

{ ၁၆ }
ငါ့ဝိညာဉ်လည်း
သိပ်သည်းကျဉ်းမြောင်း ၊ သစ်ခေါင်းတိုးငှက်
အသက်ရှူ ရပ် ၊ ဆို့ဆို့ကြပ်ခဲ့ ။  ။

{ ၁၇ }
ငါ့လိပ်ပြာလည်း
စွန့်ခွာကိုယ်မှ ၊ ထွက်ပြေးကြ၍
ဘဝလမ်းခွဲ ၊ မျက်နှာလွှဲကြ ။  ။

{ ၁၈ }
ငါ့မိခင်မူ
ရွှေစင်သူ့သား ၊ လက်ဖဝါးကို
ကိုင်ထားယုယ ၊.ခေါင်းငိုက်ချလျက် ။  ။

{ ၁၉ }
ငါ့ဇနီးကား
ငါ့အားပွေ့ပိုက် ၊ နမ်းရှိုက်နောက်ဆုံး
ငိုချူံးပဲ့တင် ၊ အလောင်းပြင်၏ ။  ။

{ ၂၀ }
ငါ့သ္မီးမူ
မြင်းဖြူ သစ်ရုပ် ၊ ဆော့လှုပ်ကစား
ငါ့အနားတွင် ၊ ပြုံး ပြုံး ရွှင်တည့် ။  ။

{ ၂၁ }
ငါ့မိတ်ဆွေများ
ဝိုင်းရံထား၍ ၊ ငါ့အားစိုက်ကြည့်
မျက်ရည်ပြည့်နှင့် ၊ သောကဆင့်ကြ ။။

{ ၂၂ }
ငါ့ပစ္စည်းကား
စာအုပ်များနှင့် ၊ လွင့်နေပြန့်ကြဲ
စုပ်ပြဲကြေမွ ၊ ကဗျာစတည့် ။  ။

{ ၂၃ }
အော်....ကဗျာ....ကဗျာ
ရေးခဲ့ပါလည်း ၊ ကြေးဝါတပြား
သနားသူမျှ ၊ မရှိကြတည့်
ငါကမယူ ၊ " ဝေဖန်သူ..." သာ
ဖွေရှာတွေ့လို ၊ လက်ကမ်းကြိုခဲ့
ညဆိုအိပ်ပျက် ၊ လန်လျက်ထနိုး
တမိုးလည်းသောက် ၊ တညဥ့်ရောက်ပြန်
ကြိမ်ဖန်ဖန်ပင် ၊ သွား,  ပြန်,  လမ်းဆုံ
ဝိညာဉ်ဘုံက ၊ သံစုံဟစ်အော်
သေမင်းခေါ်သံ ၊ စောင်းသံလေလား
ထွေပြားစိတ်မှာ ၊ ငါ့လင်္ကာကို
ဖတ်ပါသေမင်း ၊ သူပင်ငြင်း၍
ငိုချင်းနှင့်တေး ၊ ကြိုက်ရာရွေးရ
နံနက်ထသော် ၊ ရေးစလင်္ကာ
စာရွက်ပြာသည်........... ၊
လေမှာလွင့်လွင့်  ဝဲဝဲတည်း ။  ။

ဒေါင်းနွယ်ဆွေ

Saturday, February 10, 2018

ဆရာကြီး​ဒေါင်းနွယ်​​ဆွေ၏ ကဗျာတစ်​ချို့


စမ်းချောင်းအိပ်မက်နှင့် ကဗျာသစ်ရွက် - ဒေါင်းနွယ်ဆွေ
~~~~~~~~~ ~~~~~~~~~~~~~~~~~~~

အသူတရာ နက်ရှိုင်းစွာတည့်
ကဗျာအိပ်မက် စမ်းချောင်းထက်တွင်
သစ်ရွက်ကြွေမျော ထိုသဘောသည်
ငိုသောသူတို့ လင်္ကာတည်း ။

ရာသီလှည့်ပတ်
နက္ခတ်စက်အိမ် ငွေတိမ်ရွေ့လျား
ကြယ်ရထားလည်း ဘယ်များပြေးပျောက်
ကိုယ်တယောက်တည်း မှောင်မည်းကမ္ဗလာ
ပန်းသဉ္စာတွင် လွန့်ကာလူးလူး
စိတ်ကူးရဲတိုက် လင်္ကာသိုက်ကို
ဖွင့်လိုက်တံခါး ရှိုက်သံများသာ
ကြားရပါသော် ရင်နာကြေကွဲ
ပုလဲကာရံ စီးလျှံမျက်ရည်
မဆည်တော့နိုင် တောမြိုင်နက်နက်
အိပ်မက်ရှည်ရှည် မြင်မက်သည်တွင်
မျက်ရည်သွန်းလောင်း ဤစမ်းချောင်း၌
ပွင့်နှောင်းကဗျာ ကြွေရွက်လွှာတို့
မျှောကာ...မျှောကာ...စီးဆင်းသတည်း ။ ။

                       
ဒေါင်းနွယ်ဆွေ

*** လောကတံခါးဖွင့်ချိန် **
~•~•~•~•~•~•~•~•~•~•~•
# ကျောက်တုံးပမာ
   အိပ်ပျော်ပါသော
   နှလုံးသားသည်
   လှုပ်ရှား ဘယ်တော့နိုးမည်နည်း။

#  အို…နေ့နှင့် ညသည်
   သင့်တိုင်းပြည်တည့်
   မျက်ရည်မကျ
   ဘဝစမ်းရေ
   ရစ်ပတ်ခွေမြဲ
   သင့်အသဲမှ
   အလှသစ္စာ
   မြင်ရပါသော်
   ရင်မှာ မီးလျှံ ငြိမ်းပြီတည်း။

#    ကျောက်တုံးပမာ
   အိပ်ပျော်ပါသော်
   ကဗျာမွေးဖွား
   နှလုံးသားသည်
   လှုပ်ရှားတက်ကြွ
   လူးလွန့်ထသော်
   လောကတံခါး ဖွင့်ချိန်တည်း။     ။
                                             ဒေါင်းနွယ်ဆွေ
[၁၉၇၂ ခု၊ စက်တင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းမှ]


လူ့စက်ဝိုင်း
°°°°°°°°°°
*
မြတ်နိုးလှစွာ၊ ပစ္စည်းသာမို့

ဇာတာခေါင်မိုး၊ အတူထိုးခဲ့
ပိုးဟပ်လည်းကိုက်၊ ကြပ်ခိုးရိုက်၍

စာသိုက်လဲဖြစ်၊ နှောင်းကျန်ရစ်သော
ငယ်ချစ်သူပေး၊ စံပယ်မွှေးကို

ငါ့မြေးဆော့ရင်း၊ ခြေဖြင့်နင်းသော်
ရင်တွင်းဘယ်သို့၊ ရှိချိမ့်နည်း။     ။

                       ဒေါင်းနွယ်ဆွေ

©©©©©©©©©©©©©©©©©©©©©©©©©©
photo....credit

``ညပေါင်းများစွာ လွန်ပြီးမှ´´
••••••••••••••••••••••••••••••••
    ( ဒေါင်းနွယ်ဆွေ )

ချစ်သူ့မျက်လုံး
ကြယ်ပွင့်ကုံးတည့်။

ချစ်သူ့ပါးမို့
နှင်းဆီမြို့တည့်။

ချစ်သူ့နှုတ်ခမ်း
ချယ်ရီလမ်းတည့်။

ချစ်သူ့လည်တိုင်
စံပယ်ခိုင်တည့်။

ချစ်သူ၏လက်
ရွှေကွန်ယက်တည့်။

ချစ်သူ့ခါးသွယ်
ဂမုန်းနွယ်တည့်။

သို့သော်တမူ
ချစ်သူစိတ်ထား၊နှလုံးသားသည်
စိန်သွားထက်မာ၊ဆ တရာလျှင်
မာယာပင်များ၊ရစ်နွယ်ထား၍
မုန်းခါးခါးသီး၊ဘီလူးစီးသည်
ချစ်ပြီးသော်မှ၊သိနှောင်းစွ။     ။

( ၁၉၅၉ )

ကဗျာ စဉ် (၅၅ )

ထမင်းနှင့် သွေး
♕ (လမ်းပေါ်မှဘ၀တူ ယောက်ကျား...သို့ )

" ထမင်းပေးပါ "
တောင်းဆိုလှာသည်၊
ဝမ်းသာ,၀မ်းနည်း...ဖြစ်မိတကား။         ။
ငါဝမ်းသာသည်၊
ကဗျာတပုဒ်...ရသောကြောင့်။        ။
ငါဝမ်းနည်းသည်၊
သင်လည်းငါ့တူ...ငတ်သောကြောင့်။        ။

" ထမင်းပေးပါ "
တောင်းဆိုလာလျှင်၊

" သွေး " သာပေးရန်...ရှိတော့တကား။        ။

ဒေါင်းနွယ်ဆွေ

စမ်းရေအမောဝယ် ၊ ပန်းအကြွေစောတယ်    -  ဒေါင်းနွယ်ဆွေ

-

ပန်းအလှကို

စမ်းကထောမနာ

ရစ်ဖြာဝိုက်ဝန်း စီးဆင်းသည်။

-

စမ်း၏အေးမြ

ထိုရသကို၊ ပန်းကချီးကျူး

ငုံဖူးဝတ်လွှာ ချွေလွှင့်သည်။

-

စမ်းချောင်းတိမ်ကော၊ မြက်ရိုင်းတောမှာ

ကျစ်စာဖုံးလွှမ်း၊ အိုလွမ်းစရာ

ပန်းခမျာလျှင်၊ နွမ်းကာခြောက်သွေ့

ရေမတွေ့ရ၊ ပူငွေ့လောင်မြိုက်

ရှိုက်ငင်တမ်းတ၊ စမ်းဘဝကို

ပန်းကငိုကြွေး မဆုံးနိုင်။

-

တစ်နေ့သောအခါ၊ ပြည့်လာစမ်းချောင်း

ပြန်ပြောင်းရေစီး၊ သူ့နီးဝန်းကျင်

ပန်းပင်ခမျာ၊ မရှိရှာတော့

မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့်

ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်

မမြင်လေရ၊ ထိုခဏတွင်

စမ်းက ရှိုက်ငိုပြန်လေသည်။

-

နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်

မြေလွှာထီးကျန်၊ သဏ္ဌာန်ရွှေ့ပြောင်း

စမ်းချောင်းသစ်ပင်၊ မမြင်လေရ

ဘာမျှမမြဲ၊ မလွဲဧကန်

လောကဓံကို

လွန်ဆန်ငြင်းပယ် မရပါတကား။

-

စမ်းငိုသလို၊ ပန်းလည်းငိုခဲ့

သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှုကင်း

ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို

ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ

ဘယ်လိုမျက်ရည် တန့်ဆည်ရမလဲကွယ်။

-

ဒေါင်းနွယ်ဆွေ
-
http://www.poemscorner.com/post-type/myanmar-poems/1237
မှကူးယူဖေါ်ပြပါသည်။

ရင်​ခွင်​သစ္စာ

Friday, February 9, 2018

ဘဝမရှိ ကဗျာမသိ
**************

နေ့သီချင်းဆို      ညမှာငို၍
သွေးကိုမင်​အိုး      အရိုးက​လောင်
တိမ်​​တောင်​စာရွက်​    ညငှက်​ကာရန်
စောင်းသံအ​တွေး     ပင့်​ကူ​မြှေးသို့
လက်​​ရေးမုန်​တိုင်း     ကဗျာရိုင်းကို
ဖတ်​ခိုင်း​သောခါ       လှကလျာသည်
လိပ်​ပြာလန့်​၍​အော်​​လေသတည်း။

အို....ရှင်
ရွှေရင်​ထိတ်​ပျာ        ​ကြောက်​စရာနှယ်
အဘယ်​မှာလဲ         အသည်းလင်္ကာ
လိပ်​ပြာပန်းကြယ်​      ဝိညာဉ်​တွယ်​ရာ
မဟုတ်​ပါ​လော      ကဗျာမည်​သည်
မျက်​ရည်​တစ်​စက်​      စာတစ်​ရွက်​မို့
ခဲခက်​တင်​စား    အယူမှားသည့်
ချောက်​ခြားစရာ     သင့်​ကဗျာကို
ငါမဖတ်​ဘူး  အိုအရူး။

ကဗျာဆရာ      ထိုအခါမှ
စုပ်​တသနှင့်​       ဘဝမရှိ
အဘိဓမ္မာ    ယွင်းပျက်​ရှာ​သော
လင်္ကာတင်​စား    သူ့အနားမှ
စကားမဆို      မျက်​နှာအိုဖြင့်
ရှေ့ကိုလှမ်း​လျက်​     လမ်းခွဲထွက်​၍
ခွက်​ထိုးခွက်​လန်​    တိုက်​​လေသတည်း။ ။

ဒေါင်းနွယ်​​ဆွေ
``မိုး​သောက်​လင်္ကာပန်းကဗျာများ´´စာအုပ်​မှ
ဆရာကြီး​ဒေါင်းနွယ်​​ဆွေရဲ့ အလင်္ကာရှည်​တစ်​ပုဒ်​ပါ
လေ့လာ​စေချင်​ငှါ တင်​ပြအပ်​ပါသည်

ပေးပို့ပါ​သော ညီငယ်​ ကိုကို​ဇော်​ကိုလည်း​ကျေးဇူးတင်​ပါတယ်

အကြိမ်ကြိမ်ဖတ် အကြိမ်ခံစားလို့မဝနိုင်တဲ့ကဗျာလေးပါ

လမ်းပေါ်က မိန်းမမြတ် မိခင်ကောင်း                                                                                                           __________________________(ဒေါင်းနွယ်ဆွေ)
                    (၁)
အရင်းစစ်သော်
စနစ်ကိုပင်၊  အပြစ်တင်သည်
မိခင်မွန်မြတ်  သူသာတည်း။

                    (၂)
နွမ်းပါးစွတည့်၊  ကုဋ္ဌနူနာ
ရောဂါကြီးစွဲ၊  ခွေယိုင်လဲလျက်
ရင်ခွင်ထက်ဝယ်၊  မထွက်သောနို့
သောက်စို့ရင်သွေး၊  ဤကလေး၏
ရှေ့ရေးကြမ္မာ၊  ရင်လေးပါသည်
ကဗျာ  အနိဋ္ဌာရုံ မြင်ကွင်းတည်း။

                     (၃)
စနစ်ဟောင်းမှ၊  ဇတ်ကြောင်းစခဲ့
တောမှမြို့တက်၊  ဈေးတောင်းရွက်ကာ
ရိက္ခာဝမ်းရေး၊  ကမ်းနားဈေးသယ်
ကုန်ဖလှယ်ခိုက်၊  လင်နောက်လိုက်မိ
ဆိုက်ကားသမား၊  ကိုဘထွား နှင့်
ထိမ်းမြား မင်္ဂလာ၊  မဆောင်သာဘဲ
တဲအိုစုတ်စုတ်၊  မှောင်ကုပ်ကုပ်တွင်
တန်းတင်ပုဆိုး၊  ခဲဘိုးမပါ
သြဘာမဖတ်၊  လူခြေပြတ်စဉ်
မွတ်ငတ်ဆာလောင်၊  ညအမှောင်ဝယ်
မီးတောင်အချစ်   ပေါက်ကွဲသတည်း။

                      (၄)
စနစ်ဟောင်းမှ၊  ဇတ်လမ်းစခဲ့
သောကတွေ့မြဲ၊  နောက်ဆက်တွဲတွင်
ချစ်လင်ယုံစား၊  ကိုဘထွားသည်
သေရည်မူးယစ်၊  အော်ဟစ်ကြိမ်းမောင်း
နားတောင်း ဖြုတ်ယူ၊  ညတိုင်းဆူ၍
လူယုတ်မာမျိုး၊  ဗီဇဆိုးက
ဇာတိပြလျက်၊  အရက်သောက်လိုက်
ဖဲလည်ရိုက်ကာ၊  ဆိုက်ကားမနင်း
ကြွေးလည်ပင်းထိ၊  ဖြေမချိခဲ့
နေထိပန်းနှယ်၊  မထွေးငယ်သည်
ငိုလွယ်  ရှိုက်ခက်  ဖြစ်ခဲ့တကား။

                     (၅)
စနစ်ဟောင်းမှ၊  ဇတ်အိမ်စခဲ့
တညသောခါ၊  ဧည့်သည်လာ၏
လက်မှာပုလင်း၊  ရွှေမြင်းသုံးကောင်
ခုန်ပေါက်ယောင်တည့်၊  ခွက်လှည့်မြှောက်ကြွား
ကိုဘထွားက၊  တံခါးရိပ်ဝယ်
မေထြးငယ္ကို၊  ၿပံဳးရယ္ရႊင္ပ်
မျက်စပစ်ကာ၊  အတန်ကြာသော်
ငွေလာသူပေး၊  ညဈေးဆစ်ဆဲ
မုတိမ်းပွဲတွင်၊  ရစ်ဝဲမျက်ရည်
ဖြေမဆည်တော့၊  လင်သည်ကိုယ်တိုင်
ပုခုံးကိုင်၍၊  မူးယိုင်ခြေလှမ်း
ငရဲခန်းသို့၊  တွန်းကာပို့သည်
သင်း တို့  လူမဆန်ကြပြီတည်း။

                     (၆)
စနစ်ဟောင်းမှ၊  ရင်နာရခဲ့
ညဆို လန့်ကြောက်၊  မျက်ရည်ပေါက်များ
မထွေး ပါးပြင်၊  ပင်လယ်ထင်ရ
လာသမျှလူ၊  မကြည်ဖြူလည်း
လင်ဆူမည်ကို၊  ကြောက်အားပိုလျက်
ညဉ့်နက်သန်းခေါင်၊  ခွေးဟောင်သံကြား
ကိုဘထွားက၊  တံခါးဖွင့်ပေး
အရက်ကျေးကျွန်၊  ကာမဝန်ကြီး
ဖိစီးနှိပ်စက်၊  ခံပြင်းခက်လည်း
မျက်ရည်သုတ်ကာ၊  ဧည့်သည်လာက
နံ့သာခြယ်လူး၊  အိပ်ချင်မူးဖြင့်
ပန်းဖူးညွန့်ချွေ၊  ကြွေရလေသည်
ငွေ နှင့် သွေးသား   လဲချိန်တည်း။

                      (၇)
စနစ်ဟောင်းမှ၊  နာကျည်းခဲ့ရ
ဘဝဟူသည်၊  မျက်ရည်ဖြင့်ရင်း
ချောက်နက်တွင်းဝယ်၊  တွယ်ရာခိုရာ
ကင်းမဲ့ပါပြီ၊  သိင်္ဂီ ရောင်ရွှန်း
မျက်ဝန်းသန္တာ၊  နီလာမျက်တောင်
မှေးမှိန်မှောင်၍၊  လူ့ထောင်တံခါး
ပိတ်ဆို့ထားသည့်၊  ဘထွားအိမ်မှ
ညတညတွင်၊  ဘဝကိုမုန်း
ကိုယ်လွတ်ရုန်းမိ၊  မြေပြင်ရှိလျှင်
အသက်ရှင်သေး၊  မငိုကြွေးတော့
မထွေးစိတ်တွင်၊  ချမ်းမြေ့ရွှင်သည်
သခင်မဲ့သော ခံပွင့်နွမ်းနွမ်းတည်း။

                      (၈)
စနစ်ဟောင်းမှ၊  ရုန်းကန်ရခဲ့
ဘဝမှောင်ကြမ်း၊  ခရီးလမ်းတွင်
တဝမ်းတဆုပ်၊  လက်လုပ်လက်စား
သူများအိမ်စေ၊  လုပ်ရပေလည်း
မြတ်ပေသေးသည်၊  သူ ယုံကြည်မိ
မချိသော်လဲ၊  စိတ်မာန်ဇွဲဖြင့်
မျှော်လင့်ရှေ့ဝယ်၊  အားမငယ်တော့
အုတ်သယ် ပန်းရံ၊  ကျွန်ခံ ကူလီ
စုံခဲ့ပြီလည်း၊  အညှီအဟောက်
စားသောက်ချောင်းမြောင်း၊  ပန်းကောင်းညွန့်ချိုး
သူယုတ်မျိုးတို့၊  ခိုကိုးရာမဲ့
အားနွဲ့မိန်းမသား၊  တပွဲစားကြံ
မထွေးခံရ၊  ဤလောကကို
ဒေါသပေါက်ကွဲ၊  သူ ကျိန်ဆဲသည်
အသဲဆန်ကာ  ကျခဲ့ပါပြီတည်း။

                      (၉)
စနစ်ဟောင်းမှ၊  လေလွင့်ခဲ့ရ
သောကနက်ရှိုင်း၊  မုန်တိုင်းထန်ရာ
ဝဲလွင့်ပါသည်၊  ရွက်ဝါပုံသွင်
နာကျင်ပြင်းပြ၊  ခံစားရ၏
ခေါင်းချ ခြေဆန့်၊  ရပ်တန့်အိပ်စက်
သူ့ တွက်မြေလွှာ၊  အဘယ်မှာမှ
ရှာမရပြီ၊  ဘဝလက်ကြမ်း
သူ မွှေ့ရမ်း၍၊  လွမ်းတက် ငိုတက်
ည ဇတ်ဆရာ၊  သူ ပေါ်လာသော်
လော်မာကြိုးရှုပ်၊  အရုပ်ပမာ
ကရပါသေး၊  မထွေး စိတ်ပြောင်း
ဘဝဟောင်းတွင်၊  သစ်ခေါင်းတိုးငှက်
ပြန်ထွက်ခက်သို့၊  ရမ္မက်ညွှတ်ကွင်း
ပြန်သက်ဆင်း၍၊  ငိုရင်းရယ်ရ
တညမညား၊  ဘဝခြားသည်
တရားသစ္စာ  ပျက်ပျက်ပြယ်ပြယ်တည်း။

                      (၁၀)
စနစ်ဟောင်းမှ၊  အမြတ်ရခဲ့
ဘဝကိုရောင်း၊  ညဈေးကောင်းခိုက်
မှောင်မိုက်ထဲတွင်၊  လင်မဟုတ်သော
ယောကျာ်းချောများ၊  လက်မောင်းကြား၌
ပျော်ပါးရင်းမှ၊  သန္ဓေရသည့်
သားလှ လူလေး၊  ဖြူဖြူဖွေးကို
လမ်းဘေးမှာပင်၊  ဖွားသန့်စင်သည်
မြေပြင်လူသားတယောက် တိုးသတည်း။

                      (၁၁)
စနစ်ဟောင်းမှ၊  ဆုလာဘ်ရခဲ့
လမ်းမကျဉ်းမြောင်း၊  ပလက်ဖောင်းတွင်
ဆံပင်ပြန့်ကြဲ၊  ခွေကာလဲလျက်
အုတ်ခဲ ခေါင်းအုံး၊  ဒန်းပုံးပက်ပက်
ထမင်းခွက်လည်း၊  မျက်ကန်းပမာ
ဟောင်းလောင်းသာတည့်၊  မျက်နှာတပိုင်း
ခြုံလွှာသိုင်းလည်း၊  ပြိုင်းပြိုင်းငေါထွက်
ခြေလက်ငုတ်တို၊  သွေးပြည်စိုကာ
မျက်နှာဖုဖောင်း၊  မြင်မကောင်းမျှ
ဝဲကြပျံနား၊  ယင်ကောင်များကြောင့်
လမ်းသွား လမ်းလာ၊  ရှောင်ဖယ်ခွာသည်
မေတ္တာမိုးခေါင်  လေပြီတည်း။

                    (၁၂)
လူလောက၏၊  ဘဝခြင်းရာ
မသိရှာသေး၊  ဤခလေးကား
ငါးပြားစေ့မှ၊  ခြင်္သေ့ရုပ်ကို
ကုတ်ဖဲ့ကစား၊  လက်ကားယားဖြင့်
သနားစဖွယ်၊  ပြုံးရယ်ရွှင်မြူး
လွန့်ကာလူးလျက်၊  နို့ မထွက်လည်း
စို့ရက်  ငုံနေ  မြဲသာတည်း။

                     (၁၃)
မိခင့် ရောဂါ၊  ကူးစက်ပါသော်
ဤမှာ  ရင်သွေး၊  လူကလေးတွက်
ရတက်ထွေပြား၊  လူ အများတို့
ကြုံးဝါးပြစ်တင်၊  တံထွေးစင်မျှ
မိခင်ကိုသာ၊  ကျိန်ဆဲပါသည်
မေတ္တာလွန်ကဲ လှစွာတည်း။
     
                      (၁၄)
"လူ ဝတ္တရား"၊  ပျက်ပြားလှစွာ
ပြောဆိုပါကြ၊  ရွံ့ရှာ စက်ဆုပ်
လက်အုပ် မျက်နှာ၊  ဝေးရာသို့ရှောင်
ဤ လူ့ဘောင်ကား၊  တရားဆုံးဖြတ်
တဖက်သတ်တည့်၊  ဇတ်ရင်းမသိ
မရှိပုစ္ဆာ ၊  အဖြေရှာသည်
သစ္စာ  ပျောက်သုန်း  ကွယ်လျက်တည်း။

                      (၁၅)
ရောဂါဆိုးရွား၊  တားမြစ်ပိတ်ပင်
ကင်းပစင်အောင်၊  သုတ်သင်သင့်လျက်
ဘယ့် အတွက်ကြောင့်၊  လမ်းထက်အလယ်
မဖွယ်မရာ၊  ရုပ်ဆိုးစွာဖြင့်
ရောဂါကူးစက်၊  မခက်ပေလော
တွေးတော စောင်းမြောင်း၊  တကိုယ်ကောင်းတည့်
နှာခေါင်းရှုံ့ကာ၊  ထွက်ပြေးပါသည်
မဟာသူရဲကောင်း  ပီသသူများတည်း။

                      (၁၆)
ရင်သွေးကိုပြ၊

(၁၆)
ရင်သွေးကိုပြ၊  ယုတ်ကန်းစွတည့်
လမ်းမလယ်တွင်၊  မြင်သူ သနား
ငါးပြားစေ့ပေါင်း၊  လက်ဖြန့်တောင်းလျက်
ရက်စက်လေခြင်း၊  မိခင်ရင်းမှ
ဟုတ်ပါစ, ဟု၊  နှိမ့်ချမဲ့ရွဲ့
နှုတ်ခမ်းမဲ့ဖြင့်၊  ကဲ့ရဲ့စကား
ပြောကြားတီးတိုး၊  အမျိုးမျိုးလျှင်
ကြင်နာဟန်ပို၊  ပြစ်တင်ဆိုသည်
မျက်ရည်မကျ  ရုံသာတည်း။

                     (၁၇)
တကယ်ဆိုမူ၊  အနူမသား
ဖြစ်လေငြားကြောင့်၊  မွေးစားကောက်ယူ
အဘယ်သူလျှင်၊  သားတော်ချင်လိမ့်
မြေပြင်သူသာ   သိတော့မည်။

                     (၁၈)
မိခင်စိတ်ပြင်း၊  ရင်တွင်းနှောင်ကြိုး
ရစ်ပတ်တိုးသော၊  လူ့ သဘော၏
သံယောဇဉ်မှ၊  အမြစ်ကြွသည့်
သားလှ ရင်သွေး၊  လူကလေးကို
မထွေး သာလျှင်၊  ချီငင် ယုယ
ဝမ်းဝလေအောင်၊  သယ်ပိုးဆောင်လျက်
သူ့မျက်နှာမှ၊  ဖီးထ ဖူးနီ
သွေးညှီယိုလျှံ၊  လူမြင်ခံကာ
သဒ္ဓါတက်အား၊  သူတောင်းစားမ
ဤ ဘဝကို၊  လှလှခံယူ
မွန်မြတ်သူတည့်၊  ကြည်ဖြူဆကဲ
ဆင်းရဲတွင်းမှာ၊  နစ်မွန်းရှာသည်
သင်သာ မိန်းမမြတ် မိခင်ကောင်း တဦးတည်း။

                        (၁၉)
ဝမ်းရေးအတွက်၊  ခွက်လက်မဆွဲ
မတောင်းရဲ၍၊  ပုလဲရွှေသွေး
ကိုယ့် ရင်သွေးကို၊  ငွေကြေးဖြင့်ရောင်း
လက်ချင်းပြောင်းလျက်၊  စုံမက်တွယ်တာ
မေတ္တာမဲ့ကင်း၊  မိဘရင်းတို့
သတင်းစကား၊  မထွေးကြားလျှင်
ရွှေရင်ဆို့ရှာ   ပေလိမ့်မည်။

                     (၂၀)
ဖြေဖျော်မှုတွက်၊  သားဖျက်ကျေးပွန်
ဆရာဝန်ထံ၊  ငွေကုန်ခံ၍
အပ်နှံသန္ဓေ၊  ဖျက်ချလေကာ
လူ့ရွာတခေါက်၊  မရောက်ရှာသေး
သွေးတုံးဖြစ်ဆဲ၊  မျိုးစေ့ခဲကို
ချေခွဲသက်သက်၊  လူသတ်ရက်သည့်
ကြောက်မက်ဖွယ်ခင်း၊  ရက်စက်ခြင်း၏
သတင်းစကား၊  မထွေးကြားလျှင်
ရွှေရင်ကွဲ၍   သေလိမ့်မည်။

                   (၂၁)
အချစ်အတွက်၊  ရမ္မက်သွေးဆူ
ညလူနှင့်ချိန်း၊  မူးမူးမှိန်း၍
ရှန်ပိန်း ဖန်ခွက်၊  လောင်းဖြည့်စွက်ကာ
ဂျော်ဂျက် ထဘီ၊  ဘရာစီယာ
တွန့်ကျေကာတည့်၊  ပြုံးစွာပျော်ရွှင်
ပွတ်သဘင်ပွဲ၊  ရင်အပ်နွှဲရင်း
ဝမ်းတွင်းသန္ဓေ၊  ရခဲ့လေဘိ
လူမသိအောင်၊  ညအမှောင်ဝယ်
မြောင်းဘောင်အုတ်ကြား၊  လွှင့်ပစ်ထားစဉ်
ခွေးစား ချီမ၊   မွေးစခလေး
ဖြစ်ခင်းရေးကို၊  မထွေးသိလျှင်
သူမ ရင်သည်၊  ပဲ့တင်ထပ်သံ
ဆူညံသွက်သွက်  ခါရှာပေလိမ့်မည်။

                      (၂၂)
အို. . . စနစ်ကိုပင်
အပြစ်တင်သည်
မိခင်မွန်မြတ်   သူသာတည်း။

                               ဒေါင်းနွယ်ဆွေ          
               ၁၉၆၇ ခုနှစ်အောက်တိုဘာလထုတ်
                              ငွေတာရီမဂ္ဂဇင်း

``မာန်​´´ကဗျာဝရှည်​ဒုတိယပိုင်း


``မာန်​´´က​ဗျာ-ဝတ္ထုရှည်​အဆက်

ဆရာကြီး​ဒေါင်းနွယ်​​ဆွေရဲ့ ``မာန်​´´ဆို​သော ကဗျာ-ဝတ္ထုရှည်​ကြီးကို
ပြန်​လည်​​ဝေမျှအပ်​ပါသည်​။ ဤကဗျာ-ဝတ္ထုရှည်​ကြီးကို ​ပေးပို့လာ​သော
ညီငယ်​ ကိုကို​ဇော်​ကိုလည်း ​ကျေးဇူးတင်​ရှိပါသည်

မာန်
🌠🌠🌠

ကဗျာဝတ္ထု.. အဆက် { ၅ }

ဒေါင်းနွယ်ဆွေ

{ ၁၈ }

ကြာခဲ့ပြီတကား.......
သိင်္ဂီမှိုင်းမှိုင်း ၊ နွေသစ်ကိုင်းလည်း
ပြိုင်းပြိုင်းစုတေ ၊ ခက်မဝေတော့
သဲမြေသလင်း ၊ ကျောက်လမ်းခင်းလည်း
နှောင်းကြွင်းနွေရက် ၊ လျောင်းအိပ်စက်၍
ပြည့်နှက်အနှံ့ ၊ ပြန့်ပြန့်ကြဲကြဲ
လွန့်လွန့်သဲလျှင် ၊ လေဝဲသုတ်ပင့်
ဝန်းဝေ့ဆင့်က ၊ လွင့်လူးထပျံ
ကချေဟန်တည့် ၊ ရှိုက်သံမူကား
ကြားရခုတိုင် ၊ မဆုံးနိုင်ရှင့်
ပင်တိုင်စံကြာ ၊ လှရုပ်ဝါမူ
ကြူ ကြူ ပါအောင် ၊ ငိုယောင်တလှဲ့
လွမ်းခဲ့တနှင် ၊ အားအင်ကုန်လျော့
ညှိုးဖြေလျော့သား ၊ မော့သည့်လည်တိုင်
မဆန့်နိုင်၍ ၊ မခိုင်ညွတ်ခွေ ၊
ရှင်လျက်သေ၏ ။ ပဝေခါလွန်
သာယာပြွန်သော ၊ ရှေးမွန်မဆွ
ခါတညတွင် ၊ စောင်းမြသံညှင်း
လွမ်းသီချင်းဖြင့် ၊ ဆက်သွင်းတေးချို
လွမ်းရေးဆိုသူ ၊ လူညိုဖုန်းစား
စောင်းသမားလည်း ၊ ခုများဘယ်ဆီ
မသိပြီတည့် ၊ တေးဂီတညု
ဖွဲ့ပြု ဆိုလှာ ၊ မမြင်ကြာရှင့်
ကြင်ရာငယ်ကျွမ်း ရောက်လမ်းမြှော်ကြည့်
လာလှည့်လှည့်လျှင် ၊ နေ့ရှိသမျှ
မျက်ရည်စလည်း ၊ ဖြူ လွပါးထက်
စီးကြောင်းဆက်သည်
ကော့မျက်တောင်ပင် ညွတ်ညွတ် ကွေးကွေးလုတကား ။  ။

{ ၁၉ }

တညသ၌ ......
တိမ်တိုက်မီးထွန်း ၊ ဖိတ်ဖိတ်ရွှန်းကာ
လဝန်းမျက်နှာ ၊ ပြည့်ပြည့်သာ၍
အာကာကြေးမုံ ၊ ကြယ်စုံဖူးပွင့်
မမြှော်လင့်ခိုက် ၊ သန်းခေါင်မိုက်တွင်
ရဲတိုက်လှစံ ၊ နားစွင့်ရံဝယ်
ခွာသံမြင်းစိုင်း ၊ ပြပြမှိုင်းကို
လေလှိုင်းလွင့်ပါး ၊ သဲ့သဲ့ကြားကြောင့်
အားပါးတရ ၊ လူးလဲထ၍
ကျွန်းမသစ်ပင် ၊ ကွေ့ကောက်ဝင်သည့်
ကျောက်စင်ဖွေးဖွေး ၊ လမ်းကလေးသို့
အပြေးငုံ့ကြည့် ၊ ရှာဖွေလှည့်သော်
မြင်းပေါ်ယောင်္ကျား ၊ အခံ့သားသည်
ရှည်လျားဝတ်ရုံ ၊ အနီခြုံ၍
ချပ်စုံဒါးလွယ် ၊ ထယ်ထယ်ကြွားဝင့်
ကကြိုးဆင့်ကာ ၊ လှမ်းလင့်နုတ်ဆက်
လက်တဖက်ကို ၊ ဝေ့လျက်လေတွင်
ဝဲ - ယာငင်တည့် ၊ ဒုန်းနှင်သော့သော့
ဇက်မော့လည်ဆံ ၊ ဖောင်းဝတ်ပျံ မြင်း
စီးကျွန်ရင်း၏ ၊.ဦးနင်းပဲ့ထောင်
ခွာသံအောင်လည်း ၊ တော, တောင်,  စိမ့်,စမ်း
လှိုင်းသံပြွမ်းသား ၊ သဲလမ်းကျဉ်းမြောင်း
ဖုံထောင်းထောင်းလျှင် ၊ ဦးခေါင်းတူရူ
မျက်နှာမူလာ ၊ မြင်ရပါသော်
မှုန်ရော်မျက်လုံး ၊ မြရည်ဖုံးလည်း
အပြုံးသို့ရွေ့ ၊ ခုန်ပေါက်ဆွေ့မျှ
လွမ်းငွေ့လွင့်စင် ၊ ပီတိလွင်သည်
သခင်ဆက်ဆက်
လာသည့်ရက်သို့..... တိုင်တိုင်ပြီတကား ။  ။

{ ၂၀ }

သခင်ဆက်ဆက် ၊ လာနေလျက်မို့
ရှိုက်သက်လွန့်လွန့် ၊ မစိုးရွံ့တော့
တိမ်ညွန့်သို့ပျံ ၊ မြင်းခွာသံလည်း
ညဥ့်ယံကိုခွင်း ၊ ပြင်းပြင်းချီလာ
ဒုန်းစိုင်းရာမှ ၊ ညင်သာဇက်သပ်
ပဒတ်ရပ်ကာ ၊ ကျောက်စပ်ရဲတိုက်
လရောင်ရိုက်သည့် ၊ ရွက်ဖြိုက်ဖွားဖွား
ကျွန်းပင်ကြားဝ ၊ ရိပ်ခြည်ပြ၍
နှမရူပါ ၊ လွမ်းကညာသို့
မျက်နှာစေ့စေ့ ၊ ငိုင်မောမေ့အောင်
မျက်တောင်မခတ် ၊ ကြည်ပြီးလတ်သော်
ဆတ်ဆတ်တုန်ရင် ၊ လွမ်းငလျင်၏
ဆွဲငင်လှုပ်ရမ်း ၊ ဖိမ့်ဖိမ့်ကြမ်းကြောင့်
နုတ်ခမ်းဖိကြိတ် ၊ စိုးစိတ်မနိုင်
လွမ်းပင်တိုင်အား ၊ ကြောင်းလျားဖြစ်ပုံ
အားလုံး ကုန်ကို ၊ ဇာတ်စုံလှန်လှော
မေးလေသောခါ ၊ ကျော့သည်းချာသည်.
" ကျိန်စာနှင့်သွေး " ၊ နှောင်းဇာတ်ဆွေး၏
လွမ်းရေးခက်ထန် ၊ ရာဇမာန်နှောင်
ကျဉ်းဖွဲ့လှောင်သည့် ၊ ကျောက်ထောင်ရဲတိုက်
အမှောင်မိုက်တွင် ၊ တရှိုက်ထီးထီး
လွမ်းငြီးဟုန်ဟုန် ၊ လကုန်နှစ်နှစ်
တိတ်နှောင်းဖြစ်အား ၊ ဖွင့်လှစ်မကျန်
ထိန်ချန်မဝှက် ၊ ဥသုံမြွက်ခွန်း
နုတ်ခြည်မွှန်းမှ ၊ ကော့ဝန်းမျက်ရွဲ
သွန်းပုလဲလည်း ၊ စဲမည်တန့်မှ
စီးပြန့်စလည် ၊ ကြန့်မဆည်လျှင်
ရှိုက်စည်မြည်ဟီး ၊ ငိုမပြီးသည်
လွင်တီးခေါင်ခေါင်......
မမြင်ယောင်တော့.... ပြီပြီတကား ။  ။

{ ၂၁ }

သဇင်နှစ်ခက်....
တနွယ်ယှက်ရန် ၊ ခက်ကြပြန်တည့် ။
ဝေးလံခရီး ၊ ကွဲကွာပြီးမှ
ဆုံဆီးတွေ့ကြိမ် ၊ ချစ်ရိပ်ငြိမ်လျှင်
ချိုးနှိမ်ဖျက်ဆီး ၊ ပြုန်းတီးကြေမွ
ဆိုးလှာစွရှင့် ၊ ပရဒွေးဖော်
လွမ်းဇာတ်ကျော်သည့် ၊.နှစ်ဖော်မောင်နှံ
သင်းတို့ကံကား ၊.နံရံထီးထီး
တားဆီးပိတ်ဆို့ ၊ မှိုင်းညို့ညို့ တည့်
ချောတို့ကညာ ၊ လှရုပ်ဝါကို
မြင်ပါစစ ၊ ရိပ်ရိပ်မျှလျှင်
မရကြင်ကောင်း ၊ ရောက်တုံ့နှောင်းခဲ့
ဆီးမှောင်းဖြိုက်ဖြိုက် ၊ ကျောက်ရဲတိုက်ကား
မျည်းငိုက် ဖွေးဖွေး ၊ တဝက်မှေးဖြင့်
ညဥ့်ရေးအိပ်ဖန် ၊ စောင့်ဘိဟန်သို့
ကော့ပျံယွန်းစွင့် ၊.ထိုးထိုးမြင့်တည့်
သဲနှင့်ထပ်တူ ၊ချစ်ကြမူသည့်
လွမ်းသူဇာတ်ဆုံး ၊ ကြော့နှစ်ကုံးကား
မျက်လုံးချင်းဆိုင် ၊ မခွာနိုင်ကြ
စိုးပိုင်ကျိန်စာ ၊ ချိန်ခွင် ညှာကား
ကြမ္မာ နှင့်ကံ ၊ အတုံ့ပြန်တည့်
သက်နှံကျွမ်းဝင် ၊ လှရွှေစင်အား
ချစ်ကြင်ပွေ့ပိုက် ၊ ယူလိုကြိုက်သော်
ရဲတိုက်မြင့်မား ၊ ကျောက်တံခါးကို
သည်းကြားရင်နွေး ၊ နှလုံးသွေးဖြင့်
ပက်ဆေးစွန့်စွမ်း ၊ လမ်းတလမ်းမို့
နောက်လှမ်းခြေဆုတ် ၊ မရုတ်ရဲရဲ
ဆုံးဖြတ်ခဲတည့် ၊ နောင့်သဲသဇင်
လှသခင်မူ ၊ မြင်းရှင်မောင်တော်
ခေါင်းမဖော်သည့် ၊ ညှိုးယော်ပမ်းရိ
နွမ်းမချိအား ၊ မြင်ဘိရေးရေး
ငံ့ငံ့ငေးမှ ၊ ပြေး၍သာလျှင်
ရှင့်ရင်ခွင်ဝယ် ၊ ဦးငင် ခေါင်းဝေ့
နမ်းဖက်ပွေ့တုံ ၊ ရင်ငွေ့လှုံ ၍
ထွေးငုံယုယ ၊ ပြုလိုလှတည့်
ဆန္ဒဆူလှိုက် ၊ သောသည့်ငိုက်တွင်
ရဲတိုက်နိုးလန့် ၊.ချောက်ခြားရန့်သို့
တပ်လှန့်စကား ၊ စူးစူးဝါးကို
မောင်ဖျားခွန်းလွှင့် ၊ တော်လဲ ဆင့်သည်
သဇင့်မျက်ရည် -စဲသိပ်ဆည်ဆည်ရန်သာတကား ။  ။

ဆက်လက်ဖော်ပြပေးပါမည် ။.
23း0 p.m
14.10.2017

မာန်
%%%

ကဗျာဝတ္ထု... အဆက် { ၆ }

ဒေါင်းနွယ်ဆွေ

{ ၂၂ }

အို.....သီတာနှင့်နှိုင်း ၊ မယုံရိုင်းသည့်
မိလှိုင်းမေတ္တာ .....မောင့်သက်လျာ..
ဤကမ္ဘာကား ၊ ကျယ်စွာအနှံ့
မဆံ့ လူ့ဘောင် ၊ အကျဉ်းထောင်တည့် ။
ကြိုးနှောင်ဖွဲ့ရှုပ် ၊ နာမ် ရုပ်စေပါး
ကျေးကျွန်များသို့ ၊ ငိုအားမရ
တခဏလျှင် ၊ ရယ်ရပြန်တုံ
ငိုရကြုံသို့ ၊ ဇာတ်ခုံပြည်ဖုံး
တလျှောက်လုံးကား ၊ မဆုံးတမြှော်
သေမင်းသော်မှ ၊ ချူံးပွဲချလိမ့် ။
ရူပသိင်္ဂီ၊ လှညီရွှေရေး
နှောင်းဇာတ်ဆွေးတွက် ၊ ရွံ့မပျက်လင့်
သွေးကွက်အိုင်ထွန်း ၊ ပင်လယ်မွန်းနစ်
သည်အဖြစ်ကား ၊ အချစ်ရှုံးရေး
ငိုကြွေးပူပင် ၊ အသက်ရှင်လည်း
မရှင်အသက် ၊ သေဘိလျက်သို့
ရုပ်စက်ခန္ဓာ ၊ မလှုပ်သာရဲ
သို့ကတည်းနှင့် ၊ နှိုင်းချင့်ချိန်ဆ
တွက်စစ်ကသော် ၊.သေရမည်မှာ
ဝံ့စရာတည့်... ။
" ပမာလွတ်လပ် ၊ ကျေးဇူးဆပ်သည့်
မြိုင်ရပ်ရင်သွေး ၊ ငှက်ရွှေကျေးအား
ပျံရေးမိုးတိမ် ၊ ချို င့်လှောင်အိမ်မှ
ယုယကိုယ်စား ၊ လွှတ်သောလားသို့ "
မောင်ဖျားနှင့်ငြိ ၊ ချစ်ကျွမ်းမိကြောင့်
နွမ်းရိတောင်တာ ၊ ကြာကြီးကြာအောင်
အကျဉ်းထောင်တွင်း ၊ ငိုယိုခြင်းဖြင့်
ယမင်းနှင့်မှ ၊ ဝန်မမျှသည့်
ဒုက္ခထမ်းပိုး ၊.နှစ်ထပ်လျိုးအား
ဖျက်ချိုးဘို့ရန် ၊ မောင်တာဝန်တည့် ။
တတန်ထပ်ဆင့် ၊ ပြောရလျှင့်မူ.
