
Sunday, March 25, 2018
ြ်မပုဝါနှင့် ယက္ကန်းသမား
❆❆❆❆❆❆❆❆❆❆❆
ပိုးဇာပေါက်ပန်းလွန်းအိမ်
ရှုပ်လိမ်လို့ထွေး။ ။
ရွှေမြှင်ကို,ငွေမြှင်ယှက်တယ်
လွန်းယက်ဖောက်ပြေး။ ။
သက်တန့်ကြိုး သီရွေးသယ်
ချည်ရှယ်ဖွဲ့ယက္ကန်း။ ။
တလွှာကို,နှစ်လွှာထပ်တယ်
ပိုးစပ်ကွက်ဆန်း ။ ။
ရွှေလက်ခပ် ယဉ်သွားတိုင်
လှုပ်ယိုင်လို့ယိမ်း။ ။
ယက္ကန်းရှင် ခါးကိုနွဲ့ရင်
ညွှတ်သွဲ့သွဲ့တိမ်း။ ။
ရွှေခလုတ် မောင်းလွန်းပြန်
လက်တန်ကသေး။ ။
ချည်ဖန်ကာ ဝါမဖတ်တယ်
ကြိုးပြတ်မယ်လေး။.။
နဂါးရစ် လွန်းတရာ
ပိုးလွှာကြော့ကြစ်ကြိုး။ ။
ပြပုဝါ အရှည်ဆန့်ရင်
ပြန့်ပြန့်ထိမိုး။ ။
ချစ်သူရဲ့ လွမ်းလက်ဆောင်
တိမ်တောင်ရဲ့အသွေး။ ။
ကြော့လည်တိုင် ခိုင်ခိုင်ညှစ်ကာ
စည်းရစ်မယ်လေး။ ။
ဘယ်တော့မှ မောင့်ပုဝါ
ပြီးပါစမေး။ ။
နှစ်များစွာ ကြာမှပြီးမယ်
ခရီးကဝေး။ ။
ယက္ကန်းသမား ပညာရှင်
အို.....အသင်,ဘယ်သူနည်း။ ။
ပင့်ကူမောင် ထိုခါမှ
ချည်စကိုအသာမြှင်၍
မနားချင်နားချင်လှရယ်ဖြင့်
မကြွားချင် ကြွားချင်သပရယ်နှင့်
ပြုံးပြလေသတည်း။ ။
ဆရာဒေါင်းနွယ်ဆွေ

Labels:
ချစ်သောသစ္စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment