
ရင်ခွင်သစ္စာ
Monday, May 28, 2018
အကျည်းတန်သော အလှပဆုံးမြင်ကွင်း
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
မုန်တိုင်းကျသော်
ည အရုပ်ဆိုး အိပ်လန့်နိုးခဲ့
တိုးဝှေ့လေပြင်း ရဲတင်းတစ်ထောင်
ခုတ်လေယောင်သို့ ညောင်အိုပင်ကြီး
ခိုင်ဖြီးကျစ်လျစ် ရေသောက်မြစ်တို့
အဆစ်လိုက်ပြုတ် အငုတ်သာကျန်
ဖွာဖွာလန်အက် တွဲလျက်ညောင့်ရှင်
နတ်စင်လည်းပြို ကျေးငှက်ငိုကြ
ဤမိုးညတွင်....
သောကဇာတ်အိမ် ဖွဲ့ကြပြီ။
ညောင်ပင်ပိ၍
သေသည့်သရုပ် နွားသားအုပ်မ
လဲကျညိုမဲ(မည်း) ဇီးတွဲလွဲဖြင့်
သေပွဲဝင်ရ တဒင်္ဂတွင်
ဘဝဟူသည် မတည်ပိုင်စိုး
မမြဲမျိုးတည် ကံဆိုးကြမ္မာ
သူ့လက်ရာကို....
ဘယ်မှာကြိုတင် သိအံ့နည်း။
မုန်တိုင်းလွန်မြောက်
တစ်မိုးသောက်သော် ခုန်ပေါက်နွားငယ်
သားသူငယ်သည် နေခြည်ရွှန်းပ
စိမ်းမြမြက်ခင်း အိပ်စက်ခြင်းမှ
လွန့်ရင်းလူးလာ ခွာကိုမြှောက်လျက်
ပက်လက်ကော့ကန် နောက်ပြန်ရှေ့တိုး
ကကြိုးကပီ နရီစည်းကိုက်
အကြည်ဆိုက်ရာ ဤဆည်းဆာကို
ဘယ်မှာသို့လျှင် ပြစ်တင်ရှုတ်ချ
ကျည်းတန်စွဟု
ဒေါသလင်္ကာ သင့်အံ့နည်း။
မိခင်ခမျာ
ခန္ဓာချုပ်ငြိမ်း ဇာတ်သိမ်းခဲ့ဘိ
တစိုးစိမျှ မသိခဲ့ငြား
သားငယ်နွားလျှင်...
သေသည် ရှင်သည် ဖြစ်တည် ချုပ်ပျက်
သူ့အတွက်ကား တရားမမြင်
ပျော်ရွှင်နေရ ရွှန်းပနေရောင်
လူ့ဘောင်သာယာ ဤဆည်းဆာသည်
သစ္စာအလင်း ဖောက်ထွင်းကြည်လင်
ပီပြင်လွန်းစွ ပြယုဂ်မျှသာ
သတ္တဝါတစ်ခု ကမ္မပြုသည့်
အနုသယ လူ့ဘဝတွက်
အလှပဆုံးမြင်ကွင်း တစ်ရပ်သာတည်း။ ။
ဒေါင်းနွယ်ဆွေ
ဆေးရုံပေါ်တွင် ရေးသားခဲ့သောနောက်ဆုံးကဗျာစုမှ တစ်ပုဒ်ဖြစ်သည်။
ရှုမဝရုပ်စုံမဂ္ဂဇင်း ဇူလိုင် ၁၉၈၅

ပန်းပွင့်သာကြွေ စာဆိုမသေ
❆❆❆❆❆❆❆❆❆❆❆❆
၁
ပန်းတစ်ပွင့်သာ
ကြွေခဲ့ပါသည်
ကဗျာစာဆို မသေတကား။
၂
စာဆိုသေလည်း
မသေစာဆို တင်စားလိုသည်
မြေကိုသက်သေပြု၍တကား။
၃
သည်မြေမှာဖွား သည်မြေလားသည့်
တရားဓမ္မ သံဝေဂလျှင်
ဘဝပင်မြင့် လျောင်းကြွေလင့်သော
တစ်ပွင့်မာလာ အိပ်စက်ရာသည်
ကဗျာတစ်ပုဒ်သာပင်တည်း။
၎
နိယာမလျှင်....
ဘဝဖြစ်ခြင်း ဆုံးပျက်ယွင်းသည့်
``သေမင်းတံတား´´ လူတိုင်းသွားရာ
လမ်းပမာတည့် ကြမ္မာခေါ်သံ
နာခံလျောင်းစက် သည်တစ်သက်တွင်
ကြွင်းပျက်ပြာကျ မြူမှုန်စနှင့်
``ဘဝမာလာ´´ မနှိုင်းသာပြီ
မဟာအောင်ပွဲသာပင်တည်း။
၅
ဘဝလင်္ကာ စာလွှာပန်းခိုင်
``မာလာမြိုင်´´ကား ဖွေနိုင်ကြံသိ
အဘိဓမ္မာ လင်္ကာငြိမ့်လေး
အမြိုက်တေးတည့် သွေးသားအုပ်ချုပ်
စက်ရုပ်ခန္ဓာ မမြဲသာသော
သဘောအနက် ဖွင့်ဆိုချက်မျှ
ဥပ္ပဇ္ဇတိ ဖြစ်ဘိပျက်ပြန်
အဖန်ဖန်လျှင် သဏ္ဌာန်ရုပ်ဒြပ်
ပန်းချပ်ပန်းဝါ
ကြွေကာ....ကြွေကာ....တသည်းသည်း
လေမှာ....လေမှာ....တဝဲဝဲ
မြေလွှာ....မြေလွှာ....တဖွဲဖွဲ
ရှိုက်မစဲလျှင် ကြေကွဲသူတိုင်း
မျက်ရည်မှိုင်းမြ လွမ်းဆွတ်ကြသည်
တသဝမ်းနည်း မဆုံးတည်း။
၆
စာဆိုအတွက် ဆွေးရတက်ကြောင့်
ကျေးငှက်လည်းဆိတ် တောလည်းတိတ်ခဲ့။
၇
စာဆို့အတွက် ကျွမ်းရတက်ကြောင့်
သစ်ရွက်လည်းနွမ်း စမ်းရေခန်းခဲ့။
၈
စာဆို့အတွက် ကျွမ်းရတက်ကြောင့်
မိုးထက်ကောင်းကင် ကြယ်လည်းစင်ခဲ့။
၉
တကယ်ဆိုလျှင်
စာဆိုသင်၏ ပန်းပင်မျိုးစေ့
လေဝေ့ရာပျံ ပန်းဝတ်ဆံနှင့်
ညှာတံကူးလူး ပန်းဖူးဖူးကို
ဆွတ်ခူးဖွေရှာ ပန်းလိပ်ပြာတို့
နေရာအနှံ့ ဆွတ်ပျံ့လင်္ကာ
ဝတ်မှုန်လွှာခင်း ကြိုင်လွှံ့သင်းအောင်
စွမ်းဆောင်ရှေ့ပြေး သင့်တေးလင်္ကာ
ထိုပဏ္ဏာသည်.....
မေတ္တာစမ်းအိုင်ဖြစ်ခဲ့သည်။
၁၀
အနုပညာ သင့်လက်ရာကို
`ဇရာ´ မနိုင် သူလာပြိုင်လည်း
နိုင်ခဲ့လင်္ကာ မရှုံးပါတည့်
ကောဇာသက္ကရာဇ် လနှစ်ရွှေ့ပြောင်း
စာရွက်ဟောင်းမှ စာကြောင်းစာလုံး
ပုလဲကုံးတို့ ရှေးတုန်းကလို
နဂိုပကတိ ရှိမြဲရှိ၍
သင့်ဝိညာဉ်များ ယင်းကိုယ်စားလျှင်
ကျန်ထားကြွင်းရစ် သစ်မြဲသစ်သည်
ပုရစ်ဖူးမြ ဝေဝေတည်း။
၁၁
သင်ထားခဲ့ရာ ``ရတနာ´´ကား
သန္တာမြရွဲ ဝတ်လဲတန်ဆာ
မဟုတ်ပါတည့် လူ့ရွာနေအိမ်
ရိပ်ငြိမ်ဟန်ဆောင် လောကဘောင်၏
နက်ယောင်နှင့်တိမ် ခြူးလိမ်နွယ်ခက်
လျှပ်တစ်ပြက်နှင့် တစ်စက္ကန့်တွင်း
ဖြစ်ခြင်းပျက်ပုံ စိတ်ကြေးမုံ၏
တွေ့ကြုံခံစား တရားနှင့်ယှဉ်
ဝိညာဉ်အမြုတေ သင့်အမွေသည်
မိုးမြေဆုံးတိုင် မပျောက်နိုင်ပြီ
ကျောက်တိုင်ထည်ထည် ထီးထီးတည်း။
၁၂
သေခြင်းတရား တံခါး...ဖွင့် ပိတ်
ရင်ထိတ်စရာ မဟုတ်ပါတည့်။
ညမှာကြယ်ပျောက် နေ့ပန်းကောက်၍
မိုးသောက်သော်မှ နိုးမထသို့
ဘဝဟူသည် မြချည်လဲဝါ
ပွင့်ဝတ်လွှာကား ဝေ့ရာမုန်တိုင်း
လေပြင်းစိုင်းရာ လွင့်လွင့်ပါလည်း
``စာဆို့ခြေရင်း မြေတလင်းဝယ်
သေမင်းအိပ်စက်ခြင်းသာတည်း´´။
၁၃
သင်မသေမီ
ကေသီဆံမြင့် `ပန်ပါလင့်´ဟု
တစ်ပွင့်ပန်းမျှ မဆက်သမိ
ခုမှသင်သေ ကျမျက်ရည်ဖြင့်
ပန်းခွေချရင်း ငါ့ရင်တွင်းဝယ်
ခံပြင်းစိတ်မှ လှိုက်လှိုက်ကြွ၍
နောင်တမုန်တိုင်း သောကလှိုင်းသည်
ပြိုင်းပြိုင်းတိုက်ခိုက် ပါလေသတည်း။
၁၄
ငိုသံရှိုက်သံ ဆူညံသောင်းသောင်း
သင့်အလောင်း၏ ငွေခေါင်းနံဘေး
လူဖွေးဖွေးပြည့် ပို့သည့်ဈာပန
စည်ကားစွလည်း ``ဘဝရတနာ´´
သင့်လင်္ကာတို့ သန္တာပုလဲ
ရွှန်းရွှန်းကဲသည့် မြရွဲစိန်စစ်
ကျောက်ဆစ်နီလာ သင့်ကဗျာကို
ဘယ်ခါဖတ်ရ ပါ့မည်နည်း။
၁၅
သင့်ကျေးဇူးကား
ပျံ့ကျူးဒီပါ အလင်္ကာတည့်
ပမာပင်လယ် ဝှမ်းကျယ်တနှိုင်း
ပန်းတိုင်းပွင့်ရာ မြေသြဇာသည်
လင်္ကာရေသောက် မြစ်နယ်တည်း။
၁၆
ရုပ်ကလာပ်သာ
လောင်ပြာအဖြစ် ကြွင်းကျန်ရစ်လည်း
သစ်ခဲ့လင်္ကာ သင့်ကဗျာမူ
စိုကိထူမော်ကွန်း ခိုင်ခိုင်တည်း။
၁၇
စာဆိုသေလည်း
မသေစာဆို တင်စားလိုသည်
မြေကိုသက်သေပြု၍တကား။
ဪ..... ပန်းတစ်ပွင့်သာ
ကြွေခဲ့ပါသည်
ကဗျာစာဆို မသေတကား။ ။
ဒေါင်းနွယ်ဆွေ
ကဗျာ့ပုလဲကုံး ၊ ရှုမဝ(၁၉၅၉)
Saturday, May 19, 2018
နိုးလျက်နှင့် အိပ်မောကျ၍နေသူ
❆❆❆❆❆❆❆❆❆❆❆❆❆❆
ချစ်သူ့အိပ်မက်
အဆိပ်ခွက်သည် နေထွက်သောခါ
နံ့သာ,ရေမွှေး ဖြစ်နိုင်သေးလည်း
ငါ့တေးလင်္ကာ ကဗျာစောင်းကြိုး
နှိုင်းတိုင်းမရ အိပ်မောကျ၍
လောကကျိန်စာဖြစ်ခဲ့၏။
ကျိန်စာပြယ်အောင်
ဟန်ဆောင်စိုးမိုး ဒေါသငြိုးဖြင့်
တန်ခိုးအာဏာ ဘယ်အရာမျှ
ချိုမြသံသာ ငါ့လင်္ကာကို
မေတ္တာဝိညာဉ်မသွင်းနိုင်။
ငါ့လက်ချောင်းအား
နီမောင်းသောသွေး ပူနွေးသောအသည်း
စမ်းရေထဲမှာ ဆေးကြောပါလည်း
လွန့်လှာမလှုပ် ဇာတ်ကြောင်းမြှုပ်၍
ကျောက်ရုပ်အသွင် ငြိမ်သက်ချင်၏။
အပေါ်ယံမှ
ဘဝဇာတ်စင် အလှပြင်လည်း
အမြင်မှောက်မှား ချောက်ကမ်းပါးဝယ်
တရားနက်နဲ အသိလွဲကြ
လောကငိုသံ ဆူဆူညံကို
ရယ်သံအဖြစ် ဇွတ်နှစ်ပြောင်းလွဲ
ဇာတ်ခေါင်းကွဲလျက်....
ငရဲကိုပင် နိဗ္ဗာန်ထင်သော်
ငါလျှင်မထ အိပ်မောကျ၍
ဒေါသကျိန်စာ ငါ့ကဗျာကို
ရင်မှာသိုသိပ် အိပ်စေတကား။ ။
ဒေါင်းနွယ်ဆွေ
ရှုမဝရုပ်စုံမဂ္ဂဇင်း/နိုဝင်ဘာ ၁၉၆၃

Friday, April 13, 2018
ပိတောက်နှင့်ပတ်သက်သော
ဆရာဒေါင်းနွယ်ဆွေ၏ ကဗျာနှစ်ပုဒ်
ပိတောက်ပွင့်တူ မယ့်ချ စ်သူ
~~~~~~~~~~~~~~~~~~~
* ဆောင်းလည်းနှောင်း၍
ညို မောင်းချ ပ်ဆင် မိန်အဝင်ဝယ်
သဇင်လည်းသိမ်း မြူ ရိပ်ငြိမ်း၍
မြစိမ်း ဝတ်လွှာ ဤကမ္ဘာကို
သန္တာ တစ်ခြမ်း နွေရိပ် လွှမ်းသော်
စိမ့်စမ်း ကွေ့ကောက် လမ်းတစ်လျှောက်ဝယ်
ခန်းခြောက်ရေအိုင် သေလာမြို င်က
လွမ်းနိုင် သသူ မ ရှိ မူ လည်း
တေးကြူ သာနှော နွေဥသြသာ
လွမ်း လ င်္ကာ ကို
သီ ကာ ဖွဲ့ ဖွဲ့ နွေ နွေ ကျူး ။
နွေဥသြ ဆင့် မကြာလင့်မီ
ပွင့်ခဲ့ ပိတောက် သုံးကြိမ်မြောက်ခဲ့
ဆံတောက် ဆံကေ ရွှေ ……… ရွှေ ပိတောက်
ဝေဝေလှောက်၍ ချွေ ကောက် အ ပြို င်
မော ပါ နိုင် ခဲ့ တစ်ခိုင်ဆိုလျ က်
တစ်ခက် ထပ်ခူး ငုံ ဖူး ဝါဝါ
လှပါသလေး မလှသေးနှင့်
ချ ယ်ရွေး မဆုံး လှ အ ပြုံးဖြင့်
တစ်ကုံး ဆို လျှ င် မတန်ချ င်ပြီ
တစ်ပင်လုံးဆွတ် …………… ခြွေခြွေခူး ။
သူ့ထက် ငါဦး လက်ချ င်းလူး၍
ခူး ပိတောက် ခိုင် ပွေ့ မနိုင်စွ
ယင်းကာလတွင် ရေစင် ဇလား
သွန်းဆွတ် ငြားသော် ကျောများဒိုးယို
စိမ့်စိမ့် စို ကာ ရေချို တစ်စက်
ဘယ်သူ ပက် ၍ သျှ င့် မျ က် နှာ ဝယ်
ရှက်သွေး ခြယ်ရ လက်ဝယ်ပွေ့ကိုင်
ပိတောက်ခိုင်ကို မနိုင် ပစ် ချ
ရှက် ဒေါ သ နှင့် လှည့်ကြည့်လင့်သော်
သ ခင့် မျ က် နှာ ဝင်းဝင်း ဝါ ကြောင့်
ရင်မှာ သိမ့် သိမ့် ……………… ဝေဝေမူး ။ ။
……………………………………………………………
ဒေါင်းနွယ်ဆွေ
မိုးသောက်လင်္ကာပန်းကဗျာများမှ
________________________________________
အရှက်ပြေ ပိတောက်ပန်း
~~~~~~~~~~~~~~~~~
* တစ်ခိုင်ခူးမယ်လို့
မြို င်ဦးသာယာဖွေခဲ့
ညှာညှာပြေ ဝါဝါရွှေ သင်းဝေလှောက်ပါတဲ့
ပိတောက်ပင် မရောက်ခင် စစဦးမှာ
ဖူးလွလွ ခူးရရ ချို င်မယ်ကြံ ။
ပင်ယံမှာ သူတို့ဝိုင်းနှင့်ကြ
မြကိုင်းကုန်ကုန်ကြွေ၍
သုန်သုန်လေ မွှေမနှောက်သော်လဲ
လုံလုံမေ ချွေ မလောက်ပြီဘု
တစ်ယောက် တစ်ခိုင် ပိတောက်မြို င်
ကုန်လောက်ပြီပ
ပိတောက်တစ်ခိုင် နှစ်ယောက်ဆိုင်ဆုံလုမောပြီမှ
ပြေးခဲ့ရ ဝေးပြပြ လေးနှမ သူ့အထံ ။
သောင်းသောင်းညံ သောသောလှုပ်
ခြေဆစ်မြှု ပ် ရေစင်အိုင်နှင့်
ဒိုးပတ်ယိုင် ကိုးရပ်ပြို င် တိုးကြပ်လူလှိုင်လှိုင်ပ
ကွမ်းတောင်ကိုင် မရွှေဒွေး ဝိုင်းပါကြလေး
ဆိုတေးညီညီ တိုင်ကြ
ခေါင်းမနိုင် ဆံတောက်ဦးမှာလဲ
ပိတောက်ဖူး ဝါဝါ မြင်မိ
ဘယ်သူဆင် ဘယ်သူပေးပါလိမ့်
ဆွေးသိမ့်သိမ့် မျ က်ရည်လျှံ
ခက်ပွေပြန်ပါဘိ မိတစ်ပါး ။
မ် က္ထားသိုသို
ရွှေစိတ် မှောင်မှောင်ညို မှ
လှောင်လှောင်ချို ရယ်သံစရယ်နှင့်
လေးနှမ ပြေးအက ယိုင်ယိုင်လာ၍
ငိုင်ငိုင်ကာ မက်မက်မပြုံးသာတဲ့
ရှက်ရှက်တုံး ကိုလူညို သို့
ကျောဒိုးယို ရေစင်ပေါက်အောင်
ကျောက်စက်ရေ မြမြမွှန်း
သွန်းစိမ့်စိမ့် သည်လိုဖြေမှ
အရှက်ပြေ ဖြေစတမ်းရယ်လို့
ကျ မျ က်ရေ ကြွေတစမ်းရယ်နှင့်
လှမ်းအပေါက် ပန်းပိတောက် ထိလေမလား ။ ။
……………………………………………………………………
ဒေါင်းနွယ်ဆွေ
ရှုမဝမဂ္ဂဇင်း ဧပြီလ ၁၉၅၆
ဒေါင်းနွယ်ဆွေ ကဗျာပေါင်းချု ပ်
_________________________________

Sunday, March 25, 2018
ြ်မပုဝါနှင့် ယက္ကန်းသမား
❆❆❆❆❆❆❆❆❆❆❆
ပိုးဇာပေါက်ပန်းလွန်းအိမ်
ရှုပ်လိမ်လို့ထွေး။ ။
ရွှေမြှင်ကို,ငွေမြှင်ယှက်တယ်
လွန်းယက်ဖောက်ပြေး။ ။
သက်တန့်ကြိုး သီရွေးသယ်
ချည်ရှယ်ဖွဲ့ယက္ကန်း။ ။
တလွှာကို,နှစ်လွှာထပ်တယ်
ပိုးစပ်ကွက်ဆန်း ။ ။
ရွှေလက်ခပ် ယဉ်သွားတိုင်
လှုပ်ယိုင်လို့ယိမ်း။ ။
ယက္ကန်းရှင် ခါးကိုနွဲ့ရင်
ညွှတ်သွဲ့သွဲ့တိမ်း။ ။
ရွှေခလုတ် မောင်းလွန်းပြန်
လက်တန်ကသေး။ ။
ချည်ဖန်ကာ ဝါမဖတ်တယ်
ကြိုးပြတ်မယ်လေး။.။
နဂါးရစ် လွန်းတရာ
ပိုးလွှာကြော့ကြစ်ကြိုး။ ။
ပြပုဝါ အရှည်ဆန့်ရင်
ပြန့်ပြန့်ထိမိုး။ ။
ချစ်သူရဲ့ လွမ်းလက်ဆောင်
တိမ်တောင်ရဲ့အသွေး။ ။
ကြော့လည်တိုင် ခိုင်ခိုင်ညှစ်ကာ
စည်းရစ်မယ်လေး။ ။
ဘယ်တော့မှ မောင့်ပုဝါ
ပြီးပါစမေး။ ။
နှစ်များစွာ ကြာမှပြီးမယ်
ခရီးကဝေး။ ။
ယက္ကန်းသမား ပညာရှင်
အို.....အသင်,ဘယ်သူနည်း။ ။
ပင့်ကူမောင် ထိုခါမှ
ချည်စကိုအသာမြှင်၍
မနားချင်နားချင်လှရယ်ဖြင့်
မကြွားချင် ကြွားချင်သပရယ်နှင့်
ပြုံးပြလေသတည်း။ ။
ဆရာဒေါင်းနွယ်ဆွေ

ဆရာကြီးဒေါင်းနွယ်ဆွေ၏ စောင်းညှို့သံကာချင်းကို အတုယူရေးမိတဲ့ ဒုတိယအပုဒ်လေးပါ
ပန်းလိပ်ပြာသို့
❀❀❀❀❀❀
အိုဘယ့် လိပ်ပြာ ပန်းမာလာ၏
သင်းဖြာဝတ်ရည် ချိုမြကြည်ကို
သင်သည်သောက်သုံး သင်စားသုံး၍
ရှောင်ပုန်းမည်လော ပုန်းမည်လော။
ပုန်းလေလော့ ပုန်းလေလော့။
အိုဘယ့်,လိပ်ပြာ ပန်းမာလာ၏
ပွင့်လွှာပန်းခက် အလှပျက်အောင်
သင်ဖျက်ဆီးကာ ဝေးကမ္ဘာသို့
ရှောင်ခွာမည်လော ရှောင်မည်လော။
ရှောင်လေလော့ ရှောင်လေလော့။
အိုဘယ့်,လိပ်ပြာ ပန်းမာလာ၏
ပွင့်လွှာတင့်ဆန်း လွင့်ကြွေနွမ်းအောင်
အနမ်းအတွေ့ အဆိပ်ငွေ့နှင့်
ထွေးပွေ့မည်လော ပွေ့မည်လော။
ပွေ့လေလော့ ပွေ့လေလော့။
အို...လိပ်ပြာငယ် လှမျိုးကြွယ်၍
ဝင့်ထည်စေသော ပန်းရုံတောကို
သဘောစိတ်ကြိုက် စိတ်ရိုင်းမိုက်နှင့်
သိမ်းပိုက်မည်လော သိမ်းမည်လော။
သိမ်းလေလော့ သိမ်းလေလော့။
သဘာဝနှင့် အလှဆင့်၍
တင့်တယ်ပန်းရုံ အလှစုံကို
ဘယ်ပုံဘယ်နည်း သင်ဖျက်ဆီး၍
ပျက်ဆီးမည်လော ပျက်မည်လော။
ပျက်မည်လော့ ပျက်မည်လော့။
အိုဘယ့်,လိပ်ပြာ အဆိပ်ပါသော
မာယာနှုတ်ခမ်း သင့်အနမ်းကြောင့်
ကြွေနွမ်းစေမည့် ပန်းမရှိကို
သင်သိမည်လော သိမည်လော။
သိမည်လော့ သိမည်လော့။
အောင်ဆွေ
၁၇.၃.၂၀၁၈

Friday, March 9, 2018
စောင်းသံပျောက်သော တမိုးအောက်
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
စောင်းကိုငင်၍
သခင်သည်မှာ....အိပ်စက်ပါလော့။
သခင်လာလျှင်
မယ့်ဆံပင်ကို
မြေတွင်ပြန့်ပြန့်..ခင်းပါမည်။
သခင့်ခြေကို
မျက်ရည်နှင့်ဆေး မယ်မယ်ထွေးလို့
နွေးစေပါမည်....သခင်။
သခင့်အတွက်
ရေတခွက်ကို ရွှေလက်နှင့်ကိုင်
ညလုံးထိုင်၍....စောင့်ပါမည်။
မီးအိမ်ထွန်းကာ
စောင်းသံသာကို ပိုးဝါကြိုးဆင်
မြမြလွင်အောင် သခင်တီးခတ်
စောင်းကြိုးပြတ်လျှင် မငြိုငြင်ပါ
တပင်ပြန်ဆက် သခင့်လက်ကို
နမ်းလျက်ဖြေသိမ့်....ပေးပါမည်။
အို...တညတာလုံး မောင့်လက်ရုံးမှာ
မှီအုံးအိပ်စက် နိုးတဝက်ဖြင့်
သခင့်စောင်းသံ ခြူးခြူးညံကို
နာခံတော်သွင်း တမိုးလင်းမှ
ရင်တွင်းလှုပ်ရှားမိပါသတည်း။
ညကသခင် အိုစောင်းရှင်ရယ်....
အသျှင်ဘယ်ရောက် စောင်းသံပျောက်၍
သောက်ရေခွက်ခမ်း ကိုယ်လည်းနွမ်းလျက်
မီးခွက်လည်းငြိမ်း ခန်းဆီးယိမ်းကာ
ရှောင်တိမ်းဘယ်ဆီ သွားလေပြီနည်း။
နေနီဝန်းစက် ရှေ့မှထွက်ခဲ့
တရက်လာနိုး ငံ့လည်ကျိုးဖြင့်
မိုးချုပ်တိုင်ထိ လွမ်းတမိမှာ
နွမ်းယိကြွေသဲ.....လှပ်လှပ်တည်း။
စောင်းကိုငင်၍
သခင်ဘယ်မှာ....ပျောက်ကွယ်ပါလိမ့်။ ။
ဒေါင်းနွယ်ဆွေ
____________________
ဒေါင်းနွယ်ဆွေ
**************
မီးပုံးပြာပြာ မောင်မလာ
***********************
စီကာရီကာ ဝရန်တာမှ
မီးပြာကြယ်အိမ် လေမငြိမ်သော်
စိုးရိမ်ခင့်လက် ဖယောင်းစက်ထိ
ပူလောင်ဘိလည်း ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ၊
ဟို … တစ်နှစ်က
ပျိုချစ်တဲ့မောင်
သန်းခေါင်ချိန်းချက် ညဥ့်နက်နက်မှာ
သူလာလေမလား စကားယုံကြည်
မတည်ကတိ ယွင်းလေဘိ၍
ထွန်းညှိမီးပုံး တစ်ညလုံးလျှင်
ခွေနုံးနွမ်းကာ ဝရန်တာတွင်
ရှိုက်ကာ ငိုခဲ့ရသရှင့် ၊
ဪ …
မနေ့တုန်းက ဖိတ်စာရခဲ့
သည်ညဆိုလျှင် တစ်နှစ်ပင်တည့်
စေ့စေ့ပြည့်၍ ချစ်သည့်မေ့မောင်
ဤသန်းခေါင်မှာ မင်္ဂလာည
လှပနှုတ်ခမ်း ငွေလခြမ်းတွင်
အနမ်းမုန်တိုင်း ဆင်ရော့မည် ၊
အို …
မီးပုံးပြာပြာ ယိမ်းနွဲ့ကာလျှင်
လေမှာမငြိမ် လင်းချည်မှိန်သော်
စိုးရိမ်ခင့်လက် ဖယောင်းစက်ထိ
ပူလောင်ဘိလည်း ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ။ ။
(ဒေါင်းနွယ်ဆွေ)
#######
________________
ဒေါင်းနွယ်ဆွေ
**************
မျဉ်းနှစ်ကြောင်း ဖီလာဝေး
*************************
တိမ်ကို တိမ်နှင့်
စေသဖြင့်လည်း
သခင့်စကား … မကြားရပြီ ၊
လေကို လေနှင့်
စေသဖြင့်လည်း
သဇင့်စကား … မကြားရပြီ ၊
တိမ်ကို လေနှင့်
စေသဖြင့်လည်း
တစ်ဆင့်စကား … မကြားရပြီ ၊
ဪ …
တိမ်ကတစ်လမ်း လေတစ်လမ်းတည့်
ကြမ်းတမ်းကောင်းကင် ကျောကုံးပြင်ဝယ်
ဖိတင်လေးလံ ရှိုက်သံမျှင်ချည်
ရိပ်ခြည်နွယ်ပြက် ကြားနိုးခက်ခဲ
တိမ်ယက်ဇာတန်း လေမျက်ကန်းဝယ်
စခန်းမတွေ့ လွမ်းသရွေ့ဖြင့်
ကျွမ်းကြွေလွင့်ပါး ခရီးလျားခဲ့
အသွားအပြန် စုန်ဆန်တက်ဆင်း
အလင်းလက်လက် မှောင်နက်နက်လျှင်
ကြင်ခက်ဖွေရာ မိုးလဟာဝယ်
လိပ်ပြာမောနွမ်း ရှာတိုင်းပန်းသည်
နှစ်လမ်းမျဉ်းကြောင်း ဖီလာဝေးဝေးတကား ။ ။
(ဒေါင်းနွယ်ဆွေ)
#######
_____________
နန်းထိုက်တော်သဇင်
သင်းသဇင်
မင်းဘုရင် စံဝင်ထိုက်လေတဲ့
နန်းကြိုက်တော်သုံး။
ပွတ်လုံး ရွှေပလ္လင်နှင့်
နွေသဘင် အချိန်နှောင်းလေမှ
ဆောင်းအဝင် နတ်တော်ဆန်းလေပေါ့
နန်းတမော့ ရုံးစုညီ
စာဆိုသီသည့် လင်္ကာကုံး။
နှလုံးမင်ရည်ဖျော်၍
သိင်္ဂီလှော်ရွှေကညစ်ရယ်နှင့်
လမ်းသစ်ကြို နန်းဗဟိုနာရီစောင်းသော်လည်း
အဟောင်းကို မေ့နိုင်စွမ်းပြီဘု
နွမ်းသယောင်
လွမ်းကလောင် မျက်ရည်ဆင်းရတယ်
နှင်းရည်ခ မင်းပြည်မ ရှေးအစဉ်အလာထုံး။ ။
ဒေါင်းနွယ်ဆွေ
(မိုးသောက်လင်္ကာ ပန်းကဗျာများ မှ)
_____________________________
ဒေါင်းနွယ်ဆွေ
**************
စာဆိုဟူသည်ကား
*****************
ကညစ်တစ်လက်
ပေတစ်ရွက်ဖြင့်
အသက် စတေးခဲ့ကြသည် ။
သမိုင်းပေးတာဝန်
မြတ်ကျေပွန်သည်
လူချွန် စာဆိုတော်ပေတကား ။
ကလောင်တစ်လက်
မင်တစ်စက်ဖြင့်
စာဖျက် ပေဖျက် အဆိပ်တက်၏ ။
သမိုင်းပေးတာဝန်
မကျေပွန်က
လူလွန်လူညံ့ သာတကား ။ ။
"ဒေါင်းနွယ်ဆွေ”
(၁၉၆၈ ခု ၊ စာဆိုတော်နေ့သို့)
#######
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
စောင်းကိုငင်၍
သခင်သည်မှာ....အိပ်စက်ပါလော့။
သခင်လာလျှင်
မယ့်ဆံပင်ကို
မြေတွင်ပြန့်ပြန့်..ခင်းပါမည်။
သခင့်ခြေကို
မျက်ရည်နှင့်ဆေး မယ်မယ်ထွေးလို့
နွေးစေပါမည်....သခင်။
သခင့်အတွက်
ရေတခွက်ကို ရွှေလက်နှင့်ကိုင်
ညလုံးထိုင်၍....စောင့်ပါမည်။
မီးအိမ်ထွန်းကာ
စောင်းသံသာကို ပိုးဝါကြိုးဆင်
မြမြလွင်အောင် သခင်တီးခတ်
စောင်းကြိုးပြတ်လျှင် မငြိုငြင်ပါ
တပင်ပြန်ဆက် သခင့်လက်ကို
နမ်းလျက်ဖြေသိမ့်....ပေးပါမည်။
အို...တညတာလုံး မောင့်လက်ရုံးမှာ
မှီအုံးအိပ်စက် နိုးတဝက်ဖြင့်
သခင့်စောင်းသံ ခြူးခြူးညံကို
နာခံတော်သွင်း တမိုးလင်းမှ
ရင်တွင်းလှုပ်ရှားမိပါသတည်း။
ညကသခင် အိုစောင်းရှင်ရယ်....
အသျှင်ဘယ်ရောက် စောင်းသံပျောက်၍
သောက်ရေခွက်ခမ်း ကိုယ်လည်းနွမ်းလျက်
မီးခွက်လည်းငြိမ်း ခန်းဆီးယိမ်းကာ
ရှောင်တိမ်းဘယ်ဆီ သွားလေပြီနည်း။
နေနီဝန်းစက် ရှေ့မှထွက်ခဲ့
တရက်လာနိုး ငံ့လည်ကျိုးဖြင့်
မိုးချုပ်တိုင်ထိ လွမ်းတမိမှာ
နွမ်းယိကြွေသဲ.....လှပ်လှပ်တည်း။
စောင်းကိုငင်၍
သခင်ဘယ်မှာ....ပျောက်ကွယ်ပါလိမ့်။ ။
ဒေါင်းနွယ်ဆွေ
____________________
ဒေါင်းနွယ်ဆွေ
**************
မီးပုံးပြာပြာ မောင်မလာ
***********************
စီကာရီကာ ဝရန်တာမှ
မီးပြာကြယ်အိမ် လေမငြိမ်သော်
စိုးရိမ်ခင့်လက် ဖယောင်းစက်ထိ
ပူလောင်ဘိလည်း ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ၊
ဟို … တစ်နှစ်က
ပျိုချစ်တဲ့မောင်
သန်းခေါင်ချိန်းချက် ညဥ့်နက်နက်မှာ
သူလာလေမလား စကားယုံကြည်
မတည်ကတိ ယွင်းလေဘိ၍
ထွန်းညှိမီးပုံး တစ်ညလုံးလျှင်
ခွေနုံးနွမ်းကာ ဝရန်တာတွင်
ရှိုက်ကာ ငိုခဲ့ရသရှင့် ၊
ဪ …
မနေ့တုန်းက ဖိတ်စာရခဲ့
သည်ညဆိုလျှင် တစ်နှစ်ပင်တည့်
စေ့စေ့ပြည့်၍ ချစ်သည့်မေ့မောင်
ဤသန်းခေါင်မှာ မင်္ဂလာည
လှပနှုတ်ခမ်း ငွေလခြမ်းတွင်
အနမ်းမုန်တိုင်း ဆင်ရော့မည် ၊
အို …
မီးပုံးပြာပြာ ယိမ်းနွဲ့ကာလျှင်
လေမှာမငြိမ် လင်းချည်မှိန်သော်
စိုးရိမ်ခင့်လက် ဖယောင်းစက်ထိ
ပူလောင်ဘိလည်း ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ။ ။
(ဒေါင်းနွယ်ဆွေ)
#######
________________
ဒေါင်းနွယ်ဆွေ
**************
မျဉ်းနှစ်ကြောင်း ဖီလာဝေး
*************************
တိမ်ကို တိမ်နှင့်
စေသဖြင့်လည်း
သခင့်စကား … မကြားရပြီ ၊
လေကို လေနှင့်
စေသဖြင့်လည်း
သဇင့်စကား … မကြားရပြီ ၊
တိမ်ကို လေနှင့်
စေသဖြင့်လည်း
တစ်ဆင့်စကား … မကြားရပြီ ၊
ဪ …
တိမ်ကတစ်လမ်း လေတစ်လမ်းတည့်
ကြမ်းတမ်းကောင်းကင် ကျောကုံးပြင်ဝယ်
ဖိတင်လေးလံ ရှိုက်သံမျှင်ချည်
ရိပ်ခြည်နွယ်ပြက် ကြားနိုးခက်ခဲ
တိမ်ယက်ဇာတန်း လေမျက်ကန်းဝယ်
စခန်းမတွေ့ လွမ်းသရွေ့ဖြင့်
ကျွမ်းကြွေလွင့်ပါး ခရီးလျားခဲ့
အသွားအပြန် စုန်ဆန်တက်ဆင်း
အလင်းလက်လက် မှောင်နက်နက်လျှင်
ကြင်ခက်ဖွေရာ မိုးလဟာဝယ်
လိပ်ပြာမောနွမ်း ရှာတိုင်းပန်းသည်
နှစ်လမ်းမျဉ်းကြောင်း ဖီလာဝေးဝေးတကား ။ ။
(ဒေါင်းနွယ်ဆွေ)
#######
_____________
နန်းထိုက်တော်သဇင်
သင်းသဇင်
မင်းဘုရင် စံဝင်ထိုက်လေတဲ့
နန်းကြိုက်တော်သုံး။
ပွတ်လုံး ရွှေပလ္လင်နှင့်
နွေသဘင် အချိန်နှောင်းလေမှ
ဆောင်းအဝင် နတ်တော်ဆန်းလေပေါ့
နန်းတမော့ ရုံးစုညီ
စာဆိုသီသည့် လင်္ကာကုံး။
နှလုံးမင်ရည်ဖျော်၍
သိင်္ဂီလှော်ရွှေကညစ်ရယ်နှင့်
လမ်းသစ်ကြို နန်းဗဟိုနာရီစောင်းသော်လည်း
အဟောင်းကို မေ့နိုင်စွမ်းပြီဘု
နွမ်းသယောင်
လွမ်းကလောင် မျက်ရည်ဆင်းရတယ်
နှင်းရည်ခ မင်းပြည်မ ရှေးအစဉ်အလာထုံး။ ။
ဒေါင်းနွယ်ဆွေ
(မိုးသောက်လင်္ကာ ပန်းကဗျာများ မှ)
_____________________________
ဒေါင်းနွယ်ဆွေ
**************
စာဆိုဟူသည်ကား
*****************
ကညစ်တစ်လက်
ပေတစ်ရွက်ဖြင့်
အသက် စတေးခဲ့ကြသည် ။
သမိုင်းပေးတာဝန်
မြတ်ကျေပွန်သည်
လူချွန် စာဆိုတော်ပေတကား ။
ကလောင်တစ်လက်
မင်တစ်စက်ဖြင့်
စာဖျက် ပေဖျက် အဆိပ်တက်၏ ။
သမိုင်းပေးတာဝန်
မကျေပွန်က
လူလွန်လူညံ့ သာတကား ။ ။
"ဒေါင်းနွယ်ဆွေ”
(၁၉၆၈ ခု ၊ စာဆိုတော်နေ့သို့)
#######
Subscribe to:
Posts (Atom)