မျက်ပွင့်နှလုံး ၊ သွေးရည်ဖုံးလည်း
ဖောက်သုံးထွင်းလှပ် ၊ ပေးလာအပ်ဟု
လှနုထွဋ်ဝါ ၊ ဆိုချေပါက
မကြာခုငင် ၊ အသင့်ပင်တည့် ။
ချစ်လျှင်ရဲရဲ ၊ စွဲလျှင်မက်မက်
လွမ်းခက်ခက်မို့ ၊ အသက်နှင့်နှံ
ငါတို့ကံကို ၊ သွေးသံယိုစီး
သို့ရင်နှီးမှ ၊ အပြီးသို့တိုင်
ဇာတ်ဆုံးနိုင်လိမ့် ၊ ငေးမှိုင်တွေဝေ
သည်တိုင်းနေက ၊ ကြာလေဆိုးရွား
ငါတို့ ကြားဝယ် ၊ ရှည်လျားဝေ့သိုင်း
လွမ်းမုန်တိုင်းသည် ၊ ပိုင်းပိုင်းကြွေမွ
ဇကာကျသည့် ၊ သည်းဝနှလုံး
ခြေမှုံးမည့်တူ ၊ မဉ္ဇူ ကိုယ်စား
မောင်ဘုရားသည် ၊ မားမားမတ်မတ်
ခြေဦးရပ်၍ ၊ တုံ့မြတ်ကျေးဇူး
သစ္စာမှူးအံ့ ၊ သေရဲဝံ့..." ဟု
နှုတ်ဆွံ့မြွက်ခြည် ၊ မျက်ရည်ရစ်စို့
သံမြှင်းကြို့ဖြင့် ၊ တစ်ဆို့ တုန်အက်
မိန့်ဖြေချက်သည် ၊ သည်းနက်သဲဆိုင်
ပြုတ်ယိုင်ကြွေလုလုယောင်တကား ။  ။

{ ၂၃ }

သည်းဆိုင်ကြွေပြတ် ၊ လှူမတတ်လျှင်
သည်ဇာတ်လမ်းအိမ် ၊ ကြမ္မာ မှိန်ကား
ကြောင်လိမ်လှေခါး ၊ တိမ်နဂါးသို့
ကွေ့လျား, လှိုင်းကြွ ၊.အနယ်ထလျှင်
ဘဝပင်လယ် ၊ ပြောပြောကျယ်၌
တမယ်တကမ်း ၊ မောင်..တကမ်းတည့် ။
နှစ်ကမ်းဆက်စပ် ၊ လမ်းခုလတ်လည်း
လွတ်ရပ်မမြင် ၊ မုန်တိုင်းဆင်သို့
သခင်လည်းနွမ်း ၊ မယ်လည်းနွမ်းပေါ့
နှစ်နွမ်းတစိတ် ၊ ရွံ့ထိတ်စိုးနှောင့်
ညဥ့်အမှောင့်ဝယ် ၊ လှခေါင်နွဲ့ရှင်း
လွမ်းယမင်းကား ၊ မောင်ဖျားကိုကြည့်
မျက်ရည်ပြည့်သွန်း ၊ ပြူ တင်းစွန်းမှ
ငုံ့ယွန်းမျှော်ရုံ ၊ အစွမ်းကုန်တည့် ။
ချီတုံ. ချတုံ ၊ ဝတ်ရုံပြင်ဆောင်း
ဦးခေါင်းမဖော် ၊ ရှင့်မောင်တော်မူ
ခက်ထရော်မျက်နှာ ၊ မပြုံးသာလည်း
လှဝါသူ့ထွက် ၊ မချိလျက်က
ပြုံးသက်ယောင်ယောင် ၊ ညို့မှောင်သမ်းသမ်း
ညဥ့်နှမ်းနှမ်းဝယ် ၊ စမ်းဝါးမျှ မြင်
လှသခင်ကို ၊ ငေးမှင်သက်မိ
နောက်ဆုံးကြည့်၍ ၊ ဖြေးအိနှေးနှေး
ခြေလှမ်းလေးဖြင့် ၊ ဖွေးဖွေး ဖြူ စင်
လရိပ်ထင်သည့် ၊ ကျောက်ပြင်တံခါး
ရဲတိုက်ပါးသို့ ၊ စမ်းတွားလှုပ်ရွေ့
ပြကတေ့လျှင် ၊ သခင်လွမ်းခက်
မကြင်ရက်အား ၊ သွေးစက်ဖြင့်သာ
စတေးရာသည် ၊
လွမ်းနာဇာတ်ပွဲ - ခင်းကြတော့တော့မည်တကား ။   ။

{ ၂၄ }

ဇာတ်နာလွမ်းပွဲ ၊ ခင်းအံ့ဆဲတည့်
ရဲတိုက်ဝန်းလည် ၊ သစ်ရိပ်ရှည်လျား
နှင်းဖွားဖွားလည်း ၊ ညိုဖားမည်းသိပ်
အရိပ်ချင်းထပ် ၊ ထီးထီးရပ်၍
မအပ်တန်ရာ ၊ လွဲမှားစွာတည့်
နှစ်ဖြာလွမ်းမီး ၊.လျှံလျှံ ညီးကို
တားဆီးပိတ်ပင် ၊ မည့်အသွင်ဖြင့်
လှုပ်ငင်ရွက်ညှာ ၊ ညိမ့်ညိမ့်ခါတည့်
ဇက်သာကြိုးလွှတ် ၊.ဆွတ်ဆွတ်သန့်ဖြူ
ဆွဲခြူ လည်စင်း ၊ ဖောင်းဝတ်မြင်းလည်း
ယမင်း.. သခင် ၊ နှစ်ယောက်ရှင်၏
ဖြစ်အင်ရိပ်စား ၊ သိသောလားသို့
ခွာဖျားမြေရှပ် ၊ ဆုတ်ကန်ရပ်တည့်
ခုလတ်သည်ခိုက် ၊ မှေးတငိုက်ဝယ်
မြှောက်လိုက်ဝေ့လက် ၊ တံလျှပ်ပြက်၍
ဒါးချက်စိုက်သံ ၊ လဲကျသံနှင့်
ကျောက်ယံယက်မ ၊ တံခါးဝလည်း
သွေးစဖိတ်စွန်း ၊ အိုင်ပြည့်ထွန်းသည်
ငွေသွန်းလရောင် - နီနီလျှံလျှံတကား.။

{ ၂၅ }

လရောင်သွေးစွန်း ၊ သွင်သွင်သွန်းသော်
အဒွန်းရှည်ကြာ ၊ ပိတ်ဆို့လှာသည့်
ယက်လွှာကျောက်ဝ ၊ တံခါးမလည်း
မြင့်ကြွဖြေးညှင်း ၊ ပဲ့တင်ခြင်းဖြင့်
ဟင်းလင်းဟပွင့် ၊ တော်လဲဆင့်တည့်
သခင့်နီးနား ၊ စောင်းပါးရိပ်ချေ
ရွံ့ဟန်နေသည့် ၊ နောင့်ဆွေကျွန်ရင်း
ဖောင်းဝတ်မြင်းလည်း ၊ ရုတ်ချင်းခွာလန့်
မြှောက်ခြေတန့်ကာ ၊ လည်ဆန့်ဟစ်မည်
သိမ့်သိမ့်ဟည်မှ  ၊ ရိပ်ရှည်ကျွန်းအုပ်
ယိမ်းယိမ်းလှုပ်၍ ၊ ကျောက်ရုပ်သွန်းထု
ရှေးဟောင်းပြုသည့် ၊ ပန်းပုနွယ်ခက်
တံခါးရွက်များ ၊ အဟန့်သားလည်း
ရွေ့လျားသာညင် ၊ လဟာပြင်သို့
ဖြောင့်စင်ဖြူးဖြူး ၊ လမ်းမှူးမှူးခင်း
လရိပ်ထွင်းမှ ၊ ယမင်းလှဝါ
လွမ်းကညာလည်း ၊ နှောင်ရာဖွဲ့ကျွတ်
ကိုယ်ရုန်းလွတ်ကြောင့် ၊ ဝမ်းမွတ်အဲ့လဲ
သာတနဲရှင့် ၊ မှောင်မြဲကြာရှည်
ကျင်လည်ရလင့် ၊ မျက်လုံးပွင့်လည်း
ဝင့်သည့်အလင်း ၊.လျှပ်စစ်ဝင်းသို့
ရုတ်ချင်းကျိန်းစူး ၊ မိန်းခွေမူးလျှင်
အရူးတပိုင်း ၊ စိတ်မုန်ရိုင်းဖြင့်
တံတိုင်းခြေဆင်း ၊ ကျောက်သလင်းမံ
လမ်းမယံဝယ် ၊ ဆံနွယ်ဖားလျား
ပိုးသားပုဝါ ၊ ဝတ်ရုံလွှာကို
မြေမှာကွေ့ဝိုက် ၊ ဒရွတ်တိုက်၍
ပြေးလိုက်လွှားလွှား ၊ လွှတ်ဦးမြားသို့
ဝိးုဝါးမျှ မြင် ၊ ရိပ်ရိပ်လျင်သည်
သခင်သက်ရောက် - မှီမှီရန်တကား ။   ။

ဆက်လက်ဖော်ပြပေးပါမည် ။.
1း50 p.m
15.10.2017.

မာန်
.💛💛

ကဗျာဝတ္ထု... အဆက် { ၇ },

ဒေါင်းနွယ်ဆွေ

{ ၂၆ }

ရိပ်ရိပ်လျင်မြန် ၊ သဏ္ဍာန်မဲမဲ
မသဲကွဲတည့် ၊ ရဲတိုက်ပြင်ပ
လွတ်မြောက်ရသော် ၊ နှင်းမြ မြူ မြင်
ပုခက်ဆင်၍ ၊ ဖိတ်စင်စက်စက်
ငွေကွန်ယက်နှင့် ၊ ညဉ့်​နက်ကြယ်ပြောင်
ကော့မြီးထောင်လည်း ၊ သန်းခေါင်ခရီး
တဝက်ချီးကျွံ ၊ ပြင်ပြင်လွန်၍
တံခွန်ရှူးပျံ ၊ ကြယ်ဗိမာန်လည်း
အလျှံ ငြိမ်းစ ၊ မှိတ်တုတ် မျှ ဖြင့်
မြေခတချို့  ၊ ကြွေသမို့လျှင်
ယင်းတို့ဇာတ်ဆွေး ၊ မပြီးသေးသည့်
သွေးစိမ်းရှင်ရှင် ၊ လွမ်းပုံပြင်ကို
မမြင်ရက်ရက် ၊ မရှူ့ ရက်သို့
ညိမ်သက်ဆိတ်ဆိတ် ၊ စိုးရွံ့ထိတ်ကြ
နှင်းပိတ်မြူ ဝေ ၊ ညဥ့်အချေလည်း
တစ္ဆေ..စုန်းမ ၊ ကိုင်းကိုင်းထသည့်
တစလုတ်တိုင်း ၊ မြေသချူင်္ိ င်းသို့
ညရိုင်းငှက်ဆိုး ၊ စုတ်ပြတ်ထိုးနှင့်
လွှမ်းမိုးဘိဟန် ၊ ကြောက်စိတ်သန်လိမ့်
လျှင်မြန်စလို ၊ တကိုယ်မိမိ
လွမ်းသူရိကား ၊.စိတ်သိပြန့်ရာ
" လိပ်ပြာ "လွင့်ပါး ၊ " ရုပ် " နောက်ထား၍
ကျောက်သားခွေရစ် ၊ လှေခါးထစ်မှ
ခြေဆစ်လျှောဆင်း ၊ တလှမ်းချင်းလျှင်
မြေခင်းသဲစ ၊ ခြေနင်းချသော်
မြင်ရလေပြီ.....
သွေးနီမောင်းမောင်း ၊ အိုင်အိုင်လောင်းနှင့်
လဲလျောင်းခွေခွေ ၊ လွန့်နေလူးလူး
ဒါးစူးသည့်ဒဏ် ၊ ဖေးလက်ခံ၍
သွေးသံရဲရဲ ၊ ရှုဝံ့လွဲသည့်
ရှင့်သဲကျွမ်းဖော် ၊ တွေ့ရသော်မှ
ဟစ်အော်နှုတ်ထွက် ၊ ရုတ်တရက်လျှင်
" အို...အသက်သခင် ၊ ဖျာ့အရှင် " ..ဟု
လက်ငင်ရွေ့လှမ်း ၊ ရှေ့ဆန့်တန်းကာ
သဲလမ်းကွေ့ထောက် ၊ အပြေးရောက်သည်
ထွေးကောက်ပိုက်ယူ - မျက်ရည်ဆူဆူနှင့်တကား ။  ။

{ ၂၇ }

ထွေးကောက်ပိုက်ယူ ၊ မျက်ရည်ဆူရှင့်
သွယ်ဖြူ ညက်မွေ့၊ လက်တပွေ့ဝယ်
သက်ငွေ့မြှင်းမြှင်း ၊ ညှင်းညှင်းလွင့်ရုံ
ဇောညာဉ်ခုန်တည့် ၊ ဝတ်ရုံမောင်းကုပ်
တစောင်းအုပ်လည်း ၊ ခေါင်းမြု ပ်ပြည့်ဖုံး
ခြေအဆုံးထိ ၊ ထွေးလုံးရစ်ပတ်
မရှုအပ်သော ၊ ဆတ်လတ်ပူနွေး
မခြောက်သေးသည့် ၊ ရှင့်သွေးသွန်သွန်
ပင်လယ်လွန်ကို ၊ မိမွန်ကြော့လျာ
မြင်ပါစေ့စေ့ ၊ အသဲကြွေ့လျှင်
ထွေးပွေ့ရင်ခွင် ၊ ယုယတင်၍
ကိုယ်တွင်ရစ်လွှာ ၊ ပိုးပုဝါဖြင့်
သာသာသိုင်းလွှမ်း.၊ တစမ်းစိုးစိုး
ဝါးဝိုးဝိုးမျှ ၊ မှတ်မိစွသည့်
ငယ်ကကြင်ဖော် ၊ မျက်နှာတော်ကို
ခုသော်ရှေ့မှောက် ၊ လရောင်အောက်တွင်
သက်ရောက်မှီမှီ ၊ ကြိမ်ရပြီမို့
" သိင်္ဂီရွှေခွက် ၊ မင်းပွဲဆက်သည့်
ကျောက်မျက်ရတနာ ၊ ပျောက်ဆုံးရာက
နှစ်လကြာဟောင်း ၊ အချိန်နှောင်းမှ
ပြန်ပြောင်းလက်ဝယ် ၊ ရဘိနှယ်သို့ "
တနွယ်ပမာ ၊ ဆိုရပါမူ
" ငယ်ဝါနုနု ၊ ရွယ်ပုလုမှ
စက္ခု မျက်ဝန်း ၊ ကြောင်တောင်ကန်းကာ
ပျို ဖြန်းဖားဖား.၊ ရောက်လုနားမှ
သမားကျော်နှင့် ၊ ဆေးလျော်သင့်ကြောင့်
တော်ပွင့်မျက်လုံး ၊ အမှောင်ဆုံးကာ
ငယ်တုံးကပုံ ၊ မှေးမှေးမှုံကို
အာရုံပြင်းပြ ၊ ပြန်ကြည့်ရသို့ "
တ.သ ကြေကွဲ ၊ ပါသော်လဲမူ
တနွဲရုတ်ချင်း ၊ အံကြိတ်တင်း၍
သွေးချင်းချင်းနီ ၊ ဝတ်ရုံနီအား
လက်နီသွေးလူး ၊ ကြာစွယ်ဖူးဖြင့်
လှမှူးပျို မျစ် ၊ ဆွဲဖွင့်လှစ်သည်
နှောင်းချစ်မေတ္တာ - လွမ်းလှာလင့်လင့်နှင့်တကား ။  ။

{ ၂၈ }

နှောင်းချစ်မေတ္တာ ၊ လွမ်းလှာလင့်လင့်
ကြာသဖြင့်မို့ ၊.ဝါဝင့်မျက်နှာ
သည်းကြော့ညှာကို ၊ သက်လျာခုံမင်
ယုယယှဉ်၍ ၊ ငွေစင်ယက်ဖောက်
ကြယ်ဖြောက်ဖြောက်နှင့် ၊ ကွန်းထောက်လရောင်
ရိပ်ခြည်နှောင်ဝယ် ၊ တန်ဆောင်လွမ်းမီး
ဟုန်းဟုန်းညီးကို ၊ အပြီးညိမ်းသတ်
မရတတ်လည်း ၊ ရင်ပတ်စည်တီး
အချည်းနှီးမို့ ၊ စိမ့်စီးမျက်ရည်
ဝဲဝဲလည်ခြား ၊ မှုံမွှားမွှားမှ
ငုံ့အားငိုက်လှည့် ၊ စိုက်စိုက်ကြည့်သော်
ဘယ်သည့်ကြောင်းဖန် ၊ မသိတန်ရှင့်
ဆင်းကြန်လှဝါ ၊ လွမ်းကညာ၏
ယုယာတပ်မက် ၊ ငေးမှင်သက်လည်း
ခက်ထရော်ပြောင်းလွဲ ၊ ပြင်တလဲလျှင်
နီရွဲမျက်လုံး ၊ ဒေါရိပ်ဖုံးကာ
မီးစုန်းတောက်လျှမ်း ၊ ပွင့်ခမန်းတည့်
နုတ်ခမ်းဆတ်ဆတ် ၊ သွားချင်းခတ်မျှ
စိုလတ်မျက်ရည် ၊ မိုးစည်စည်လည်း
တန်ဆည်စဲသိပ် ၊ ပါးတွင်အိပ်၍
အဆိပ်လူးမြှား ၊ နှလုံးသား ထိ
အငိုက်မိသို့ ၊ သတိလွင့်မြော
တမေ့မောဝယ် ၊ ဇောချွေးစီးထန်း
ကြက်သီးဖြန်းရှင့် ၊ နီမြန်း ရှက်သွေး
မင်းရေးနန်းဟန် ၊ မာနမာန်လည်း
အလျှံဝင်းဝင်း ၊ ထင်းထင်းပေါ်လှာ
လွမ်းမျက်နှာလျှင် ၊ လဝါယုန်ရုပ်
တိမ်ငပုပ်မျို  ၊ မည်းမည်းညိုသို့
နန်းပျို ကြော့စင် ၊ လှသဇင်သည်
လက်တွင်ယုယ ၊ ဖေးမကြင်နာ
ပိုက်ပွေ့ရာတည့် ၊ သည်းချာတမျှ
ချစ်စွမောင်တော် ၊ သွေးရုပ်လှော်အား
ငုံ့သော်စောင်းလှည့် ၊ ပြန်မကြည့်ရဲ
မျက်လွှာလွဲ၍ ၊ သလဲမြေသန့်
သွေးလှန့်လှန့်သို့ ၊ ရုတ်တန့်ခိုက်ချင်း
လျှပ်တဝင်းဝယ် ၊ စိတ်တင်းမနိုင်
ငေးငိုင်ငံ့ငံ့ ၊ ဝံ့တဝံ့လျှင်
ကြောက်ဆွံ့နှုတ်အ ၊ လွှင့်ပစ်ချသည်
ဒေါသမုန်တိုင်း - ထန်ထန်နှင့်တကား ။   ။

အပိုဒ် ၂၇ မှ

မရှုအပ်သော ၊ ဆတ်လတ်ပူနွေး ...စာအုပ်ပါ စာလုံး အတိုင်းဖြစ်ပါသည် ။

ဆက်လက်ဖော်ပြပေးပါမည်

2း48 p.m
16.10.2017

မာန်
😢😢😢

ကဗျာဝတ္ထု .. အဆက် { ၈ }

ဒေါင်းနွယ်ဆွေ

{ ၂၉ }

ဒေါသမုန်တိုင်း ၊ ရင့်ရော်ရိုင်းရှင့်
လေလှိုင်းတို့လည်း ၊ သိပ်သိပ်သည်း၍
ညဥ့်မည်းနက်မှောင် ၊ သန်းယာမ်ခေါင်၏
လ..ရောင်စို့စို့ ၊ ကြယ်ယို့ယို့ယံ
ဇာတ်ချွေရံလည်း ၊ မညံဆိတ်ဆိတ်
တိတ်တိတ်တီးတိုး ၊ တခွန်းမျိုးမှ
မဖွင့်ဟကြ ၊ ရှိုက်ရရှက်ရှက်
ငိုခက်ခက်သည့် ၊ အတက်သော်ကောင်း
အဆင်းနှောင်းသူ ၊ ကြော့ဖြူ နွမ်းရိ
လွမ်းတမိကား ၊ အားရှိခွန်ကုန်
လှပ်လှပ်တုန်၍ ၊ ခြေစုံမတ်မတ်
မေ့မေ့ရပ်မှ ၊ ကြိုးပြတ်ရုပ်ခွေ
လဲကျချေသို့ ၊ အံ့တွေမောမော
သည်နံရောဝယ် ၊ ဒေါသချူ ပ်ကိုင်
မထိန်းနိုင်ကြိုး ၊ အိပ်လန့်နိုးလျှင်
" အို...! မျိုးယုတ်ညံ့သား ၊ သေးသိမ်မွှားသည့်
ဖုန်းစားညတြာ ၊ ဒွန်းစဏ္ဍာ.....
မဟာနွယ်စစ် ၊ ဧကရာဇ်၏
ရင်နှစ်လျာပြီး ၊ ငါ့သမီးကို
သွေးစီးပုပ်ယို ၊ မည်းနက်ညို သော
သင်လိုယောင်္ကျား ၊ နှလုံးသားဖြင့်
ကိုယ်စားမောင်တော် ၊ စတေးသော်မှ
လွတ်မြောက်ရမူ.....
ရာဇသမိုင်း ၊ ရိုင်းကြီးရိုင်း၍
တွေးတိုင်းသဲနာ ၊ ဆတ်ဆတ်ခါလျှင်
မဟာလိလိ - ရှက်ဖွယ်တိ..." ဟု
သံရှိကုန်ဟစ် ၊ ဆို့နစ်ကွဲအက်
တခဲနက်မျှ ၊ ခွန်းမြွက်စီးစီး
ရင့်ရင့်သီးလျှင် ၊ ဒေါမီးတောက်လျှံ
ရင်ဖွင့်အံသော် ၊ ငေးမော်ရုံမှ
ကျန်အပတွင် ၊ သွေးစ..လူးပေ
နှောင်းမျက်ရေယဉ် ၊.သက်လုငင်သည့်
ယခင်နံရော ၊ တရံသောဆီ
ညဥ့်တရီဝယ် ၊ တေးသီလက်စွမ်း
စောင်းဗျတ်ထမ်း၍ ၊ သဲလမ်းကွေ့မှောင်
လွမ်းဖွဲ့နှောင်သည့် ၊ ဟန်ဆောင် " မင်းသား "
သူဖုန်းစား၏ ၊ သည်းကြားရင်ဆိုင်
နှလုံးခိုင်သည် ၊ ဆုပ်ကိုင်ရမ်းမွေ့
ပြုတ်စင်ကြွေ့သည်
သက်ငွေ့ငွေ့ကျန် - လူးလန်လွန့်လွန့်နှင့်တကား ။  ။

{ ၃၀ }

သက်ငွေ့ငွေ့ကျန် ၊ လူးလွန့်​ လန်လျှင်
မာန် - မာန် - မာန် - မာန် ၊ ဤသည့်မာန်ကား
မီးလျှံပမာ ၊ တောက်လောင်လှာရှင့်
လွမ်းလျာဖုန်းစား ၊ စောင်းသမားမူ
ကျောက်ဖြူ ရဲတိုက် ၊ ဦးခေါင်းဆိုက်၍
လှမိုက်သူခက် ၊ နန်းသူညက်၏
ရက်စက်သီးရင့် ၊ မမျှော်လင့်သည့်
ခွန်းဆင့်စကား ၊ ဆတ်ဆတ်ကြားသော်
စွင့်နားစိုက်ထောင် ၊ မယုံယောင်လျှင်
သံဒေါင်ခုနှစ်စင်း ၊ ပစ်လှာသွင်းသို့
လွန့်ရင်းသက်ငင် ၊ မမြင်လရောင်
ကြိုးကြောင်ကြောင်တည့် ၊ အမှောင်တကွက်
သွေးတကွက်လည်း ၊ အကွက်ချင်းထိ
စက်ဝိုင်းညှိရှင့် ၊ မိုးရှိကြယ်ဆိုင်
ဖယောင်းတိုင်များ ၊ အငိုင်သားလည်း
ရှည်လျားလွမ်းဇာတ် ၊ အဆုံးသတ်ကို
မပြတ်မျက်ခြေ ၊ စောင့်ငံ့လေသို့
တွေဝေဆိမ်ဆိမ် ၊ နေနေညိမ်၏
ရေတိမ်မနစ် ၊ ရေလယ်နစ်သည့်
ပျို မျစ်နုနယ် ၊ သနားဘွယ်ကို
ငြိတွယ်မေတ္တာ ၊ စေတနာပင်
စိုက်ပျိုးချင်လည်း ၊ မြေပြင်ခင်းသန့်
မရှိရန့်သူ ၊ ဖုန်းလူတောင်းစား
စောင်းသမား၏ ၊ ကြီးမားကြီးထင့်
မြှော်ကောင်းလင့်သော ၊ သွေးဖြင့်စတေး
စွန်းစွန်း ထေးသည့် ၊ အတွေးကြေးမုံ
အလုံးစုံလည်း ၊ အမှုံစိပ်စိပ်
အလိပ်လိပ်အက် ၊ ကွဲကြေပျက်တည့်
အတက်.အဆင်း ၊ ရယ်ခြင်းနှင့်ငို
စက်ဝိုင်းလိုလျှင် ၊ ငိုခြင်းနှင့်ရယ်
ဝန်းဝန်းလယ်ရှင့် ၊ လျှပ်နွယ်တခက်
စိုးစစ်ပြက်သည့် ၊ သက်တန့်ရောင်နီ
ဘမ်းရချီသို့ ၊ မမှီမိမိ
စိတ်ကသိလည်း ၊ သတိလစ်ခိုက်
ကောက်ကောက်လိုက်သို့ ၊ လှမိုက်မိမာန်
ရက်စက်ထန်ပြင်း ၊ နှုတ်မြွက်လင်းသော
ဆိုရင်းစကား ၊ စေ့စေ့ကြားသော်
ခွန်အားရှိဆ ၊ လူးလွန့်​ ထလည်း
လဲကျ ပြန်တုံ ၊ အားအင်ကုန်၍
ခြေခုံမို့မို့ ၊ စိမ်းမိပျို့ အား
တို့တို့ထိနမ်း ၊ ရွရွစမ်းစဉ်
နောက်လှမ်းတုံ့ငဲ့ ၊ ခြေဦးဖဲ့ကာ
လှနွဲ့မိကလျာ ၊ ဆုတ်လှည့်ခွာမှ
လက်သာ ကိုယ်လွတ် ၊ ပူပြင်းမွတ်လျှင်
သွေးဆွတ်ဆွတ်ဆမ်း ၊ ရှိုက်အမ်းအမ်းမေ့
လျောင်းညွှတ်ခွေ့ရှင့် ၊ မြင့်စွေ့တိမ်စွန်
ငွေရည်သွန်းမှုန်း ၊ ကြယ်အားလုံးလည်း
ကြွေပြုန်းလွင့်လှာ ၊ သည်အခါမှ
မြေမှာပြန့်ကြဲ ၊ လှုပ်လှုပ်သဲလျှင်
စိန်ရွဲမြပွင့် ၊ ဖွဲဖွဲဆင့်သည်
လွမ်းရှင့်သွေးအိုင့်
မြိုင့်မြိုင့်စီးသံ တိတ်လှဲ့ပြီတကား ။  ။

{ ၃၁ }

လွမ်းရှင့်သွေးအိုင့် ၊ မြိုင့်မြိုင့်မြန်းနီ
လွမ်းပန်းချီ၏ ၊ ဇာတ်အိမျောမျော
ဆုံးအံ့သောတည့် ၊ သည်ရောစဉ်ခါ
သမယာဝယ် ၊ မြင်းခွာသံကုန်
ကဆုန်စိုင်းပေါက် ၊ ထိုးထိုးထောက်ထင့်
ကွေ့ကောက်သဲမျဉ်း ၊ မြူ ပါးပျဉ်းနှင့်
လမ်းကျဉ်းမြှောင်မြှောင် ၊ ကျွန်းရိပ်မှောင်မှ
တကောင်းမြင်းနက် ၊ ကုန်းနှီးထက်ဝယ်
ခံ့ထယ်ခိုင်ထွား ၊ ကြန့်ကြန့် ကြွားသည့်
ယောက်ျား လုလင် ၊ နောင့်မြင်းရှင်သည်
မည်းလွင်ဝတ်ရုံ ၊  နှောင်သိုင်းခြုံ၍
မြှော်ပုံတော်လှည့် ၊ ဝန်းလည်ကြည့်ကာ
သွေးပြည့်ပြည့်ထွန်း ၊ ဖိတ်စက်စွန်းသည့်
ရှေ့ယွန်းရဲတိုက် ၊ ဦးလှာခိုက်မှ
ကြုံ ကြိုက်ဘိတောင်း ၊ ရောက်စွာကောင်းလျှင်
ငယ်ဟောင်းချစ်သူ ၊ သဲထပ်တူမျှ
ချစ်လှာစွပြီး ၊ ရာဇမီးမွှေ
ထောင်းထောင်းချေကြောင့် ၊ .တမြေ..တဝေး
တကျေး..တရွာ ၊ ကွဲလွန်ကွာသည့် 
သစ္စာပွင့်ဖူး ၊ လှမိဦးနှင့်
မြင်မူးမတ်မတ် ၊ ကြိမ်ရလတ်သော်
လွမ်းငတ်မွတ်ဆာ ၊ မေတ္တာ စောင့်စည်း
မအောင့်အီးနိုင် ၊ လှကေခိုင်၏
လည်တိုင် ညွှတ်ပြော့ ၊ ကော့ရရော့အား
အသော့လှမ်းဖက် ၊ နွယ်ရစ်လက်ဖြင့်
ညံ့ညက်ပိုက်ပွေ့ ၊ မိုက်တမေ့ဝယ်
ဆွေ့ဆွေ့ မြှောက်ပါ ၊ သောအခါမှ
 ကညာနုနယ် ၊ ဆင်စွယ်ရုပ်ပြီး
မင်းသမီးလည်း ၊ ဟီးလေးတွဲခို
မငိုရှိုက်ရှိုက် ၊ မငိုက်မျည်းမျည်း
မသည်းကြွေကြွေ ၊ မဝေနှောင့်နှောင့်
မထောင့်ဖင့်ဖင့်၊ မလင့်သာသာ
ပြုံးမျက်နှာဝန်း ပီတိရွှန်းရှင့်
နစ်မွန်းဦးခေါင်း ၊ မှီတစောင်းတင်
သခင့်ရင်ဝယ် ၊ မျက်ရည်ပြယ်၍
မှေးတွယ်အိပ်စက် ၊ မှိန်းမှိန်းမှိတ်ကာ
သစ်ရိပ်ရှည်ငိုက် ၊ ကျောက်ရဲတိုက်နှင့်
နှစ်ခြိုက်အိပ်ပျော်၊ မနိုးသော်မည့်
သွေးဖျော်ဖုန်းစား ၊ စောင်းသမားအား
ချန်ထားရစ်လှဲ့ ၊ နောက်မငဲ့လျှင်
တေးနွဲ့သံညှင်း  ၊ သီချင်းသီလွင်
လည်ချင်းယှဉ်၍ ၊ ခွာလျှင်မြန်သော့
မြင်းနက်ကြော့၏ ၊ ဦးကော့မြီးဖွား
လွှားလွှားလွှင့်ပျံ ၊ ညိုးညိုးညံဝယ်
ရယ်သံ သိမ့်သိမ့် ၊ လှိုင်းလှိမ့်လှိမ့်ဖြင့်
ယိမ့်ယိမ့်ယိမ်းယိုင် ၊ ပျော်ပိုင်ပိုင်ပေ့
မီးတိုင်မှိတ်တုတ် ၊ ကြယ်လှုပ်လှုပ်လည်း
ကနုတ်ရှစ်ချွန်း ၊ ခရီးစွန်းအား
ညှိထွန်းလမ်းပြ ၊ ရွှန်းရွှန်းပသည်
ဝန်းလဝါဝါ
သာသာ မွန်းတည့်ချိန်တကား ။  ။

{ ၃၂ }

ဝန်းလဝါဝါ ၊ သာသောင့်သာသား
ခွာသံပြင်းပြင်း ၊ ဒုန်းမြင်းနက်ပျံ
ကဆုန်သံမူ ၊ နဘံကောင်းကင်
ရောက်အံ့ထင်တည့် ၊ သဇင်နှစ်ခိုင်
နှစ်ပင်တိုင်ကား ၊ သွေးအိုင်ဖြင့်ပြ
ဝန်းလဝါဝါ ၊ သာသောင့်သာသား
ခွာသံပြင်းပြင်း ၊ ဒုန်းမြင်းနက်ပျံ
ကဆုန်သံမူ ၊ နဘံကောင်းကင်
ရောက်အံ့ထင်တည့် ၊ သဇင်နှစ်ခိုင်
နှစ်ပင်တိုင်ကား ၊ သွေးအိုင်ဖြင့်ပြီး
ရင်းနှီး စွန့်ရဲ ၊ ကြိုးပြတ်လဲကြွေ
အိပ်ပျော်ချေသော ၊  ပဝေရှေးခါ
သာယာစောင်းညှင်း ၊ လွမ်းကြိုးတင်းသည့်
ယမင်းမိမွန် ၊ တယောက်ကျွန်သား
သူဖုန်းစား ကို ၊ လားလားမျှပင်
မခင်အသိ ၊ သတိမရ
ယစ်မူးစွဖြင့် ၊ မြင်းက.ခွာလျင်
စိုင်းနှင်သော့သွက် ၊ ဖျားမောင့်လက်ဝယ်
မှေးစက်အိပ်ရင်း ၊ မျက်တောင်စင်းဖြင့်
သီချင်း ဇာတ်ပေါင်း ၊ တငြောင်းငြိမ့်ငြိမ့်
နှုတ်ချို ဆိမ့်စွ ၊ ကျောက်အိမ့်ရဲတိုက်
ဦးခေါင်းစိုက်လျောင်း ၊ ဖုန်းသူတောင်းမူ
စီးချောင်းမြစ်ဖြာ ၊ သွေးမွေ့ယာဝယ်
မေတ္တာ. စောင်း.နှိုး ၊ လွမ်းကြိုးမသီ
နိုင်ပါပြီတည့် ၊ သိင်္ဂီဖူးသစ်
လှမာန်ယစ်၏ ၊ ကြွင်းရစ်ကိုယ်စား
နောက်ဆုံး ပါးသည့် ၊ လွင့်လျားလေတွင်
သဲ့သဲ့ ထင်သော ၊ တေးလွင်သံမြ
ချို စစနှင့် ၊ ဝေးမှခွာသံ
လွင့်လွင့်ပျံကို ၊ နားယံစွင့်စွင့်
မကြားလင့်တော့ ၊ သွေးဖြင့် ယက်ဖောက်
အနီသောက်သည့် ၊ ဟောက်ပက်ရော်ရော်
မိုးမျှော်မျက်လုံး ၊ ပွင့်နှစ်ကုံးကား
အပြုံး မပျက် ၊ မမုန်းရက်လျှင်
ပုန်းဝှက်နောက်ကွယ် ၊ အနက်ကျယ်သည့်
ရယ်ဘွယ် သောသော ၊ ဤလူ့လော၏
သဘောသကန် ၊ သရုပ်မှန်ကို
လွန်ပြန်ပြီးမှ ၊ ရလေစွ...ဟု
နောင်တနိဂုံး ၊ သွယ်မဆုံးရှင့်
လွမ်းရှုံး ဇာတ်ရှု ၊ ရင်ထုမနာ
ဖြစ်ရစွာတည့် ၊ တိမ်လွှာ လည်းငို
ကြယ်လည်းငို၍ ၊ လငို.လေငို
အားလုံး ငိုလည်း ၊ လူညိုဖုန်းစား
စောင်းသမားမူ ၊ ကြည်ဖြူ နှစ်ခြိုက်
အိပ်ငိုက် တရေး ၊ မနိုးသေးပြီ
သွေးသည်သစ္စာ. ....
စစ်စစ်စိုးစိုး စွေစွေတကား ။   ။

{ ၃၃ }

သင်မယုံလည်း
သင်ယုံသောခါ ၊ ဤကဗျာသည်
စီးလှာမျက်ရည် ၊ စမ်းစမ်း စိမ့်လိမ့်တကား ။  ။

ဒေါင်းနွယ်ဆွေ

{ ၁၉၅၃ - ခု ဇူလိုင်လ၌ စီကုံးပြီးစီးသည် }
ဆရာကြီး​ဒေါင်းနွယ်​​ဆွေရဲ့ ``မာန်​´´ဆို​သော ကဗျာ-ဝတ္ထုရှည်​ကြီးကို
ပြန်​လည်​​ဝေမျှအပ်​ပါသည်​။ ဤကဗျာ-ဝတ္ထုရှည်​ကြီးကို ​ပေးပို့လာ​သော
ညီငယ်​ ကိုကို​ဇော်​ကိုလည်း ​ကျေးဇူးတင်​ရှိပါသည်

မာန်
💘💘💘
ကဗျာဝတ္ထု

ဒေါင်းနွယ်ဆွေ

" တယောက်သောသူက ငါထံမှ အသဲနှလုံး တို့ကို ထုတ်ယူသွားကတည်းက လောကတွင် ရပ်တည်နေနိုင်ရန် မဖြစ်သော်လည်း ကဗျာရေးရန် အတွက်သာ ငါ့မှာ အသက်ရှင်နေရတော့သည်ဟု စကားဆိုလှာတတ်သော ချစ်ညီ.... တဦးသို့ "

{ ၁ }

သင်မယုံလည်း
သင်ယုံသောအခါ ၊ ဤကဗျာသည်
စီးလှာမျက်ရည် ၊ စမ်းစမ်းစိမ့်လိမ့်တကား ။ ။

{ ၂ }

သွယ်ခိုင်မြင့်သွန် ၊ ရေတံခွန်လည်း
ငွေကွန်ဇာနား ၊ လှိုင်းပန်းပွားနှင့်
ကျောက်သားတောင်ခြေ ၊ ဝဲ, ယာ, ခွေတည့်
သဲမြေဂွမ်းနု ၊ ပုလဲဥလည်း
အဖုအထစ် ၊ အရစ်ရစ်လျှင်
သစ်မြစ်လမ်းလျှောက် ၊ ဟောင်းလောင်းပေါက်နှင့်
အညှောက်စို့စို့ ၊ ထွားထွားမို့တည့်
အို့....... ဘယ်သူ့ခြေရာ ၊ ဘယ်သူလာ၍
ဘယ်မှာသို့လျှင် ၊ ခရီးနှင်လိမ့်
သမင်ရေသောက် ၊ ကျားလည်းဟောက်ပေါ့
ရှေ့နောက်ဝန်းချာ ၊ မျှော်လေရာကား
ကိုင်းဖြာယှက်ကုပ် ၊ ကျွန်းအုပ်ညို ညို
ဟီးလေးခို၍ ၊ မယိုနေခြည်
နှင်းရည်မခ ၊ ဤဒေသသည်
ကျောက်ဝကနုတ် ရဲတိုက်တည်း ။  ။

{ ၃ }

ကျွန်းအုပ်ပိတ်ဖုံး ၊ လမ်းအဆုံးကား
ပွတ်လုံးကျောက်တိုင် ၊ ပန်းခိုင်ပန်းခက်
နွယ်ခြင်းယှက်မျှ ၊ စွမ်းထက်ပညာ
ဗိသုကာ၏ ၊ လက်ရာစစ်စစ်
အမွေနှစ်တည့် ၊ ခွေရစ်သွယ်အိမ်
ကြောင်လိမ်လှေခါး ၊ ကျောက်ဖြူ သားလည်း
တိမ်ပါးသို့လု ၊ ဘယ့်နှယ့်ထုပါ့
ပန်းပုကျွမ်းကျင် ၊ မျှော်စင်,မျှော်ခမ်း
အလမ်းလမ်းတည့် ၊ လက်ရမ်းလည်းကျောက်
မုခ်အိုးကျောက်လျှင် ၊ သခင်မရှိ
မှောင်အတိမို့ ၊ အသိမမြင်
ဘယ်သို့ထင်ရ ၊ ကြာလျှင်ရွံ့ကြောက်
တစ္ဆေခြောက်လိမ့်  ၊ ကွေ့ကောက်ခြေဆင်း
ကျောက်သလင်းလမ်း ၊ ပြာနှမ်းနှမ်းလည်း
လခြမ်း ရထား ၊ နုတ်ခမ်းပါးကို
စောင့်စားနေဟန် ၊ ထီးထီးကျန်သည်
မညံဆိတ်ဆိတ် - သာတကား ။   ။

{ ၄ }

အို့ ...... နားထောင်စမ်းပါ ၊ ဤအခါဝယ်
လွင့်လှာလေတွင် ၊ ရှိုက်သံထင်၏
တံဇင်ရိတ်သံ ၊ ဗျတ်စောင်းသံလို
သံညိုလည်းရော ၊ သံချို နှော၍
အတောမသတ် ၊ လှိုင်းခြင်းထပ်မျှ
ကြွေပြတ်သည်းဆိုင် ၊ ဗျာဝှန့်လှိုင်သူ
ညှာခိုင်ဖြူ ထား ၊ မယ့်တပါးသည်
ကြောက်အားလည်းမွှန်း ၊ စိုးရွံ့လွန်၍
အားသွန်စိုက်စိုက် ၊ ခေါင်းမှေးငိုက်ကာ
ကြေးဝါသံနှောင် ၊ အကျဉ်းထောင်၏.
အမှောင်မြေခမ်း ၊ ကျောက်ခါးပန်းကို
တစမ်းဝါးဝါး ၊ ကုတ်ဖဲ့ကျားကန်
အားမတန်ရှင့် ၊ မဟန်တော့နိုင်
ခွေပြတ်ယိုင်မှ ၊ လက်မှိုင်ညှိုးလျ
သက်ပြင်းချ ပြီး ၊ " တောက် " ခေါက်ငြီးနှင့်
ရှိုက်ကြီးတငင် ၊ မျက်ရည်ယဉ်သည်
ပါးပြင်ငြိမ့်ငြိမ့် စီးသတည်း  ။  ။

{ ၅ }

မျက်ရည်အိုင်ထွန်း ၊ ငိုရလွန်း၍
ပြည့်ရွှန်းရူပါ ၊ ကြော့ရုပ်ဝါလည်း
နံ့သာပြင်လွင် ၊ ညှိုးရော်ရင့်တည့်
ကစင့်ကလျား ၊ ဆံဦးဖွားလည်း
လှုပ်ရှားလှိုင်းတွန့် ၊ လွန့်၍ဖွာလျာ
လေနှင့်ပါ၏ ၊ ဘဇာတွက်ကြောင့်
တအောင့်မနား ၊ မျက်ရည် များရှင်
လှကေသွင်သည် ၊ ပဲ့တင့်သည်းထန်
ငိုရဖန်လိမ့် ၊ ညိုစိမ့်နက်မှောင်
ကြော့မျက်တောင်ဝယ် ၊ တောက်ပြောင်ပုလဲ
တွဲရရွဲခို ၊ ရွမ်းရွမ်းစိုတည့်
အငိုရပ်သော် ၊ ရှိုက်သံပေါ်လာ.
ဂယက်ဖြာရှင့်.......
ကြောင်းရာစေ့ငုံ ၊ သည်ဖြစ်စုံကို
ကြေးမုံသဖွယ် ၊ စမ်းရေစွယ်မှ
ပုန်းကွယ်တိုးလျိုး ၊ နွမ်းနယ်ညှိုးသည့်
အမျိုးညံ့သား ၊ သူဖုန်းစားမူ
မျက်ဝါးထင်ထင် နေ့ဆက်မြင်သည်
သဇင်ကြွေမည် - စိုးယောင်ယောင်တကား ။  ။

မာန်
💟💟💟
ကဗျာဝတ္ထု.. အဆက်.. ၂

ဒေါင်းနွယ်ဆွေ

{ ၆ }

လဝန်းငွေအိမ် ၊ ထွန်းညှိချိန်ဝယ်
မြူ တိမ်ဂွမ်းဆက် ၊ ယက္ကန်းယှက်၍
လျောင်းစက်ကျွန်းအုပ် ၊ မှောင်မှာမြုပ်သော်
တပုဒ်ထံတျာ တေးကဗျာအား
ဗျတ်လွှာစောင်းရှင် ၊ နုတ်ဦးလွင်မှ
ပီယဝါစာ ၊ မြည်လှာသဲ့သဲ့
လွမ်းလှိုင်းဖွဲ့ရှင့် ၊ သံနွဲ့ လေးလေး
သံအေးဖိုဖို ၊ သံချို နုနု
သံညု ရစ်နှောင် ၊ ညှို့ လှာယောင်တည့်
အမှောင်တဝက် ၊ လရောင်ပက်ဆမ်း
သဲဖြူ လမ်းဝယ် ၊ ထမ်းငြားဗျတ်စောင်း
ညိုမောင်းမောင်းကို ၊ လက်ချောင်းညွှတ်တင်
လွမ်းကြိုးငင်သည့် ၊ လုလင်ယောင်္ကျား
သူဖုန်းစားသည် ၊ နှင်းဖွားဖြိုက်ဖြိုက်
ကျောက်ရဲတိုက်မှ ၊ ရှိုက်သံကြားရာ
ပြူ တင်းလွှာသို့ ၊ မျှော်ကာရပ်တန့်
လည်တိုင်ဆန့်ရင်း ၊ ရင်တွင်းပြည့်ကြပ်
ထားရှိအပ်သည့် ၊ ကိန်းဝပ်မေတ္တာ
ဂရုဏာနှင့် ၊ ကြင်နာသနား
သောစိတ်များသည် ၊ သည်းကြားရင်ဆိုင်
ဖူး..ပွင့်.. ခိုင်..သည်
ပင်တိုင်နွဲ့နှောင်း - မသိခေါင်ခေါင်တကား ။. ။

{ ၇ }

သည်အခါသော်
ငွေလှော်ပြည့်လှိုင်း ၊ လစက်ဝိုင်းလည်း
သင်တိုင်းတိမ်လွှာ ၊ မြူ ပုဝါတွင်
ချိတ်ငင်တွဲလွဲ ၊ လုတဲတဲတည့်
နှင်းဖွဲဝေ့သွန် ၊ ကျောက်သလွန်ခံ
ရဲတိုက်ယံလည်း ၊ ရှိုက်သံဖုံးလွှမ်း
ပြည့်ခမန်းတည့် ၊ သဲလမ်းခြေစွယ်
သစ်ရိပ်ကွယ်ကား ၊ လှုပ်ရှားတဖန်
ငြိမ်ပြန်ခဏ ၊ တည်မရတည့်
ဝဲလှည့်.. ယာပြောင်း ၊ တစေ့စောင်းလျှင်
ခြောင်းမြောင်းဆိတ်ငြိမ် ၊ မတင်းတိမ်နိုင်
ပင့်သက်လှိုင်၏ ၊ ရင့်ခိုင်ယောင်္ကျား
နှလုံးသားလည်း ၊ မြစ်ဖျားခံကာ
ယိုစိမ့်လှာသည့် ၊ မေတ္တာ နိုးဆောင်
ပင့်ကူနှောင်ဝယ် ၊ ညိတွယ်ရစ်ပတ်
အထပ်ထပ်ကြောင့် ၊ စောင်းဗျတ်လက်စွမ်း
ညှို့လက်စမ်း၍ ၊ နုတ်ခမ်းဖွင့်ဟ
လှိုင်းရွရွဖြင့် ၊ ရူပကလျာ
ကြော့ရုပ်ဝါသို့ ၊ ခွန်းသပို့သည်
တစ်ဆို့ သံတုန် - အက်အက်တကား ။   ။

{ ၈ }

အို.... ပင်တိုင်စံဦး ၊ မီးရှူးတန်ဆောင်
လှမှူးခေါင်ငဲ့ ၊ လွမ်းနှောင်ရိပ်ခြည်
ဘယ်ခင်းမည်ကြောင့် ၊ မဆည်လှိုက်လှိုက်
လောင်မိုးမြိုက်လျှင် ၊ တရှိုက်လွမ်းလွမ်း
တတမ်းတတ ၊ ငိုပါရလိမ့်
သင်ကခွင့်ပြု ၊ ငါယခုပင်
သက်လုဆံဖျား ၊ စွန့်စားစိတ်သန်
သစ္စာ နှံ၏ ၊ ဘေးရန်ဘယ့်လောက်
တောင်နှယ်မောက်လည်း ၊ မကြောက်တွန့်တွန့်
မရွံယိုင်ယိုင် ၊ ကြန့်ကြန့် ခိုင်အံ့
ပင်တိုင်ကသာ ၊ နုတ်လျှာသွက်သွက်
ခွန်းမိန့်မြွက်.... ဟု ၊ ကွဲအက်ပွင်အံ
နှလုံးယံမှ ၊ စောင်းသံ ကိုဖောက်
အကြိုထောက်သော် ၊ တယောက်အားငယ်
ပုလဲသွယ်ခင် ၊ မျက်ရည်ရှင်လည်း
ဆံပင်ဖားလျား ၊ လက်ဝါးနှင့်သတ်
ရှိုက်သံရပ်၍ ၊ အမှတ်တမဲ့
စောင်းငဲ့ ညင်သာ ၊ ပြူ တင်းလွှာမှ
ငုံကာစေ့စေ့ ၊ မျှော်ပါချေ့သော်
တကွေ့လမ်းမြှောင် ၊ ပြပြမှောင်သည့်
လရောင်မှုံမှုံ ၊ ဂမုန်းချူံ ဝယ်
နွမ်းနှယ်ညှိုးပါး ၊ သူဖုန်းစားကို
စောင်းညို ပိုက်ချီ ၊ မျက်ရည်လည်ဖြင့်
တေးသီဖွဲ့ငင် ၊ ရေးရေးမြင်သည်
ပြုံးချင်နိုင်နိုင် - မချိလောင်လောင်တကား ။   ။

{ ၉ }

ပြုံးချင်နိုင်နိုင် ၊ မပြုံးနိုင်သား
ကျောက်တိုင်တံတိုင်း ၊ ဝန်းကာဆိုင်းသည့်
အုပ်ဆိုင်းယှက်ဖြာ ၊ ယက်မလွှာမှ
မြင်ရသဏ္ဍာန် ၊ မဲမဲဟန်ကား
နွမ်းပါးကိုယ်ရည် ၊ ဝတ်ထည်ညစ်ထွေး
အဖာထေးနှင့် ၊ အသွေးအရောင်
မတောက်ပြောင်ရှင့် ၊ ကြွေလွင့်ရွက်ဝါ
သို့ပမာလျှင်​ ၊ မြင်ကာမျှ ဖြင့်
သိနှင့်ခြားနား ၊ " သူဖုန်းစား " ဟု
လှုပ်ရှားဟန်ပန် ၊ ဗျတ်စောင်းသံကြောင့်
စိုးနှောင့်မဆည် ၊ သောမျက်ရည်လည်း
မိုးစည်ကဲဝှန် ၊ မတန့်သွန်လျှင်
လူ့ကျွန်စေပါး ၊စောင်းသမားသို့
ခွန်အားကုန်ညှစ် ၊ စကားဖြစ်ရုံ
ကြာနုတ်ငုံဖြင့် ၊  သံမုံ သဲ့သဲ့
နွမ်းယဲ့ယဲ့လျှင် ၊ လွမ်းဖွဲ့မဆုံး
ပန်းနှယ်ကုံးသည် ။
နှလုံးခုန်သံ - ညက်ညက်တကား ။

ဆက်လက်ဖော်ပြပေးပါမည်

မာန်​ ကဗျာဝတ္ထု
💖💖💖

ကဗျာဝတ္ထု... အဆက် { ၃ }

ဒေါင်းနွယ်ဆွေ

{ ၁၀ }

အို... မေတ္တာ ရှေ့ထား ၊ စကားဆိုလှာ
ဒွန်းစဏ္ဍာငဲ့ ၊ သင်နဲ့ငါကား
ဘဝအားဖြင့် ၊ ခြားနားသီခေါင်
မြင့်မိုရ်တောင်တည့် ၊ စစ်အောင်နန်းရှင်
ငါ့ဘခင်ကား ၊ မြေပြင်ထက်မိုး
ပိုင်သစိုးသည့် ၊ မိုးကြိုးနွယ်စစ်
ဧကရာဇ်တည့် ၊ ရင်နှစ်သည်းချာ
ကညာပွန်းတီး ၊ ချစ်သမီးကား
ငါတပါးတည့် ၊ လွမ်းအားဗျာဝှန်
ဇာတ်စုံသွန်က ၊ လှန်ချွန်မြမြ
တရွရွလျှင် ၊ ထိုးစွအသဲ
အက်လှာကွဲလိမ့် ၊ ရှောင်လွှဲကြံစည်
ပြောရမည်လည်း ၊ မကြည်ရင်တွင်း
မပြေရှင်းတည့် ၊ ချစ်ချင်းရည်ငံ
တခါရံက ၊ သက်နှံထပ်တူ
ချစ်သွေးဆူ၍ ၊ ချစ်သူပွဲကျော်
ကြင်သည်းဖော်နှင့် ၊ ရွှင်ပျော်ယစ်မူး
ချစ်ရည်လူးကာ ၊ ကမ္ဘာနက်ရှိုင်း
ချစ်မုန်းတိုင်းလယ်.၊ နှောင်ကြိုးသွယ်ခက်
အဆိပ်တက်ငိုက် ၊ သောအခိုက်တွင်
ဘခင်ခမည်း ၊ ဒေါသသည်းထန်
ရာဇမာန်ရှ ၊ အရှက်ရ၍
ဆုံး..စ သည်ဇာတ် ၊ ပေါ်ချေလတ်သော်
မြိုင်ရပ်မြို့ ပြင် ၊ ငါ့ချစ်လင်အား
ပြည်နှင်ဒဏ်သင့် ၊ အဝေးလွှင့်၏
မင်းကျင့်ဂုဏ်ပုဒ် ၊ အိုးမဲသုတ်သည့်
အယုတ်တမာ ၊ ရင်နာသမီး
ရှု့မငြီးမူ ၊ ကျောက်ဖြူ ရဲတိုက်
အမှောင်မိုက်တွင် ၊ မြေ၌အကျဉ်း
ပိတ်လှောင်သွင်းကာ ၊ ကျိန်စာ ဒဏ်ခတ်
သေခမ်းပြတ်ကြောင့် ၊ လွတ်ရပ်ရှာမှီး
အချီးနှီးတည့် ၊ သို့ပြီးတကား
သူဖုန်းစား..... ၊ ငါ့အားလွတ်ရန်
သင်မကြံနှင့် ၊ ငါ့ကံနှင့်ငါ
ရှိပါစေတော့ ၊ စိတ်ဖြေလော့ ..ဟု
အားလျော့စကား ၊ သဲ့သဲ့ ကြား၍
စူးဝါးညံညံ ၊ ငိုရှိုက်သံလည်း
ညဥ့်ယံချောက်ချား ၊ မရပ်နားပြီ
ငိုအားမရ - နိုင်နိုင်ပါတကား ။   ။

{ ၁၁ }

ရှိုက်သံသောင်းသောင်း ၊ လွမ်းခေါင်းလောင်းသံ
ပဲ့တင်လျှံရှင့် ၊ ညဥ့်ယံကွန်ချာ
မှောင်ကမ္ဗလာလည်း ၊ ရွေ့လှာမြင့်မြင့်
သန်းခေါင်လင့်တည့် ၊ ကြယ်ပွင့်လှည့်ဘမ်း
တိမ်သရမ်းလည်း ၊ လိုက်တမ်းပြေးလွှား
ကစားမရွှင် ၊ လွမ်းတုံ့ငင်၏ ။
ကြယ်စင်လွလွ ၊ ကျောက်မျက်ရွလည်း
မြေခကြွေဖန် ၊ လွမ်းမြေဟန်ဖြင့်
ရှိုက်သံလွင့်ရာ ၊ ကောက်ကောက်ပါလျှင်
သာသာဖြည်းညှင်း ၊ ခုန်သက်ဆင်းရှင့် ။
နားစွင့်လုလင် ၊ ဗျတ်စောင်းရှင်ကား
ညှို့ မှင်သက်မိ ၊ မျက်ရည်ပြည့်လှိုင်
ငေးတိငိုင်ဖြင့် ၊ ပင်တိုင်လွမ်းဇာတ်
အတ္ထု ပါတ်ကို ၊ ရိုးပြတ်ရိတ်လှီး
ကောက်ပင်စီးသို့ ၊ တီးခေါက်လုံးစုံ
စေ့စေ့ငုံသော် ၊ ယမုံသီတာ
ဂရုဏာလျှင် ၊ မေတ္တာပေါင်းဘက်
နှစ်ကြောင်းယှက်၍ ၊ ပြောင်းညက်ပီယာ
ချို သာနုတ်ခွန်း ၊ တုန့်ပြန်ယွန်းသည်
မျက်ဝန်းငွေရီ - စက်စက်တကား ။  ။

{ ၁၂ }

အို......လွမ်းပင်တိုင်တွင် ၊ ကြမ္မာငင်သည့်
သခင်ထီးထီး ၊ မင်သမီး....... ။
လွန်ပြီးသည့်ကြောင်း ၊ ပြန်ပြောင်းငိုကြွေး
မဆွေးနွေးလင့် ၊ ဤဘေးလွတ်မြောက်
လမ်းတပေါက်ကား ၊ ကျောက်ရဲတိုက်ဝ
အံဖုံးချသည့် ၊ ယက်မသံနှောင်
ပိတ်ဆိုလှောင်သော ၊ အမှောင်ကြက်စား
ကျောက်တံခါးကို ၊ ကြိုးစားဖိကြုံး
ငါ့ပခုံးနှင့် ၊ ရုန်း၍တွန်းကန်
အမြစ်လှန်က ၊ ဝန်းရံအုပ်ဆောင်း
ကျောက်နှာမောင်းလည်း ၊ ညွှတ်ပြောင်းဦးခိုက်
မြေသို့ငိုက်အံ့ .၊ ယင်းကြိုက်သည်ခါ.
အခွင့်သာသော် ၊ ရွှေလှော်ရုပ်ပြီး
ရှင့်သမီးကို ၊ စောင်းညိုတပ်မက်
ပိုက်သောလက်ဖြင့် ၊ ပွေ့လျက်ညင်သာ
ဆောင်ကြဉ်းပါအံ့ ၊ " မင်းမှာသစ္စာ
လူမှာဂတိ " ၊ စကားရှိ၏
ဘုန်းပိယောင်္ကျား ၊ စာကြွင်းစားမို့
ယုံမှားဒွိဟ. ၊ သံသယနှင့်
သောကစိတ်နွယ် ၊ အားမငယ်လင့်
ဒုဒယ် ကြီးမား ၊ ကျောက်တံခါး၏
နောက်ပါးတွင်ကပ် ၊ သာသာရပ်၍
မြတ်သောဝတ်လွှာ ၊ ပိုးပုဝါဖြင့်
လွမ်းဗျာမိုးစည် ၊ ဝဲဝဲလည်သည့်
မျက်ရည်ကိုသုတ် ၊ စိတ်ကိုချူ ပ်လော့  ။
ကနုတ်မကဋ် ၊ ကျောက်ရဲတိုက်ကား
ရှည်လျားကာလ ၊ အကျဉ်းကျသည့်
ရူပတန်ဆောင် ၊ ညှိုးနွဲ့ယောင်ကို
အနှောင်ဖွဲ့ကျွတ် ၊ အခွင့်လွှတ်ခါ
ဂရုဏာဖြင့် ၊ ဝမ်းသာနှစ်သက်
နုတ်ခွန်းဆက်လိမ့် ၊ သို့လျက်တကား
မိမိဖျား.... ။ လွမ်း,  အား ချူ ပ်ကိုင်
စိတ်မယိုင်နှင့် ၊ ပြုံးလေလင့်.....ဟု
ရော်ရင့်ထွားကြိုင်း ၊ အသံလှိုင်းလည်း
နက်ရှိုင်းမြင့်မား ၊ ခုန်ပျံလွှား၍
လှများမှူးနောင် ၊ နွဲ့ယခေါင်အား
ရစ်နှောင်သိမ်းကြုံး ၊ သီကုံးဖွဲ့သော်
မျက်လုံးမြတိမ် ၊ ပုလဲအိမ်မှ
အရှိန်ပြင်းစွား ၊ မျက်ရည်မွှာလည်း
မိုးရွာမတန့် ၊ ပြည့်မဆန့်လျှင်
ဝှမ်းဖြန့်ဒီရေ - မြိမ့်မြိမ့်တကား ။  ။

{ ၁၃ },

ခွန်းတုံ့ပြန်ကြား ၊ စောင်းသမား၏
စကားသဝဏ် ၊ လျော်ကန်သင့်မြတ်
ယုယာတတ်သည့် ၊ ဆုံးဖြတ်စိတ်စောည
ဆန္ဒဇောကို ၊ ရင်ဖိုလှိုက်ပမ်း
မျက်ရည်စမ်းဖြင့် ၊ ညှိုးသမ်းမျက်လွှာ
ကော့လှာစင်းစင်း ၊ မှိတ်ခတ်ရင်းလျင်
သက်ပြင်းလှုပ်ရှား ၊ ရှည်လျားပင့်မ
လေးလံလှရှင့် ၊ ငိုရရက်ရှည်
သွန်းမျက်ရည်ကို ၊ ဖြေဆည်ရနိုး
မျှော်ကိုးငံ့လင့် ၊ နုတ်ခွန်းဆင့်သည့်
မချင့်မရဲ ၊ မကဲမရာ
ဒွန်းစဏ္ဍာအား ၊ ကိုယ်စားမျှတူ
သနားမူဘိ ၊ မဉ္ဇူ သည်ပန်း
မလှနွမ်းလည်း ၊ ဆင်မြန်းဖုန်းတောင်း
မပန်ကောင်းတည့် ။
ပန်ကောင်းသည်ထား ၊ ဤယောင်္ကျားသည်
ကျောက်သားကျောက်စိုင် ၊ ထယ်ထယ်ခိုင်သော
မာကြောဂဝံ ၊ ရဲတိုက်ယံကို
တဆံခြည်မျှ ၊ ရွေ့လှာကြွအောင်
စွမ်းဆောင်ဘိရေး ၊ ဝေလာဝေလိမ့်
အတွေးကျယ်ပြန့်  ၊ မဆန့်ရင်တွင်း
ဆုံးဖြတ်ခြင်းလည်း ၊ ကြိုးတင်းနှောင်မြဲ
လွန်ဆွဲပွဲတည့် ၊ ပုလဲတစက်
ရွဲတစက်လည်း ၊ ပါးထက်ယိုစီး
ညို့ညို့ညီးလျှင် ၊ ရင့်သီးခက်ထန်
တားမြစ်ရန်လည်း ၊ သက်ဆံစွန့်စား
တဘက်သားကို ၊ ထိပါးနိမ့်ချ
ရိုင်းရာကျမို့ ၊ နုတ်အ, လျှာလေး
ဖင့်နှေးနှေးလျှင် ၊ ငြိမ့်အေးခွန်းသာ
ဖွင့်လှစ်လှာသည်
ကျိန်စာလွမ်းဇာတ် နက်နက်တကား ။  ။

မာန်
💖💖💖

ကဗျာဝတ္ထု... အဆက်.. ၎

ဒေါင်းနွယ်ဆွေ

{ ၁၄ }

အို.... စိတ်လိုက်မာန်ပါ ၊ မပြုရာတည့်
မေတ္တာ ဖုန်းစား ၊ စောင်းသမား.... ။
ငါ့အားချစ်မူ ၊ ရဲတိုက်ဖြူ မှ
လာမူလမ်းတိုင်း ၊ နောက်ကျောခိုင်း၍
မဆိုင်းဆုတ်ခွာ ၊ ပြန်ချေပါလော့ ။
လွမ်းဗျာကူးစက် ၊ ငါ့အတွက်ကြောင့်
ရမက်တပ်ငြိ ၊ ညှို့သက်မိ၍
သင်၏စိတ်အား ၊ လှည့်ဖျားသွယ်ဝိုက်
မမျည်းငိုက်ရန် ၊ သတိတန်လော့
ငါ့ကံသည်ကား ၊ ကျောက်တံခါးသာ
စိုးပိုင်ရာတည့် ၊ ကျိန်စာပြင်းထန်
ရာဇမာန်ရှင် ၊ ငါ့ဘခင်က
သို့လျှင်မြွက်ကြား ၊ ဒဏ်ခတ်ထား၏
" လူသားစင်စစ် ၊ အသဲနှစ်မှ
ဖြစ်သည့်သွေးကြောင်း ၊ နီမောင်းမောင်းဖြင့်
သွန်းလှောင်းပက်လှာ ၊  သောအခါမှ
ကျေ ယက်လွှာယက်မ ၊ တံခါးဝသည်
ပွင့်ဟဟင်းလင်း ၊ အနှောင်ကင်း၍
ယမင်းဘသည်း ၊.အရှက်နည်းသည့်
မိုက်မည်းလွံ့ကျော် ၊ သမီးတော်သည်
လွတ်သော်စေကား ၊.လွတ်စေသား " ..ဟု
ကြုံးဝါးဒဏ်ခတ် ၊ ရှိဘူးအပ်ကြောင့်
ငြိမ်းသတ်သည်မီး ၊ အချည်းနှီးတည့် ။
ခရီးဝေးလံ ၊ ပြည်နှင်ဒဏ်သင့်
ထောက်လှမ်းဖင့်သည့် ၊ သဇင့်ငယ်ကျွမ်း
လာမည့်လမ်းလည်း ၊ ရက်ပမ်း , လမော
နှစ်ကုန်ကော၍ ၊ ဘယ်ရောက်နံဆီ
တတ်သိပြီဘု ၊ သိင်္ဂီရွက်ညောင်း
တနွေနှောင်း၍ ၊ တဆောင်းလည်းလွန်
တမိုးသွန်ခဲ့ ၊ တောင်စွန်ကွန်ယက်
ကြယ်ထွက် , နေဝင် ၊ တိမ်မြင်,  လပျောက်
အဆွေးလှောက်၍ ၊ မိုးသောက်,  ညဥ့်ယံ
နရီသံလည်း ၊ ကြိမ်ဖန်ကဲကဲ
လွမ်းဝှန့်သဲလျှင် ၊ ပြောင်းလွဲစက်ဝိုင်း
ပမာနှိုင်းက ၊ ဆုံးစ..မထင်
ရိပ်မမြင်မို့. ၊.အသင်ငါ့အား
သနားယိုဖိတ် ၊ သောရှိစိတ်မူ
တိတ်ဆိတ်ဖြည်းသာ.၊ ဤနေရာမှ
ဆုတ်ခွာလှည့်လော့ ၊ မြန်အသော့  " ဟု.
ကေကြော့နန်းမှူး ၊ လှခေါင်ဖူးလျှင်
လွန့်​လူး ယဲ့ကျန် ၊ ရှိုက်ငင်သံဖြင့်
ဖွင့်အံတီးတိုး ၊ နှောင်းဇာတ်ပျိုးသည်
လွမ်းမိုးမျက်ရည် - သွန်သွန်တကား ။   ။

{ ၁၅ }

ဇာတ်ဝင်္ကပါ ၊ လွမ်းကျိန်စာ၏
ကြောင်းရာဇစ်မြစ် ၊.နှောင်းသနစ်အား.
အသစ်တဖန် ၊.နှိုးဆွပြန်မှ
ဆင်းကြန်လှထွဋ် ၊.လွမ်းမိမွတ်လျှင်
ခွေညွှတ်လည်တိုင် ၊.မရှိုက်နိုင်တော့
ရပ်ငိုင်ငေးမော ၊ ယခင်စောက.
ချစ်သောယေင်္ကျား ၊ စောင်းသမားလည်း
စကားမတုံ့ ၊ ခွန်းမလှုံ့လျှင်
တမုံ့နွှဲဆင့် ၊ အသဲနင့်မျှ
သဇင့်ဆန္ဒ ၊ တစွန်းစကို
ရိပ်ပြကောင်ထင် ၊ အမြွက်မြင်၏
သခင်နှင့်ကျွန် ၊ သလွန်နှင့်ညောင်စောင်း
မယှဉ်ကောင်းသား ၊ ဦးခေါင်းနှင့်ခြေ
သပြေနှင့်ကုက္ကို  ၊ နန်ပျို နှင့်ဖုန်းစား
တသန့်ထား၍ ၊ ခြားနား သတ်မှတ်
မပြောလတ်လည်း ၊ သိတတ်မြင်မြှော်
ရိပ်ခြည်ပေါ်ရှင့် ။
" ရွှေလှော်ရုပ်လု ၊ ပန်းပွတ်နုအား
သွန်းထုလိမ္မာ ၊ ဗိသုကာပင်
ရာဇနန်းလက် ၊ တင်ပြီးဆက်မှ
စွဲမက်တပ်ငြိ ၊ လည်ပြန်ကြည့်ကြောင့်
ယင်းသည့်ဦးခေါင်း ၊ ဒါးစက်ညောင်းသို့.... ။
ထုံးဟောင်းသာဓက ၊ ရှိဘူးစွတည့် ။
နိမ့်ကျ. မြင့်တုံ ၊ လူ့ဇာတ်ခုံကား
သဲမှုံမြေဝါ ၊ နှိုင်းဝံ့စွာလျှင်
ပမာမိုးတင့် ၊ သောက်ရွှန်းပွင့်သို့
ယမင့်စကား ၊ ဆတ်ဆတ်ကြားသော်
လွမ်းအားဆည်နိုင် ၊ မျက်ရည်စိုင်လည်း
ဖြိုင်ဖြိုင်သွန်းထွေ ၊ စွေစွေသွန်းဖြိုး
လွမ်းသည်းမိုးဖြင့် ၊ တီးတိုးညက်ညံ
ခွန်းလင့်ပြန်သည် ။
လွမ်းသံလှိုင်းမြင့် - လွန်လွန်တကား ။   ။

{ ၁၆ }

အို...ရဲတိုက်မြင့်ယံ ၊.တင့်တင့်စံသော
ရူပံများမှူး ၊ လှခေါင်ကြူးသည့်
နန်းငူးရင်သွေး ၊ နတ်မိကျေး.... ။.
ကလေးကလား ၊ ကျွန့်စကားကို
နွဲ့ဖျားခွင့်လွှတ် ၊ မှတ်မဆွတ်လင့်
စိတ်လွှတ်လွင့်ရာ ၊ ဂရုဏာကြောင့်
နုတ်အာသောသော ၊ ခွန်းလျှင်စောလည်း
မြင့်ပြောကောင်းကင် ၊ ပြပြထင်သည့်
ကြယ်စင်ဗဟိုရ် ၊ သောက်ရူးဗိုလ်အား
ဆိပ်လူးမြှားခွင်း ၊ မုတ်ဆိုးချင်းသို့
အခင်းမလှ ၊ ကြံကောင်းစွတည့်
ရူပသက်နှံ ၊.ချစ်စွမှန်သော
နှင်ဒဏ်ခတ်လင့် ၊.အဝေးလင့်သူ
ငယ်ကျွမ်းဖြူ သာ ၊ သင့်ကြမ္မာကို
စိုးလှာပိုင်ပိုင် ၊ ဖန်တီးနိုင်လိမ့်
ဝံ့ပြိုင်ကိုးစား ၊ နှလုံးသား ကို
ထွားထွား ကြေညက် ၊ ခွဲချေဖျက်၍
သွေးထွက်သံယို ၊ မပြုလိုကဲ
မရွံ့ရဲတည့် ၊ ပုလဲ ကြော့ဆုံး
လှမျက်ကုံး၏ ၊ လွမ်းထုံးပြေပိမ့်
သက်သာစိမ့်ငှါ ၊ နှစ်သိမ့် ညွှတ်ပြောင်း
ဗျတ်လွှာစောင်းဖြင့် ၊ လွမ်းကြိုးငင့်ပြီး
သခင်ခြေဖျား ၊ ရဲတိုက်ပါးမှ
ဖုန်းစားအကျွန် ၊ မျက်ရည်သွန်၍
နယ်လွန်ဝေးဝေး ၊ ရပ်ခေါင်ကျေးသို့
မနှေးကြန့်ကြာ ၊ ယွန်းမည်သာမို့
ထံတျာလက်ဆောင် ၊ ဖြေဖျော်ယောင်ကို
နားထောင်ဆင်သ ၊ နောက်ဆုံးမျှ.....ဟု
စောင်းရွသံညှိ ၊ စမ်းတို့ထိ၍
လွမ်းမိရှေ့မှောက် ၊ သံဝါလှောက်သည်
လှိုင်းမောက်ရွှေရင် ၊ ခုန်ခုန်ရန်တကား ။   ။

{ ၁၇ }

သံဝါငြိမ့်ညောင်း ၊ လွမ်းဗျတ်စောင်းသံ
ညက်ညက်ညံကား ၊ စီးလျှံ စမ်းယဉ်
တသွင်​သွင်​သို့ ၊ ညှို့ငင်လေတိုင်း
ဝေ့ဝေ့ဝိုင်း၍ ၊ တေးလှိုင်းချင်းဆုံ
လွမ်းယမုံတည်း ၊ သံစုံနွဲ့ညှင်း
ရစ်ပတ်ခြင်းလည်း ၊ မြှင်းမြှင်းမြမြည်
မဆုံးပြီတည့်​ ၊ ညဥ့်လည်ဆည်းဈာ
သာကောင်းသာတည့် ၊ တိမ်လွှာလည်းငို
ကြယ်-လည်းငို၍ ၊ လငို - လေငို
ရေမြေငိုဟန် ၊ ထင်ရဖန်အောင်
လွမ်းသံလွှမ်းလွှမ်း ၊ စွမ်းစွမ်းသီဖွဲ့
တနွဲ့နွဲ့လျှင် ၊ ပဲ့တင်သံ ကို
ရှိုက်သံမျို ရှင့် ၊ ယမင့်ကြော့ဖူး
ရဲတိုက်မှူးရှင် ၊ လှသခင်ကား
သောင်ပြင်ကမ်းအိ ၊ လှိုင်းပုတ်ဘိသို့
လွမ်းရှိသမျှ ၊ နှစ်.နှစ်​. လ၏
ချူံးချငိုရန် ၊ တာတမံသည်
စီးအံဖိတ်ယို ၊ စောင်းသံ ညိုဝယ်
အတိတ်တွယ်ရာ ၊ လွမ်းမြစ်ဖြာ၍
ရှိုက်ခါငင်ကြီး ၊ မျက်ရည်စီးလည်း
မိုးသီးမိုးပေါက် ၊ အိုင်သွန်း မှောက်ရှင့်
တယောက်လုလင် ၊ ဗျတ်စောင်းရှင်မူ
ဦးပြင်လှည့်မော့ ၊ တေးငင်သော့ဖြင့်
လွမ်းလျှော့ ပြေအောင် ၊ ဖြေယောင်နိုးနိုး
မျက်လွှာညှိုးသား.၊ စောင်းကြိုးခုလပ်
တကြိုးပြတ်က ၊ နောက်ထပ်တကြိုး
အသစ်ပိုး၍ ၊ တီးတိုးသံမျှ
မဖွင့်ဟတော့ ၊ ဖွဖွ စကား
ပြန်ကြားမျို သိပ် ၊ ခတ်မဆိတ်တည့်
သစ်ရိပ်ရွေ့ပြောင်း ၊ သန်းခေါင်ညောင်းမှ
ဗျတ်စောင်းကိုပိုက် ၊ ခေါင်းငိုက်စိုက်လျှင်
ရဲတိုက်မှာဖဲ ၊ ခြေလှမ်း ကြဲဖြင့်
နှင်းဖွဲဖုံဖုံ ၊ သောက်အရုဏ်ကျင်း
ဝေလီလင်းဝယ် ၊ ဖြေးညှင်းရွေ့လျား
ဝေး.....ဝေး....သွားသည်
မှုံမွှားနေခြည် - ပြပြပြု ချိန်တိုင်သတည်း ။   ။

ဆက်လက်ဖော်ပြပေးပါမည် ။
2း26 p.m.